အသက္၃၈ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ဝါရင့္ တိုက္စစ္မွူးႀကီး အီဘရာဟီမိုဗစ္ကေတာ့ ယမန္ေန႔ညမွာ အသင္းေဟာင္း ေအစီမီလန္ အသင္းအတြက္ စီးရီးေအၿပိဳင္ပြဲမွာ ျပန္လည္ ကစားေပးရင္း ၂၀၂၀-၂၀၂၉ ဆယ္စုႏွစ္မွာ သြင္းဂိုးတစ္ဂိုး ရယူနိုင္ခဲ့ျပန္ပါၿပီ။

Photo Credit: Daily Mail.com

ကက္ဂလီယာရီအသင္းကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ ကစားခဲ့ရတဲ့ ပြဲစဥ္မွာ အီဘရာဟီမိုဗစ္ဟာ အသင္းသစ္နဲ႔အတူ ပထမဦးဆုံး ပြဲထြက္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး ေျခစြမ္းၿပ ကစားသြားနိုင္ခဲ့ၿပီး သြင္းဂိုးတစ္ဂိုး သြင္းယူေပးခဲ့ပါတယ္။ အဆိုပါသြင္းဂိုးေၾကာင့္ မိုဗစ္ဟာ မတူညီတဲ့ ဆယ္စုႏွစ္ေလးခုမွာ သြင္းဂိုးေတြ သြင္းယူနိုင္တဲ့ ကစားသမားအျဖစ္ မွတ္တမ္း ဝင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Photo Credit: Daily Mail.com

မိုဗစ္ဟာ သူ႔ရဲ့ ကစားသမားဘဝ ပထမဦးဆုံး သြင္းဂိုးကို ၁၉၉၉ခုႏွစ္မွာ မယ္လ္မိုအသင္းနဲ႔အတူ သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး အဆိုပါသြင္းဂိုးဟာ ၁၉၉၀-၁၉၉၉ ဆယ္စုႏွစ္အတြင္းမွာ သြင္းယူခဲ့တာလည္း ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာ ေနာက္ထပ္ ဆယ္စုႏွစ္တစ္ခုျဖစ္တဲ့ ၂၀၀၀- ၂၀၀၉ ဆယ္စုႏွစ္အတြက္ ပထမဦးဆုံး သြင္းဂိုးကိုလည္း မိုဗစ္ဟာ မယ္လ္မိုအသင္းနဲ႔အတူပဲ ရယူနိုင္ခဲ့တာပါ။

Photo Credit: Daily Mail.com

၂၀၁၀-၂၀၁၉ ဆယ္စုႏွစ္အတြက္ ပထမဦးဆုံး သြင္းဂိုးကိုေတာ့ မိုဗစ္ဟာ ဘာစီလိုနာနဲ႔အတူ ရယူနိုင္ခဲ့တာျဖစ္ၿပီး ယခု ဆယ္စုႏွစ္မွာေတာ့ ေအစီမီလန္အသင္းနဲ႔အတူ သြင္းဂိုး ရယူ နိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ မိုဗစ္ ျဖတ္ေက်ာ္ခဲ့တဲ့ ေဘာလုံးရာသီဟာ စုစုေပါင္း ေဘာလုံးရာသီ ၂၀ရွိေနၿပီျဖစ္ၿပီး မိုဗစ္ဟာ သူ႔ရဲ့ကစားသမား ဘဝမွာ စုစုေပါင္း အသင္း၉သင္းမွာ ကစားခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

အသက်၃၈နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ကတော့ ယမန်နေ့ညမှာ အသင်းဟောင်း အေစီမီလန် အသင်းအတွက် စီးရီးအေပြိုင်ပွဲမှာ ပြန်လည် ကစားပေးရင်း ၂၀၂၀-၂၀၂၉ ဆယ်စုနှစ်မှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပြန်ပါပြီ။

Photo Credit: Daily Mail.com

ကက်ဂလီယာရီအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အီဘရာဟီမိုဗစ်ဟာ အသင်းသစ်နဲ့အတူ ပထမဦးဆုံး ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဆိုပါသွင်းဂိုးကြောင့် မိုဗစ်ဟာ မတူညီတဲ့ ဆယ်စုနှစ်လေးခုမှာ သွင်းဂိုးတွေ သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo Credit: Daily Mail.com

မိုဗစ်ဟာ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးကို ၁၉၉၉ခုနှစ်မှာ မယ်လ်မိုအသင်းနဲ့အတူ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးဟာ ၁၉၉၀-၁၉၉၉ ဆယ်စုနှစ်အတွင်းမှာ သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ နောက်ထပ် ဆယ်စုနှစ်တစ်ခုဖြစ်တဲ့ ၂၀၀၀- ၂၀၀၉ ဆယ်စုနှစ်အတွက် ပထမဦးဆုံး သွင်းဂိုးကိုလည်း မိုဗစ်ဟာ မယ်လ်မိုအသင်းနဲ့အတူပဲ ရယူနိုင်ခဲ့တာပါ။

Photo Credit: Daily Mail.com

၂၀၁၀-၂၀၁၉ ဆယ်စုနှစ်အတွက် ပထမဦးဆုံး သွင်းဂိုးကိုတော့ မိုဗစ်ဟာ ဘာစီလိုနာနဲ့အတူ ရယူနိုင်ခဲ့တာဖြစ်ပြီး ယခု ဆယ်စုနှစ်မှာတော့ အေစီမီလန်အသင်းနဲ့အတူ သွင်းဂိုး ရယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မိုဗစ် ဖြတ်ကျော်ခဲ့တဲ့ ဘောလုံးရာသီဟာ စုစုပေါင်း ဘောလုံးရာသီ ၂၀ရှိနေပြီဖြစ်ပြီး မိုဗစ်ဟာ သူ့ရဲ့ကစားသမား ဘဝမှာ စုစုပေါင်း အသင်း၉သင်းမှာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။