မနေညက ကစားသွားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၈)ရဲ့တစ်ပွဲတည်းသော ပွဲကျန်ပွဲဲစဉ်အတွင်းမှာ လီဗာပူးလ်အသင်းက ဆာလာ ချိန်ဘာလိန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလမိဂ်အသင်းအားလုံးကို အနိုင်ရယူခဲ့သော အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပြီး လက်ရှိစွမ်းဆောင်ရည်တွေကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ဒုတိယမြောက်ရှံးပွဲမရှိ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာဖို့အတွက် အခြေအနေကောင်းလျက်ရှိလို့နေပါတယ်။

Photo Credit : Getty Images

ပွဲအပြီး သတင်းထောက်တွေနဲဲ့ တွေ့ဆုံခဲ့စဉ်အတွင်းမှာ ဝက်စ်ဟမ်းအသင်းရဲ့နည်းပြဖြစ်သူ ဒေးဗစ်မိုရက်စ်က လီဗာပူးလ်အသင်းဟာ လက်ရှိမှာ အရမ်းကောင်းနေတဲ့ အသင်းတစ်သင်းဆိုပေမယ့်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် အကောင်းဆုံးအသင်း အခမ်းနားဆုံးအသင်းတော့ မဟုတ်သေးကြောင်း တုန့်ပြန်ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မိုရက်စ်က “လက်ရှိမှာတော့ သူတို့တွေက အကောင်းဆုံးအသင်းတစ်သင်းပါပဲ။ ဒါပေမယ့် ကျွန်တော်လို မန်ချက်စတာယူနိုက်တက် အဲဗာတန်အသင်းတွေမှာ ကိုင်တွယ်ခဲ့ဖူးတဲ့ သူတစ်ယောက်ဆီကနေ ဒီစကားမျိုးတွေ ထုတ်ပြောရတာတော့ ခက်ခဲပါတယ်”

Photo Credit : Getty Images

“ဒါပေမယ့် လီဗာပူးလ်မှာက တကယ့်ကို အကောင်းစား ကစားသမားတွေကို ပိုင်ဆိုင်ထားတာပါ။ သူတို့ကို ဘယ်လိုပဲ ရပ်တန့်ဖို့ တားဆီးနေပေမယ့်လည်း ကစားသမားကြားက ကြိုးစားအားထုတ်မှု အချင်းချင်း နားလည်မှုတွေကြောင့် တားဆီးရခက်နေပါတယ်။ အဲ့လိုတားဆီးချင်တဲ့ အသင်းတိုင်းကိုလည်း သူတို့ကပဲ ပြန်လည်တားဆီးခဲ့တယ်။ ဒါပေမယ့် ဒီအသင်းကို ဘယ်အသင်း ဘယ်နည်းပြကမဆို အနိုင်ယူနိုင်ဖို့အတွက် ကြိုးစားကြဦးမှာပဲ။ ဒါပေမယ့် ဒီအသင်းကို ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တွင်လောက်အောင် အကောင်းဆုံးဖြစ်နေတဲ့အသင်းလို့ သုံးနှိုင်းမယ်ဆိုရင်တော့ လုံးဝမှားပါတယ်။ ပြီးခဲ့တဲ့ အတိတ်ကာလတုန်းက ယူနိုက်တက်တို့ အာဆင်နယ်အသင်းတို့ရဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည်တွေးတောကြည့်သင့်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းကလည်း မန်စီးတီးလို အသင်းမျိုးကို ရပ်တန့်မရနိုင်တဲဲ့အသင်းအဖြစ် အားလုံးထင်မြင်ခဲ့သေးတယ်လေ။ နောက်တော့လည်း မန်စီးတီး ရှံးပွဲတွေတွေ့ရတာပဲလေ။ ဒါကြောင့် ကျန်တဲ့အသင်းတွေ အကုန်လုံးကလည်း လီဗာပူးလ်ကို အနိုင်ရအောင် ကြိုးစားကြမှာ သေချာပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

လီဗာပူးလ္က ပရီးမီးယားလိဂ္ သမုိင္းတေလွ်ာက္ အေကာင္းဆုံးအသင္းမဟုတ္လုိ႔ မုိရက္စ္ေျပာဆုိ

