သောမတ် မူလာကတော့ နာဘရီအနေနဲ့ အာဆင်နယ်အသင်းမှာ ကစားခဲ့စဉ်က သွင်းဂိုးတွေ သွင်းရင် ဘိုင်ယန်အသင်းကို ရောက်လာနိုင်မှာ မဟုတ်တာကြောင့် သွင်းဂိုးတွေ မသွင်းခဲ့တာကို ပျော်ရွင်တယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ တောင်ပံ ကစားသမား နာဘရီဟာ အာဆင်နယ်အသင်းမှာ (၃) ရာသီကြာ ကစားခဲ့စဉ်က ပွဲထွက်ခွင့် နည်းပါးပြီး ပြိုင်ပွဲစုံ သွင်းဂိုး (၁၃) ဂိုးသာ သွင်းယူနိုင်ခဲ့ပေမဲ့ ဘိုင်ယန်အသင်းကို ရောက်တဲ့ အခါ၊ (၂) ရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၃၀) ဂိုး သွင်းခဲ့ပါတယ်။

 

Photo Credit: Gettyimage

တောင်ပံ ကြယ်ပွင့် နာဘရီဟာ မနေ့ညမှာ အရင်က ကစားခဲ့ဖူးတဲ့ အင်္ဂလန်မြေကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့ပါတယ်။ နာဘရီဟာ လက်ရှိရာသီမှာ ဘိုင်နယ်မြူးနစ်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၂၁) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၀) ဂိုး နဲ့ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ထားတာကြောင့် တိုက်စစ်မှူး မူလာက နာဘရီအနေနဲ့ ဂန်းနားအသင်းမှာ ကစားခဲ့စဉ်က ခြေစွမ်းမပြနိုင်ခဲ့တာကို ပျော်ရွင်မိတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Gettyimage

SkySport မှာ မူလာက “နာဘရီက အခုမှ လန်ဒန်မှာ ဂိုးတွေ အများကြီး သွင်းလို့ ကျွန်တော် ပျော်ရွင်မိပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်က မဟုတ်လို့လည်း ပျော်ရွင်မိပါတယ်။ ဘာလို့လဲဆိုရင် သူက လွန်ခဲ့တဲ့ (၅) နှစ်မှာ ဂိုးတွေ သွင်းခဲ့ရင် ကျွန်တေ်ာတို့နဲ့ အတူ ရှိနိုင်မှာ မဟုတ်လို့ပါ”လို့ ပြောသွားခဲ့ပါတယ်။ နာဘရီ ကိုယ်တိုင်ကလည်း လန်ဒန်ကို ပြန်လာတဲ့ အချိန်မှာ သွင်းဂိုးတွေ သွင်းနိုင်တာကြောင့် ပျော်တယ်လို့လည်း ပြောခဲ့ပါတယ်။ နာဘရီက “ကျွန်တော် လန်ဒန်ကို ပြန်လာရတာ တကယ် ပျော်ပါတယ်။ ဒီမှာ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ အများကြီး ရှိကြပြီး အချု့က ပွဲကြည့်စင်မှာ ရှိနေကြပါတယ်။ သူတို့က အားဖြစ်စေပါတယ်။ သွင်းဂိုး (၃) ဂိုးဟာ ယုံကြည်မှု အများကြီး ပေးပြီး ဒုတိယအကျော့ အတွက် ပြင်ဆင်တော့မှာပါ”လို့ ပြောခဲ့ပါတယ်။