ဝက်စ်ဟမ်းအသင်းကနေ အဓိက ကစားသမား အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ထွက်ခွာသွားချိန်မှာ အသင်းက ကျဆင်းသွားခြင်း မရှိပဲ ပိုမို တိုးတက်လာခဲ့တယ်လို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မိုရက်စ်က ယုံကြည်စွာ ပြောဆိုလာခဲ့ပါတယ်။

ဝက်စ်ဟမ်းက ပြီးခဲ့တဲ့နွေ အပြောင်းအရွှေ့ဈေးကွက်မှာပဲ ဒက်ကလန်ရိုက်စ်ကို အာဆင်နယ်အသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၁၀၅)သန်းနဲ့ ရောင်းချခဲ့ပေမယ့် သူု့ကို ရောင်းချပြီး ရရှိလာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဝက်ဒ်ပရောက် အယ်လ်ဗာရက်ဇ် နဲ့ ကူဒက်စ်တို့ကို ပြန်လည် ဖြည့်တင်းရင်း အသင်းက ပိုလို့တောင် ကောင်းမွန်လာခဲ့ရပါတယ်။

Photo Credit : Arsenal

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဝက်စ်ဟမ်းနည်းပြ မိုရက်စ်က “အဲဗာတန်ကို ကိုင်တွယ်နေတုန်းက ဝိန်း ရူနီကို လက်လွတ်လိုက်ရချိန်မှာ ငါ ဘယ်လိုလုပ်ရမလဲဆိုဖူး ကျွန်တော် စဉ်းစားမိခဲ့ဖူးပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ အသင်းလိုက် ကစားနိုင်မယ့် ကစားသမားသစ်တွေကိုလည်း ထပ်မံ ဝယ်ယူဖို့ ကြိုးစားရပါလိမ့်မယ်။”

“ဒါ့အပြင် အသင်းမှာ ရှိပြီးသား ကစားသမားတွေကလည်း ပိုမိုပြီး တိုးတက်မှု ရှိလာသင့်ပါသေးတယ်။ အဲ့ဒီတုန်းက ဖြစ်ခဲ့တဲ့ ခံစားချက်က အခုလည်း ထပ်ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့နှစ်တွေကလည်း ဒီအသင်းရဲ့ မရှိမဖြစ် ကစားသမားလို့ သတ်မှတ်ထားတဲ့ ပါရက်ကို ဆုံးရှုံးခဲ့သေးတာပဲ။ ဒါပေမယ့် ဒါက ဘောလုံးမှာ ဖြစ်တက်တာတွေမို့ ကလပ်အနေနဲ့ ရှေ့ဆက်သွားရဦးမှာပါ။”

Photo Credit : Sky Sports

“ဒီလို ဆုံးရှုံးလိုက်ရတဲ့ ကစားသမားတွေအကြောင်းကို မေ့ထားပြီး ရှိတဲ့ ကစားသမားတွေနဲ့ လိုက်ဖက်မယ့် ကစားဟန်ကို ရှာဖွေရပါမယ်။ ကျွန်တော်တို့မှာ ဖာဘီယန်စကီး ခရက်စ်ဝဲလ် အော့ဘွန်နာ နဲ့ ဝက်ဒ်ပရောက်တို့လို့ ကစားသမားတွေနဲ့ တောင့်တင်းတဲ့ အုပ်စုတစ်ခု ရှိသလို အန်တိုနီယိုလို စီနီယာ ကစားသမားတွေလည်း ပိုင်ဆိုင်ထားတယ်။”

“ဒါကြောင့် ဒီကစားသမားတွေက မက်နိုဘယ် ဒီကလန်ရိုက်စ်တို့လို ကစားသမားတွေ မရှိတော့တဲ့အချိန်မှာ အသင်းအတွက် အကောင်းဆုံး ကူညီပေးနေပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မိုရက်စ်ရဲ့ ဝက်စ်ဟမ်းက (၄)ပွဲကစားပြီးချိန် အဖွင့်ပွဲတစ်ပွဲသာ သရေကျထားပြီး (၃)ပွဲဆက်တိုက် အနိုင်ရထားသလို ဒီတစ်ပတ်မှာလည်း မန်စီးတီးနဲ့ ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။