၃၂ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်း ၊ MLBBပြိုင်ပွဲရဲ့ တတိယနေရာလုပွဲမှာတော့ ကျွန်တော်တိုရဲ့ မြန်မာအသင်းက အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရကာ ကြေးတံဆိပ်ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

Photo Credit: Falcon Esports

မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ ဖိလစ်ပိုင်အသင်းကို အမှားသေးသေးလေးတွေကြောင့် ရှုးနိမ့်ခဲ့ရပေမယ့် ဒီနေ့ပွဲမှာတော့ မြန်မာအသင်းက အမှားကင်းကင်းနဲ့ ကစားနိုင်ခဲ့တာကြောင့် နိုင်ပွဲကို အလွယ်တကူပဲ ရယူနိုင်ခဲ့တာပါ။

ဒါ့အပြင် မြန်မာအသင်းက ဒုတိယပွဲစဉ်မှာ အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို Hero Kill တကောင်တောင် မပေးရတဲ့ အထိ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါသေးတယ်။

Photo Credit: Falcon Esports

ရွှေတံဆိပ် ရသင့်တဲ့ လက်စွမ်းကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ကံမကောင်းစွာနဲ့ ရှုးနိမ့်ခဲ့လို မချိတင်ကဲ ဖြစ်မိပေမယ့် ကြေးတံဆိပ် ဆွတ်ခူးပေးခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ် Falcon Esports ရေ…။