မေနညက ကစားသြားခဲ့တဲ႔ ဝက္စ္ဟမ္းအသင္းနဲ႔ လီဗာပူးလ္အသင္းတုိ႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္(၁၈)ရဲ႕တစ္ပြဲတည္းေသာ ပြဲက်န္ပြဲဲစဥ္အတြင္းမွာ လီဗာပူးလ္အသင္းက ဆာလာ ခ်ိန္ဘာလိန္တုိ႔ရဲ႕ သြင္းဂုိးေတြနဲ႔အတူ ၂ဂုိးဂုိးမရွိနဲ႔ အႏုိင္ရသြားခဲ႔ပါတယ္။ ဒီႏုိင္ပြဲေၾကာင့္ လီဗာပူးလ္အသင္းဟာ ဒီရာသီမွာ ပရီးမီးယားလမိဂ္အသင္းအားလုံးကုိ အႏုိင္ရယူခဲ႔ေသာ အသင္းအျဖစ္ မွတ္တမ္းဝင္သြားခဲ႔ရၿပီး လက္ရွိစြမ္းေဆာင္ရည္ေတြေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ဒုတိယေျမာက္ရွံးပြဲမရွိ ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္လာဖုိ႔အတြက္ အေျခအေနေကာင္းလ်က္ရွိလုိ႔ေနပါတယ္။

Photo Credit : Getty Images

ပြဲအၿပီး သတင္းေထာက္ေတြနဲဲ႔ ေတြ႕ဆုံခဲ႔စဥ္အတြင္းမွာ ဝက္စ္ဟမ္းအသင္းရဲ႕နည္းျပျဖစ္သူ ေဒးဗစ္မုိရက္စ္က လီဗာပူးလ္အသင္းဟာ လက္ရွိမွာ အရမ္းေကာင္းေနတဲ႔ အသင္းတစ္သင္းဆုိေပမယ့္လည္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲ သမုိင္းတေလွ်ာက္ အေကာင္းဆုံးအသင္း အခမ္းနားဆုံးအသင္းေတာ့ မဟုတ္ေသးေၾကာင္း တုန္႔ျပန္ရွင္းလင္းေျပာဆိုသြားခဲ႔ပါတယ္။ မုိရက္စ္က “လက္ရွိမွာေတာ့ သူတုိ႔ေတြက အေကာင္းဆုံးအသင္းတစ္သင္းပါပဲ။ ဒါေပမယ့္ ကြ်န္ေတာ္လုိ မန္ခ်က္စတာယူႏုိက္တက္ အဲဗာတန္အသင္းေတြမွာ ကုိင္တြယ္ခဲ႔ဖူးတဲ႔ သူတစ္ေယာက္ဆီကေန ဒီစကားမ်ိဳးေတြ ထုတ္ေျပာရတာေတာ့ ခက္ခဲပါတယ္”

Photo Credit : Getty Images

“ဒါေပမယ့္ လီဗာပူးလ္မွာက တကယ့္ကုိ အေကာင္းစား ကစားသမားေတြကုိ ပုိင္ဆုိင္ထားတာပါ။ သူတုိ႔ကုိ ဘယ္လုိပဲ ရပ္တန္႔ဖုိ႔ တားဆီးေနေပမယ့္လည္း ကစားသမားၾကားက ႀကိဳးစားအားထုတ္မႈ အခ်င္းခ်င္း နားလည္မႈေတြေၾကာင့္ တားဆီးရခက္ေနပါတယ္။ အဲ႔လုိတားဆီးခ်င္တဲ႔ အသင္းတုိင္းကုိလည္း သူတုိ႔ကပဲ ျပန္လည္တားဆီးခဲ႔တယ္။ ဒါေပမယ့္ ဒီအသင္းကုိ ဘယ္အသင္း ဘယ္နည္းျပကမဆုိ အႏုိင္ယူႏုိင္ဖုိ႔အတြက္ ႀကိဳးစားၾကဦးမွာပဲ။ ဒါေပမယ့္ ဒီအသင္းကုိ ပရီးမီးယားလိဂ္ရဲ႕ ဂႏၱဝင္တြင္ေလာက္ေအာင္ အေကာင္းဆုံးျဖစ္ေနတဲ႔အသင္းလုိ႔ သုံးႏႈိင္းမယ္ဆုိရင္ေတာ့ လုံးဝမွားပါတယ္။ ၿပီးခဲ႔တဲ႔ အတိတ္ကာလတုန္းက ယူႏုိက္တက္တုိ႔ အာဆင္နယ္အသင္းတုိ႔ရဲ႕ စြမ္းေဆာင္ရည္ေတြကုိ ျပန္လည္ေတြးေတာၾကည့္သင့္ပါတယ္။ လြန္ခဲ့တဲ႔ ၂ႏွစ္တုန္းကလည္း မန္စီးတီးလုိ အသင္းမ်ိဳးကုိ ရပ္တန္႔မရႏုိင္တဲဲ႔အသင္းအျဖစ္ အားလုံးထင္ျမင္ခဲ႔ေသးတယ္ေလ။ ေနာက္ေတာ့လည္း မန္စီးတီး ရွံးပြဲေတြေတြ႕ရတာပဲေလ။ ဒါေၾကာင့္ က်န္တဲ႔အသင္းေတြ အကုန္လုံးကလည္း လီဗာပူးလ္ကုိ အႏုိင္ရေအာင္ ႀကိဳးစားၾကမွာ ေသခ်ာပါတယ္” လုိ႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ပါတယ္။