ဒီနေ့ သောကြာညမှာတော့ နွေရာသီ ဘောလုံးသမား အပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးနေ့ Deadline Day လည်း ဖြစ်သလို ဘောလုံးပွဲကောင်းတွေ ရှိနေတဲ့ Super Friday Night လည်း ဖြစ်လို့နေပါတယ်။ ဒီပွဲတွေကတော့ သောကြ ည စနေနေ့ မနက် (၁)နာရီ (၁၅)မိနစ်မှာ ကစားမယ့် ရိုးမား နဲ့ အေစီမီလန်ပွဲ ၊ (၁၂)နာရီခွဲအချိန်မှာကျင်းပမယ့် အယ်လ် အစ်တီဟတ် နဲ့ အယ်လ် ဟီလာအသင်းတို့ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။

Photo Credit : Bet Central

ရိုးမား နဲ့ အေစီမီလန်ုတို့ပွဲစဉ် အပါအဝင် ဒီတစ်ပတ်ရဲ့ အီတလီ စီးရီးအေပွဲစဉ်တွေကတော့ တကယ့်ကို ပွဲကောင်းတွေချည်းပါပဲ။ အဲ့ဒီပွဲစဉ်တွေထဲကမှ အကောင်းဆုံးသော ပွဲတစ်ပွဲဖြစ်တဲ့ ရိုးမား နဲ့ မီလန်ပွဲက ဒီညမှာပဲ ကစားသွားပါမယ်။ လက်ရှိ အသင်းနှစ်သင်းရဲ့ အခြေအနေတွေကလည်း တခြားစီတွေ ဖြစ်နေရပြီး ရိုးမားက နိုင်ပွဲပျောက်နေပေမယ့် မီလန်ကလည်း ဆက်တိုက် ရလဒ်ကောင်းနေပါတယ်။ ပူလီဆစ်က စီးရီးအေမှာ ချက်ချင်း အထိုင်ကျနေပြီး ဂျရူးနဲ့လည်း အတွဲအဖက်မိနေပါတယ်။ ဒီပွဲမှာ အဓိက စောင့်ကြည့်သွားရမှာက ရိုးမား ကစားသမားသစ် လူကာကူပါ။ ရိုးမား ကစားသမားဘဝ ပွဲဦးထွက်မှာ ဘာလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ရိုးမားတို့ သူတို့ အိမ်ကွင်းမှာ မရှုံးအောင် ကစားနိုင်မယ်လို့ ထင်မိပါတယ်။

Photo Credit : Tribun

ဒီပွဲမကစားခင်မှာ ဆော်ဒီပရိုလိဂ်ရဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲလည်း ရှိနေပါသေးတယ်။ ဒါကတော့ ဆော်ဒီလိဂ်ရဲ့ လက်ရှိ ချန်ပီယံ အယ်လ် အစ်တီဟတ်အသင်း နဲ့ နွေဈေးကွက်ထဲ ကစားသမား ခေါ်ယူမှုများစွာ လုပ်ဆောင်ထားတဲ့ အယ်လ် ဟီလာအသင်းတို့ပွဲပါ။ လက်ရှိမှာတော့ အယ်လ် ဟီလာက သူတိုရဲ့ စူပါစတား ကစားသမားသစ် နေမာက ဒဏ်ရာကြောင့် ကစားနိုင်ဦးမှာ မဟုတ်သလို အယ်လ် အစ်တီဟတ်ရဲ့ အဓိက တိုက်စစ်မှူး ဘန်ဇီမာလည်း ကြွက်သားဒဏ်ရာကြောင့် အခုပွဲကို ဝင်ကစားဖို့ မသေချာပါဘူး။ ဒါပေမယ့်လည်း ဒီကစားသမားနှစ်ဦး မပါရင်တောင် တခြားသော နာမည်ကြီး ကစားသမားတွေ ပါဝင်မှာမို့ ကြည့်ကောင်းမှာ အသေအချုာပါပဲ။