ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးတိုက်စစ်ကစားသမား နေမာဟာ မကြာသေးခင်ကမှ သူရဲ့အသင်းဟောင်း ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ တဖြန်ပြန်လည်ထွက်ပေါ်လာခဲ့ပြီး လာမယ့်နွေမှာ အသင်းဟောင်းဆီကိုပဲ ပြောင်းရွှေ့တော့မယ့်လို့ သတင်းထွက်လာခဲ့ပေမယ့် နေမာကိုယ်တိုင်ကတော့ ပီအက်စ်ဂျီအသင်းမှာ ပျော်ရွှင်နေတယ်လို့ ဝန်ခံလိုက်တဲ့အပြင် သူရဲ့စာချုပ်သစ်ကိစ္စဟာလည်း မကြာခင်မှာ စတင်ဆောင်ရွှက်တော့မှာဖြစ်တယ်လို့ အသိပေးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ လွန်ခဲ့တဲ့ ၂၀၁ရခုနှစ်ကမှ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီနဲ့လည်း ၂၀၂၂ခုနှစ်အထိကို စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ နေမာဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းက တစ်နှစ်ခန့်လောက်သာ ကျန်ရှိနေတော့တာဖြစ်လို့ အသင်းဘက်ကနေ သူ့ကို သက်တမ်းတိုးနိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိနေရာ နေမာဘက်ကလည်း အသင်းနဲ့ သက်တမ်းတိုးဖို့ သိပ်မကြာတော့ဘူးလို့ အသိပေးပြောဆိုလာခဲ့ပါတယ်။

Photo Credit : Twitter

သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး နေမာက “ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စက စိတ်ပူပန်ရမယ့် အရာမဟုတ်ပါဘူ။ ကျွန်တော်ဒီမှာ အရမ်းကို သက်တောင့်သက်သာ ရှိနေရသလို ပဲရစ်မြို့ကိုလည်း ကိုယ်ရဲ့နေအိမ်လိုမျိုး ခံစားနေရပါပြီ။ အရင်တုန်းကထက် ကျွန်တော်ပိုပြီး ပျော်ရွှင်လာတယ်လို့ ခံစားလာရပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူကလည်း အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ နေမာ ဘာပေတို့ကို ဘာအကြောင်းကြောင့်နဲ့မှ အသင်းကနေ လမ်းခွဲသွားတာမျိုး မဖြစ်စေချင်တာကြောင့် စာချုပ်သစ်ချုပ်ဆိုနိုင်အောင် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ နေမာလိုပဲ နေမာရဲ့အသင်းဖော် ဘာပေဟာလည်း လာမယ့်၂၀၂၂ခုနှစ်မှာ သူရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး လတ်တလောမှာတော့ ဘာပေဟာ အသင်းနဲ့ သက်တမ်းတိုးမြှင့်ဖို့ထက် အသင်းပြောင်းဖို့ကိုသာ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ လက်ရှိမှာတော့ နေမာ ဘာပေတို့ရဲ့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တတ်လှမ်းထားခဲ့ပြီဖြစ်ပါတယ်။