စပါးအသင်းရဲ့အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရိကိန်းက လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား(၂)ဦးအဖြစ် ဒီနှစ်ရဲ့ ဘာလွန်းဒေါဆုရှင် လီယွန်နယ်မက်ဆီနဲ့ UEFA The Best ဆုရှင် ရောဘတ်လီဝန်ဒေါစကီးတို့ကို ရွေးချယ်သွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကိုတော့ ချန်လှပ်သွားခဲ့ပါတယ်။

Messi: France Football should give Lewandowski the 2020 Ballon d'Or | Marca

Photo Credit : Marca

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်တဲ့ မက်ဆီက ဒီရာသီ သူရဲ့အသင်းသစ် ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေရဲ့အကြောင်းကို ပြောဆိုတဲ့အခါမျိုးမှာ မက်ဆီက မပါမဖြစ် ပါဝင်နေရတဲ့ ကစားသမားမျိုး ဖြစ်နေရသလို ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန် ဂိုးသွင်းစက်ကြီး လီဝန်ဒေါစကီးဆိုရင်လည်း သူရဲ့သွင်းဂိုးများစွာနဲ့ နောက်ထပ် အကောင်းဆုံး နှစ်တစ်နှစ်ကို ထပ်မံစွမ်းဆောင်လျက် ရှိနေပါတယ်။ ဒီလို အခြေအနေတွေကြောင့်လည်း အင်္ဂလန် တိုက်စစ်မှူး ကိန်းက မက်ဆီနဲ့ လီဝန်ဒေါစကီးတို့ကို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား(၂)ဦးအဖြစ် ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။

Why Lionel Messi's 2021 Ballon d'Or win was a snub of Robert Lewandowski | Sporting News

Photo Credit : Sporting News

ဟာရီကိန်းက “ကျွန်တော် ဆိုလိုချင်တာက ကျွန်တော်တို့တွေ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေအကြောင်း ပြောဆိုနေကြတဲ့ အခါမျိုးမှာ မက်ဆီအကြောင်းက အမြဲတမ်း သေချာပေါက်ကို ပါနေတတ်တာပဲ။ လီဝန်ဒေါစကီးဆိုရင်လည်း သူ့အတွက် နောက်ထပ် ကောင်းမွန်တဲ့ နှစ်တစ်နှစ်ပါပဲ။ ကျွန်တော်ရဲ့ ရွေးချယ်မှုက သူတို့နှစ်ယောက်အတွင်းမှာပဲ။ နှစ်ယောက်လုံးက အံ့သြစရာကောင်းတဲ့ ကစားသမားတွေပါပဲ။ မက်ဆီအနေနဲ့ သူရဲ့နိုင်ငံအသင်းအတွက် ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့တာက သူနဲ့ သူ့နိုင်ငံအတွက် အံ့သြစရာကောင်းတဲ့ အခိုက်အတန့် ဖြစ်သွားခဲ့ရတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဆီဟာ သူရဲ့အသင်းသစ် ပီအက်စ်ဂျီအတွက် လီဂူး(၁၂)ပွဲအတွင်း သွင်းဂိုး(၁)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အသင်းအတွက် သွင်းဂိုး(၅)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ပိုလန် ဂိုးမုဆိုးကြီး လီဝန်ဒေါစကီးကတော့ ဘိုင်ယန်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ(၃၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာပါ ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားနေပြီး တစ်ဦးချင်း ဆုတွေအတွက်လည်း အခြေအနေကောင်းနေရပါတယ်။