ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို အသင်းရဲ့ တာဝန်ရှိသူ တဦးလည်း ဖြစ်တဲ့ ရူမင်နစ်ဂီ ကတော့ သူတို့အသင်းဟာ မဟာပြိုင်ဘက် ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါရဲ့ အင်အားကြီးအသင်း အဖြစ် အမြဲတမ်း ရပ်တည်နိုင်အောင် စဉ်ဆက်မပြတ် လူအင်အား ဖြည့်တင်းမှုတွေကို ပြုလုပ်လေ့ ရှိပြီး သူတို့ရဲ့ ပြိုင်ဘက် ဖြစ်တဲ့ ဒေါ့မွန်အသင်းနဲ့ အတူ တောက်ပလာတဲ့ ကြယ်ပွင့် ကစားသမားတွေကိုလည်း ခေါ်ယူဖို့ ကြိုးစားလေ့ ရှိတဲ့ အသင်းတသင်းပါ။

Photo Credit: Bild

ဒါကြောင့်လည်း ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဒေါ့မွန်အသင်း ကနေ ထွက်ခွာဖို့ သတင်းကြီးလာချိန် ဘိုင်ယန်မြူးနစ်အသင်း အနေနဲ့ ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး သုံးဦးထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း ယူရို ၇၀သန်း ဝန်းကျင်သာ ရှိတာကြောင့် ဥရောပရဲ့ ထိပ်သီးအသင်း အားလုံးနီးပါးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Bild

ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တာဝန်ရှိသူ တဦးဖြစ်သူ ရူမင်နစ်ဂီက သူတို့အသင်းဟာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ မဟုတ်ကြောင်းနဲ့ သူတို့ဟာ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ဖြစ်သူ လီဝမ်ဒေါစကီးကို ပိုင်ဆိုင်ထားကြောင်း ဂျာမန် နာမည်ကြီး အားကစား သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ရူမင်နစ်ဂီက – “ဘိုင်ယန်မြူးနစ်အသင်းက ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ မဟုတ်ပါဘူး။ ဒါက ဟာလန်းကို ခေါ်ချင်ရင် ပိုက်ဆံ အများကြီး ကုန်ကျမယ့် အခြေအနေ တခုထဲကြောင့် မဟုတ်ပဲ ကျွန်တော်တို့