ယခုတစ္ပတ္ တနဂၤေႏြည ၁၁နာရီအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္ ပရိသတ္ေတြအျပင္ ကမၻာေပၚက ေဘာလုံးပရိသတ္အေတာ္မ်ားမ်ား စိတ္ဝင္စားၾကတဲ့ ေဘာလုံးပြဲစဥ္တစ္ပြဲကို ယွဥ္ၿပိဳင္ကစားၾကမွာပါ။ အဲ့ဒီပြဲစဥ္ကေတာ့ အဂၤလန္မွာ အႀကိတ္အနယ္အရွိဆုံး ဒါဘီအျဖစ္ သတ္မွတ္ခံထားရတဲ့ အဂၤလန္ဒါဘီ လီဗာပူးလ္ နဲ႔ ယူနိုက္တက္အသင္းတို႔ရဲ့ ပြဲစဥ္ပဲ ျဖစ္ပါတယ္။

Photo Credit: Express.com

အဂၤလန္အမွတ္ေပးၿပိဳင္ပြဲရဲ့ အေအာင္ျမင္ဆုံး အသင္းႏွစ္သင္း ေတြ႕ဆုံၾကတဲ့ ပြဲစဥ္ျဖစ္သလို လက္ရွိေဘာလုံးရာသီမွာ လီဗာပူးလ္အသင္းရဲ့ နိုင္ပြဲဆက္မွုေတြကို ရပ္တန႔္ျပထားတဲ့ တစ္သင္းတည္းေသာ အသင္းဟာ ယူနိုက္တက္အသင္း ျဖစ္ေနတာေၾကာင့္ ယခုတစ္ေခါက္ ေတြ႕ဆုံမွုမွာေရာ ဘယ္အသင္းက အသာစီးရသြားမလဲဆိုတာက စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။

Photo Credit: Express.com

လက္ရွိမွာ လီဗာပူးလ္အသင္းဟာ ရွုံးပြဲမရွိ အေနအထားနဲ႔ အမွတ္ေပးဇယားကို အျပတ္အသတ္ဦးေဆာင္ထားေပမယ့္ လီဗာပူးလ္ရဲ့ သုံးဦးတြဲတိုက္စစ္ျဖစ္တဲ့ မာေနး ၊ ဆာလက္ ၊ ဖာမီနို တို႔ရဲ့ MSF တိုက္စစ္ဟာ ယူနိုက္တက္အသင္းရဲ့ သုံးဦးတြဲတိုက္စစ္ျဖစ္တဲ့ မာရွယ္ ၊ ရက္ဖို႔ဒ္ ၊ ဂရင္းဝုဒ္တို႔ရဲ့ MRG တိုက္စစ္အတြဲထက္ ယခု ရာသီမွာ သြင္းဂိုးပိုနည္းေနတာကို မွတ္တမ္း တစ္ခုအရ သိရွိရပါတယ္။

Photo Credit: Express.com

လီဗာပူးလ္ရဲ့ နာမည္ေက်ာ္ MSF တိုက္စစ္ ဟာ လက္ရွိေဘာလုံးရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ သြင္းဂိုး ၃၆ဂိုးအထိ သြင္းယူေပးထားခဲ့ၿပီး ယူနိုက္တက္အသင္းရဲ့ MRGတိုက္စစ္က အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၉ဂိုးအထိ သြင္းယူေပးထားနိုင္ခဲ့ပါတယ္။ ယခု အန္ဖီးလ္ေျမမွာ က်င္းပမယ့္ တိုက္ပြဲမွာေတာ့ ဘယ္တိုက္စစ္ အတြဲက ေအာင္ပြဲခံသြားမလဲဆိုတာ တနဂၤေႏြည ၁၁နာရီအခ်ိန္မွာ ေစာင့္ၾကည့္သြားရမွာပါ။

ယခုတစ်ပတ် တနင်္ဂနွေည ၁၁နာရီအချိန်မှာတော့ ပရီးမီးယားလိဂ် ပရိသတ်တွေအပြင် ကမ္ဘာပေါ်က ဘောလုံးပရိသတ်အတော်များများ စိတ်ဝင်စားကြတဲ့ ဘောလုံးပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ကစားကြမှာပါ။ အဲ့ဒီပွဲစဉ်ကတော့ အင်္ဂလန်မှာ အကြိတ်အနယ်အရှိဆုံး ဒါဘီအဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန်ဒါဘီ လီဗာပူးလ် နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

Photo Credit: Express.com

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းနှစ်သင်း တွေ့ဆုံကြတဲ့ ပွဲစဉ်ဖြစ်သလို လက်ရှိဘောလုံးရာသီမှာ လီဗာပူးလ်အသင်းရဲ့ နိုင်ပွဲဆက်မှုတွေကို ရပ်တန့်ပြထားတဲ့ တစ်သင်းတည်းသော အသင်းဟာ ယူနိုက်တက်အသင်း ဖြစ်နေတာကြောင့် ယခုတစ်ခေါက် တွေ့ဆုံမှုမှာရော ဘယ်အသင်းက အသာစီးရသွားမလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Photo Credit: Express.com

လက်ရှိမှာ လီဗာပူးလ်အသင်းဟာ ရှုံးပွဲမရှိ အနေအထားနဲ့ အမှတ်ပေးဇယားကို အပြတ်အသတ်ဦးဆောင်ထားပေမယ့် လီဗာပူးလ်ရဲ့ သုံးဦးတွဲတိုက်စစ်ဖြစ်တဲ့ မာနေး ၊ ဆာလက် ၊ ဖာမီနို တို့ရဲ့ MSF တိုက်စစ်ဟာ ယူနိုက်တက်အသင်းရဲ့ သုံးဦးတွဲတိုက်စစ်ဖြစ်တဲ့ မာရှယ် ၊ ရက်ဖို့ဒ် ၊ ဂရင်းဝုဒ်တို့ရဲ့ MRG တိုက်စစ်အတွဲထက် ယခု ရာသီမှာ သွင်းဂိုးပိုနည်းနေတာကို မှတ်တမ်း တစ်ခုအရ သိရှိရပါတယ်။

Photo Credit: Express.com

လီဗာပူးလ်ရဲ့ နာမည်ကျော် MSF တိုက်စစ် ဟာ လက်ရှိဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၃၆ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ MRGတိုက်စစ်က အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ယခု အန်ဖီးလ်မြေမှာ ကျင်းပမယ့် တိုက်ပွဲမှာတော့ ဘယ်တိုက်စစ် အတွဲက အောင်ပွဲခံသွားမလဲဆိုတာ တနင်္ဂနွေည ၁၁နာရီအချိန်မှာ စောင့်ကြည့်သွားရမှာပါ။