အီတလီ စီးရီးအေ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အေစီမီလန်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ် ကတော့ မီလန်ဒါဘီပွဲစဉ်မှာ အင်တာမီလန်အသင်းကို သူ့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ အပြီးမှာတော့ သူ့ရဲ့ အသင်းဖော်ဟောင်းလည်းဖြစ် ၊ အင်တာမီလန်အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ လူကာကူကို သူ့ရဲ အင်စတာဂရမ်အကောင့် ကနေ စနောက် သွားခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ အသက် ၃၉နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ အေစီမီလန် အသင်းရဲ့အဓိက တိုက်စစ်မှူးအဖြစ် ရှိနေသူ ဖြစ်ပြီး အေစီမီလန်အသင်းက အင်တာမီလန် အသင်းကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ မိုဗစ်ဟာ အသင်းရဲ့ အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သူပါ။

Photo Credit: Football Italia

လူကာကူဟာ ဆိုရင်လည်း အင်တာမီလန်အသင်းရဲ့ ချေပဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပေမယ့် မိုဗစ်ကတော့ ပွဲအပြီးမှာ သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်တဲ့ လူကာကူကို မခံချိ မခံသာ ဖြစ်အောင် စနောက် သွားခဲ့ပါတယ်။ မိုဗစ်ဟာ အမြဲတမ်းလိုလို လေလုံးထွားတတ်တဲ့ ကစားသမား တစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ စကားတိုင်းဟာ ပရိသတ်တွေ အတွက် ပွဲကျစရာ ၊ စိတ်ဝင်စားစရာတွေ ဖြစ်နေတတ်ပြီး ဒီတစ်ခါမှာတော့ မိုဗစ်က သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေ တဆင့် “မီလန််မြို့မှာ ဘယ်တုန်းကမှ ဘုရင်ဆိုတာ မရှိဖူးဘူး။ သူတို့မှာ ရှိတာက နတ်ဘုရားတစ်ပါးပဲ” လို့ ရေးတင်ကာ လူကာကူကို စနောက် သွားခဲ့တာပါ။

Photo Credit: Football Italia

မိုဗစ််ရဲ့ စကားဟာ ရုတ်တရတ် ဆိုရင် အဆက်အစပ် မရှိပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကစားခဲ့တဲ့ မီလန်ဒါဘီပွဲ အပြီးမှာ လူကာကူ တင်ခဲ့တဲ့ စာသားနဲ့ တွဲဖတ်ကြည့်ရင်တော့ အဆက်အစပ် ရှိနေခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ကစားခဲ့တဲ့ မီလန််ဒါဘီပွဲစဉ်မှာ အင်တာမီလန်အသင်းက အေစီမီလန်အသင်းကို ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ် ပြီးဆုံးတဲ့ အချိန်မှာ လူကာကူဟာ သူ့ရဲ့ တွစ်တာအကောင့်မှာ “မီလန်မြို့မှာ ဘုရင်အသစ်တစ်ပါး ပေါ်လာပြီ” ဆိုပြီး ရေးတင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ မိုဗစ်ဟာ လူကာကူရဲ့ စကားကို ပြန််လည် ချေပခဲ့တာလည်း ဖြစ်ပါတယ်။ လူကာကူနဲ့ မိုဗစ်တို့ရဲ့ ပြိုင်ဆိုင်မှုဟာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပြီး ဘောလုံးပရိသတ်တွေ ကတော့ မိုဗစ်ရဲ့ စကားကို ပိုမို သဘောကျနေကြပါတယ်။