အာဆင်နယ် တိုက်စစ်မှူး လာကာဇက်ကတော့ သူ့ရဲ့ အလုပ်က အာဆင်နယ် နည်းပြ ဖြစ်သူ နည်းပြ အာတီတာကို ခေါင်းကိုက်အောင် ပြုလုပ်ဖို့ ဖြစ်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် နည်းပြ အာတီတာဟာ မနေ့က စနေနေ့က ဝက်စ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး လာကာဇက်ကို ပွဲဦးထွက် မသုံးဘဲ အရန်ခုံမှာ ထိုင်စေခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး လာကာဇက်ဟာ ဒုတိယပိုင်း (၅၉) မိနစ်မှာ ဝင်ရောက် ကစားခဲ့ပြီး ပွဲကစားချိန် (၇၈) မိနစ်မှာ ဂိုးသွင်းယူခဲ့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

 

Photo Credit: Dailymail

နည်းပြ အာတီတာဟာ ပွဲဦးထွက် (၁၁) ဦးမှာ တိုက်စစ်မှူး လာကာဇက်ကို မသုံးဘဲ လူငယ်တိုက်စစ်မှူး အသက် (၂၀) အရွယ် ကီတီယာကို အသုံးပြုပြီး တိုက်စစ်ကို ပုံဖော်ခဲ့ပါတယ်။ နည်းပြ အာတီတာဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ ကီတီယာ နဲ့ လာကာဇက်မှာ ဘယ်သူကို အသုံးပြုရမလဲ ဆိုတာ ဝေခွဲရခက်ခဲခဲ့တယ်လို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူး လာကာဇက်ကတော့ နည်းပြ အာတီတာအနေနဲ့ ဘယ်တိုက်စစ်မှူးကို အသုံးပြုရမလဲ ဆိုတာ ခေါင်းကိုက်အောင် ပြုလုပ်ရတာက သူ့ရဲ့ အလုပ်ပါလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Dailymail

အာဆင်နယ် တိုက်စစ်မှူး လာကာဇက်က “အဲဒါက ကျွန်တော့်ရဲ့ အလုပ်ပါ။ အသင်း နည်းပြကို ခေါင်းကိုက်အောင် ပြုလုပ်ဖို့က ကျွန်တော့်ရဲ့ အလုပ်ပါပဲ။ ဘာကြောင့်လဲဆိုရင်တော့ နည်းပြက ပွဲဦးထွက် ကစားသမား (၁၁) ဦးကို အတူထားလိုက်တာကြောင့်ပါ။ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွင်ပါတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့တယ် ဆိုတော့ အရာအားလုံးက ကောင်းနေပါတယ်။ ကျွန်တော်တို့ ပွဲကောင်း ဖြစ်ချင်တယ် ဆိုရင် ကောင်းစွာ ကစားဖို့ လိုပါတယ်။ လူတိုင်းကတော့ အကောင်းဆုံး ပေးဆပ်ချင်ကြပါတယ်။ အကြမ်းအားဖြင့် ပြောရမယ် ဆိုရင် ကစားသမားတိုင်း ကောင်းစွာ ကစားတဲ့ အချိန်မှာ ကျွန်တော်တို့ ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုချိန်မှာ ရမှတ်တွေကို ရေတွက်ဖို့က စောလွန်းသေးတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောပါတယ်။