နွေဈေးကွက်တလျှောက်လုံး နယ်သာလန် ကွင်းလယ်လူ ဖရန်ကီဒီယောင်းကို ခေါ်ယူဖို့အတွက်နဲ့ပဲ အချိန်တွေ ကုန်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား လီယိုနာယိုပါရေဒက်စ်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်လာခဲ့တယ်လို့ ပြင်သစ်အခြေစိုက် L’Equipe သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

PSG midfielder Paredes dreaming of Real Madrid move | Goal.com

Photo Credit : Goal

အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကွင်းလယ်ခံစစ်ကစားသမား ပါရေဒက်စ်ဟာ ၂၀၁၉ခုနှစ်ကတည်းက ပီအက်စ်ဂျီအသင်းမှာ ပါဝင်ကစားနေသူ ဖြစ်ပေမယ့်လည်း ဒီနွေဈေးကွက်ထဲမှာ အသင်းက သူ့ကို ရောင်းထုတ်ချင်နေတယ်လို့ သတင်းထွက်နေခဲ့ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ပါရေဒက်စ်ကို ယူနိုက်တက်အသင်းဘက်က စုံစမ်းမှုတွေ ပြုလုပ်လာခဲ့ပေမယ ပါရေဒက်စ်အတွက် ပီအက်စ်ဂျီအသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို(၃၅)သန်းက အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် အဟန့်အတား ဖြစ်နေရတယ်လို့ ပြင်သစ်သတင်းမီဒီယာ L’Equipe ကနေ ဖော်ပြထားခဲ့ပါတယ်။

Leandro Paredes: 'Win the title back' | Paris Saint-Germain

Photo Credit : Paris Saint Germain

အသက်(၂၈)နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင် ကွင်းလယ်ကစားသမား ပါရေဒက်စ်ဟာ သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့်လည်း အသင်းဘက်က သူ့ကို သက်တမ်းတိုးဖွယ် မရှိပဲ ဒီနှစ်နွေဈေးကွက်အတွင်းမှာ အသင်းကနေ ရှင်းထုတ်ချင်နေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဟာ ယူရို(၁၇)သန်းဝန်းကျင်လောက်သာ တန်ကြေးရှိတဲ့ ပါရေဒက်စ်အတွက် ယူရို(၃၅)သန်းအထိ တန်ကြေးသတ်မှတ်ထားတာကြောင့် ဒီပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ကို ယူနိုက်တက်ဘက်က ဆန္ဒမရှိပဲ ဖြစ်နေရပါတယ်။ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဖန်တီးမှုပိုင်း အားကောင်းလှတဲ့ ခရစ္စတီယန်အဲရစ်ဆင်လို ကစားသမားမျိုး အားဖြည့်ထားခဲ့သလို Defensive Midfield နေရာအတွက်လည်း DM စစ်စစ်တစ်ဦးကို အလိုရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက နွေဈေးကွက်ထဲ အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေါလ်ပေါ့ဘာ ဟွမ်မာတာ ဂျက်ဆီလင်ဂတ် နီမန်ဂျာမာတစ်တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ပဲ လက်လွတ်ထားခဲ့ရတာဖြစ်လို့ ကွင်းလယ်ပိုင်းအတွက် အနည်းဆုံး ကစားသမားသစ် နှစ်ဦးခန့်လောက် ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေပြီး လက်ရှိအချိန်ထိတော့ ဒိန်းမတ်စူပါစတား အဲရစ်ဆင်ကိုသာ ခေါ်ယူထားနိုင်သေးကာ ဒီယောင်းကို ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။