မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ လက္ရွိေဘာလုံးရာသီဟာ အေကာင္းအဆိုးေတြ ေရာေထြးေနတဲ့ ရာသီတစ္ခုလို႔ဆိုရမွာျဖစ္ၿပီး ရလဒ္ပိုင္းေတြ မတည္မၿငိမ္ျဖစ္ေနတာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ႐ုန္းကန္ေနရပါတယ္။ ဒါေပမယ့္ ယူနိုက္တက္အသင္းရဲ့ ပရိသတ္ေတြ ေျဖသာတဲ့ အခ်က္ကေတာ့ အသင္းရဲ့ အကယ္ဒမီထြက္ ကစားသမားေတြျဖစ္တဲ့ ရက္ဖို႔ဒ္ ၊ ေတာ္မီေနး ၊ ဝီလီယံ ၊ ဂရင္းဝုဒ္စတဲ့ ကစားသမားေတြဟာ အသင္းရဲ့ အမာခံကစားသမားေတြ ျဖစ္လာခဲ့တဲ့ အခ်က္ပါပဲ။

Photo Credit: Metro.com

မေန႔ညက အမွတ္ေပးဇယားရဲ့ ေအာက္ဆုံး အဆင့္မွာရွိေနတဲ့ ေနာဝွစ္ခ်္အသင္းကို ေလးဂိုး ဂိုးမရွိဆိုတဲ့ရလဒ္နဲ႔ ဂိုးျပတ္နိုင္ပြဲတစ္ပြဲ ရယူခဲ့ၿပီးခ်ိန္မွာေတာ့ ယူနိုက္တက္အသင္းရဲ့ လူငယ္ တိုက္စစ္အတြဲျဖစ္တ​ဲ့ ရက္ဖို႔ဒ္ ၊ မာရွယ္နဲ႔ ဂရင္းဝုဒ္တို႔ရဲ့ တိုက္စစ္အတြဲဟာ ဥေရာပရဲ့ အေကာင္းဆုံး လူငယ္ သုံးဦးတြဲ တိုက္စစ္အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတယ္လို႔ သိရပါတယ္။

Photo Credit: Metro.com

ပ်မ္းမၽွအသက္ ၂၁ႏွစ္အရြယ္သာ ရွိေသးတဲ့ ရက္ဖို႔ဒ္ ၊ မာရွယ္နဲ႔ ဂရင္းဝုဒ္တို႔ရဲ့ MRG သုံးဦးတြဲတိုက္စစ္ဟာ လက္ရွိေဘာလုံးရာသီမွာ ၿပိဳင္ပြဲစုံ ယူနိုက္တက္အသင္းရဲ့ သြင္းဂိုး ၄၉ဂိုးနဲ႔ ပါဝင္ ပတ္သတ္မွုရွိခဲ့တယ္လို႔ အခ်က္အလက္အရ သိရပါတယ္။ ဒီရာသီမွာ ယူနိုက္တက္အသင္းရဲ့ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ ရက္ဖို႔ဒ္ဟာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲ၃၀ကစားေပးထားၿပီး သြင္းဂိုး ၁၉ဂိုးနဲ႔ ဂိုးဖန္တီးမွု ၅ႀကိမ္ ျပဳလုပ္ ထားနိုင္ခဲ့ပါတယ္။

Photo Credit: Metro.com

MRGတိုက္စစ္အတြဲမွာ အသက္အႀကီးဆုံး ကစားသမားျဖစ္တဲ့ အသက္၂၄ႏွစ္အရြယ္ ျပင္သစ္သား မာရွယ္ကေတာ့ ၿပိဳင္ပြဲစုံ ၂၂ပြဲအထိ ကစားေပးထားရာမွာ သြင္းဂိုး ၁၁ဂိုးနဲ႔ ဂိုးဖန္တီးမွု ၃ႀကိမ္ ျပဳလုပ္ေပးထားနိုင္ခဲ့ပါတယ္။ MRG တိုက္စစ္မွာ အသက္အငယ္ဆုံးျဖစ္တဲ့ ဂရင္းဝုဒ္ ဟာ လက္ရွိရာသီမွာ ယူနိုက္တက္အသင္းနဲ႔အတူ ပထမဦးဆုံးပြဲထြက္ကစားခြင့္ ရရွိထားတာ ျဖစ္ၿပီး သူဟာ ၿပိဳင္ပြဲစုံ ၂၆ပြဲအထိ ကစားေပးထားရာမွာ သြင္းဂိုး ၉ဂိုးနဲ႔ ဂိုးဖန္တီးမွု ၂ႀကိမ္ ျပဳလုပ္ေပးထားနိုင္ခဲ့ပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် လက်ရှိဘောလုံးရာသီဟာ အကောင်းအဆိုးတွေ ရောထွေးနေတဲ့ ရာသီတစ်ခုလို့ဆိုရမှာဖြစ်ပြီး ရလဒ်ပိုင်းတွေ မတည်မငြိမ်ဖြစ်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေ ဖြေသာတဲ့ အချက်ကတော့ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေဖြစ်တဲ့ ရက်ဖို့ဒ် ၊ တော်မီနေး ၊ ဝီလီယံ ၊ ဂရင်းဝုဒ်စတဲ့ ကစားသမားတွေဟာ အသင်းရဲ့ အမာခံကစားသမားတွေ ဖြစ်လာခဲ့တဲ့ အချက်ပါပဲ။

Photo Credit: Metro.com

မနေ့ညက အမှတ်ပေးဇယားရဲ့ အောက်ဆုံး အဆင့်မှာရှိနေတဲ့ နောဝှစ်ချ်အသင်းကို လေးဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ရယူခဲ့ပြီးချိန်မှာတော့ ယူနိုက်တက်အသင်းရဲ့ လူငယ် တိုက်စစ်အတွဲဖြစ်တ​ဲ့ ရက်ဖို့ဒ် ၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ တိုက်စစ်အတွဲဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ် သုံးဦးတွဲ တိုက်စစ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit: Metro.com

ပျမ်းမျှအသက် ၂၁နှစ်အရွယ်သာ ရှိသေးတဲ့ ရက်ဖို့ဒ် ၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ MRG သုံးဦးတွဲတိုက်စစ်ဟာ လက်ရှိဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ယူနိုက်တက်အသင်းရဲ့ သွင်းဂိုး ၄၉ဂိုးနဲ့ ပါဝင် ပတ်သတ်မှုရှိခဲ့တယ်လို့ အချက်အလက်အရ သိရပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ရက်ဖို့ဒ်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ၃၀ကစားပေးထားပြီး သွင်းဂိုး ၁၉ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပါတယ်။

Photo Credit: Metro.com

MRGတိုက်စစ်အတွဲမှာ အသက်အကြီးဆုံး ကစားသမားဖြစ်တဲ့ အသက်၂၄နှစ်အရွယ် ပြင်သစ်သား မာရှယ်ကတော့ ပြိုင်ပွဲစုံ ၂၂ပွဲအထိ ကစားပေးထားရာမှာ သွင်းဂိုး ၁၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ MRG တိုက်စစ်မှာ အသက်အငယ်ဆုံးဖြစ်တဲ့ ဂရင်းဝုဒ် ဟာ လက်ရှိရာသီမှာ ယူနိုက်တက်အသင်းနဲ့အတူ ပထမဦးဆုံးပွဲထွက်ကစားခွင့် ရရှိထားတာ ဖြစ်ပြီး သူဟာ ပြိုင်ပွဲစုံ ၂၆ပွဲအထိ ကစားပေးထားရာမှာ သွင်းဂိုး ၉ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။