မာတင်နယ်လီကတော့ သူ့ရဲ့ အကြိုက်ဆုံး ကစားသမားက ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒို ဖြစ်တယ်လို့ ပြောခဲ့ပြီး ရော်နယ်ဒိုက သိပ် ကောင်းတဲ့ ပုံဥပမာကောင်းပါလို့လည်း ပြောသွားတာ ဖြစ်ပါတယ်။ မာတင်နယ်လီဟာ (၂၀၁၉) ခုနှစ် ဇူလိုင်လမှာ အာဆင်နယ် အသင်းကို ရောက်ရှိလာခဲ့ပြီး ယာယီ နည်းပြ ယွန်းဘတ်ရဲ့ လက်ထက်၊ (၂၀၁၉) ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့က နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ် ပွဲဦးထွက် ပွဲစဉ် ကစားခဲ့ပါတယ်။

Photo Credit: Goal

မာတင်နယ်လီဟာ လက်ရှိရာသီ (၂၀၁၉-၂၀) ခုနှစ်မှာ အာဆင်နယ်အသင်းအတွက် ပရီးမီယား လိဂ် ပွဲစဉ် (၁၄) ပွဲ ကစားပြီးတဲ့ အချိန်မှာ ဂိုးဖန်တီးမှု တစ်ကြိမ်မှ မပြုလုပ်နိုင်သေး ပေမဲ့လည်း သွင်းဂိုး (၃) ဂိုး သွင်းယူထားပါတယ်။ အာဆင်နယ်အသင်းကတော့ ဆောင်းရာသီ အားလပ်ရက် ပြီးသွားရင် နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး မာတင်နယ်လီက သူ့ရဲ့ အကြိုက်ဆုံး ကစားသမားမှာ ခရစ်စတီယာနို ရော်နယ်ဒို ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

မာတင်နယ်လီက “ကျွန်တော့်ရဲ့ အကြိုက်ဆုံး ကစားသမားက ခရစ်စတီယာနို ရော်နယ်ဒိုပါပဲ။ သူ့မှာ ရှိနေတဲ့ အင်အား၊ သူ အလုပ်လုပ်တဲ့ ပုံစံ နဲ့ အရာအားလုံးတွေကြောင့် ကျွန်တော် သူ့ကို အလွန် သဘောကျပါတယ်။ သူ ရရှိခဲ့တဲ့ တစ်ဦးချင်း နဲ့ အသင်းလိုက် အောင်မြင်မှုတွေကြောင့် သဘောကျတယ်။ သူက ကျေနပ်တတ်တဲ့ သူ မဟုတ်ဘဲ အမြဲတမ်း ပိုလိုချင်တဲ့ သူပါ။ ဒါတွေက ကျွန်တော် လိုချင်တဲ့ အရာတွေပါ။ သူက သိပ် ကောင်းတဲ့ ပုံဥပမာကောင်းပါ”လို့ ပြောခဲ့ပါတယ်။