MySport Myanmar

အန်တိုနီနဲ့ ယှဥ်ပြိုင်ကစားရတာ ခက်ခဲတယ်လို့ မူနော့ဇ် ပြောဆို

MANCHESTER, UNITED KINGDOM - SEPTEMBER 8: Antony of Manchester United during the UEFA Europa League match between Manchester United v Real Sociedad at the Old Trafford on September 8, 2022 in Manchester United Kingdom (Photo by David S. Bustamante/Soccrates/Getty Images)

မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆိုစီဒက်အသင်းတို့ရဲ့ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲမှာ ယူနိုက်တက်ရဲ့ ညာတောင်ပံကစားသမား အန်တိုနီကို ယှဥ်ပြိုင်ကစားရတာ ခက်ခဲမှု ရှိခဲ့တယ်လို့ ဆိုစီဒက် ဘယ်နောက်ခံလူ မူနော့ဇ်က ထုတ်ပြန် ပြောဆိုသွားခဲ့ပါတယ်။

နွေစျေးကွက်အတွင်း အိုင်းယတ်စ်ကနေ ယူနိုက်တက်အသင်းဆီ ယူရိုသန်းတစ်ရာနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဥ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့ရပြီး ပွဲဦးထွက်သွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲအပြီးမှာ အန်တိုနီက ဆိုစီဒက်နဲ့ပွဲကိုပါ ဆက်လက် ပါဝင်ခဲ့ရပြီး ဒီပွဲမှာတော့ အန်တိုနီက သူရဲ့ပွဲဦးထွက်ကလိုမျိုး အသင်းအတွက် တူညီတဲ့ အကျိုးသက်ရောက်မှုကို မရရှိနိုင်ခဲ့ပါဘူး။

အဆိုပါပွဲစဥ်မှာ အန်တိုနီက ဆိုစီဒက်အသင်းရဲ့ စပိန်ဘယ်နောက်ခံကစားသမား မူနော့ဇ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အန်တိုနီလို ကစားသမားမျိုးနဲ့ ယှဥ်ပြိုင်ကစားရတာက ခက်ခဲတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် အန်တိုနီက ဒီပွဲစဥ်အတွင်းမှာ တိကျတဲ့ ဖြတ်တင်မှုတွေ မလုပ်ဆောင်နိုင်ခဲ့သလို lost possession (၁၃)ကြိမ်အထိ ရှိခဲ့ရပြီး အလိမ်အခေါက် (၄)ကြိမ် ပြုလုပ်ရမှာလည်း (၂)ကြိမ်သာ အောင်မြင်ခဲ့ရပါတယ်။ ယူနိုက်တက်က ဒီပွဲစဥ်မှာ အန်တိုနီလို ဘရာဇီးလ် ကစားသမားသစ်ဖြစ်သူ ကက်စီမီရိုကိုပါ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပေမယ့် ခြေမပေါ်ခဲ့သလို lineup ထဲမှာ ပါဝင်လာတဲ့ စူပါစတား ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်ဒိုမှာလည်း ဂိုးရနိုင်လောက်မယ့် အခွင့်အရေးတစ်ကြိမ် လွဲချော်ခဲ့ပြီး ဂိုးကန်သွင်းမှု (၄)ကြိမ် ပြုလုပ်ခဲ့ရာမှာလည်း တစ်ကြိမ်မှ ဂိုးပေါက်မတည့်ခဲ့ပါဘူး။ ဒါ့အပြင် ကွင်းလယ်လူ ဖရက်ဒ်နဲ့ တောင်ပံကစားသမား အီဂန်ဂါတို့မှာလည်း ပုံမှန်ခြေစွမ်း ရရှိဖို့

Exit mobile version