ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ဖို့အတွက် အခြေအနေအရမ်းကောင်းလျက်ရှိနေတဲ့ လီဗာပူးလ်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)မှာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ပြီး ၃ဂိုး၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဟာ နိုင်ပွဲတစ်ပွဲကို အလွယ်တကူ ရယူနိုင်ခဲ့တာမဟုတ်ပဲ ဝက်စ်ဟမ်းအသင်းရဲ့ဦးဆောင်မှုကိုပါ ခံခဲ့ရတဲဲ့အပြင် မထင်မှတ်လောက်အောင် ခြေစွမ်းပြနိုင်ခဲ့တဲဲ့ ဝက်စ်ဟမ်းရဲဲ့ တန်းဆင်းဇုန်ရုန်းအားတွေကြောင့် လီဗာပူးလ်တို့ ရမှတ်၃မှတ်အပြည့်ရဖို့ကို ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : Getty Images

လီဗာပူးလ်အသင်းဟာ ပွဲအစ၉မိနစ်မှာ သွင်းယူခဲ့တဲ့ ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ရဲ့ဂိုးနဲ့ စတင်ဦးဆောင်ခဲ့ပေမယ့် ၃မိနစ်အကြာမှာပဲ ဒီအော့က ချေပဂိုးပြန်လည်သွင်းယူခဲ့သလို ဒုတိယပိုင်းအစမှာလည်း ဖော်နယ်စ်က ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးပါ ထပ်မံသွင်းယူခဲ့ပါတယ်။ မထင်မှတ်ပဲ ဦးဆောင်ခွင့်ပေးလိုက်ရချိန်မှာတော့ လီဗာပူးလ်အသင်းက တိုက်စစ်ပိုင်းကို ပိုမိုတိုးမြှင့်ကစားခဲ့ရင်း ဆာလာ မာနေးတို့ရဲ့သွင်းဂိုးတွေနဲ့ နိုင်ပွဲရသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲရလဒ်နဲ့ပတ်သက်ပြီး ဝက်စ်ဟမ်းနည်းပြမိုရက်စ်ကတော့ မကျေမနပ်ဖြစ်နေရကာ လီဗာပူးလ်အနေနဲ့ ကံကောင်းပြီးနိုင်ပွဲရသွားခဲ့တာလို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဒေးဗစ်မိုရက်စ်က “ကျွန်တော်တို့တွေ ၂ဂိုး၁ဂိုးနဲ့ အနိုင်ရနေတဲဲ့အချိန်မှာ ဖိအားတွေအောက် ရောက်နေရတယ်လို့ ကျွန်တော်မထင်မိပါဘူး။ ကျွန်တော်တို့တွေ တကယ့်ကို အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေရောက်ပြီးမှ တစ်ဦးချင်းအမှားတွေကနေ ရလဒ်ဆိုးသွားခဲ့တယ်လို့ ပြောရတာကတော့ အတော်လေးကို စိတ်ပျက်စရာကောင်းပါတယ်။ လီဗာပူးလ်မှာက တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ ကစားသမားကောင်းတွေရှိနေသလို ဒီကစားသမားတွေကလည်း ဒီရာသီမှာ ပုံစံကောင်းရအောင် ကစားနိုင်ခဲ့ပါတယ်။ သူတို့တွေက နေရာစုံကနေ ပုံစံပေါင်းစုံနဲ့ သွင်းဂိုးတွေကို ရယူတတ်ပါတယ်။ တစ်ခါတစ်လေတော့ သင်ဖြစ်ချင်တဲ့အတိုင်းကို ဖြစ်ပေါ်နေတတ်တဲ့ အသင်းဆီမှာ ရှိနေပြီဆိုရင် အရာရာက အဆင်ပြေနေတတ်တယ်။ လီဗာပူးလ်တို့ ဒီညမှာ နိုင်ပွဲရယူနိုင်ခဲ့တာ ကံကောင်းမှုလည်း ပါပါတယ်” လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။