အယ္လ္ေအဂလက္စီအသင္းကေန ထြက္ခြာလာၿပီးေနာက္ပိုင္းမွာ ဥေရာပထိပ္သီးအသင္းေတြရဲ့ ကမ္းလွမ္းမွုကို ရရွိခဲ့ေပမယ့္ အသင္းေဟာင္း ေအစီမီလန္အသင္းထံကို ျပန္လည္ ေျပာင္းေရႊ႕ကစားခဲ့တဲ့ အသက္၃၈ႏွစ္အရြယ္ ဆြီဒင္သားႀကီး အီဘရာဟီမိုဗစ္ကေတာ့ အသင္းသစ္နဲ႔အတူ ပထမဦးဆုံး ကစားခြင့္ရရွိခဲ့တဲ့ ပြဲမွာပဲ သြင္းဂိုးတစ္ဂိုး သြင္းယူနိုင္ခဲ့တယ္လို႔ သိရွိရပါတယ္။

Photo Credit: Daily Mail.com

အီဘရာမိုဗစ္ဟာ ေအစီမီလန္အသင္းနဲ႔အတူ ေလ့က်င့္ခန္း တစ္ႀကိမ္သာ ဆင္းထားရပေပမယ့္ ေအစီမီလန္အသင္းနဲ႔ ရိုဒန္စီအသင္းတို႔ ကစားတဲ့ ေျခစြမ္းပြဲမွာ ပြဲထြက္ကစားခြင့္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ အဆိုပါပြဲစဥ္မွာေတာ့ ေအစီမီလန္အသင္းဟာ ရိုဒန္စီအသင္းကို ကိုးဂိုး ဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။

Photo Credit: Daily Mail.com

အဆိုပါပြဲစဥ္မွာ ေအစီမီလန္အသင္းဟာ အသင္းရဲ့ အဓိက ကစားသမားေတြျဖစ္တဲ့ ကယ္ဟာနိုဂလူး ၊ ပီယာတက္ခ္စတဲ့ ကစားသမားေတြကိုလည္း အသုံးျပဳခဲ့ၿပီး မိုဗစ္ကိုေတာ့ ပြဲအစကတည္းက ထည့္သြင္း ကစားေစခဲ့တာပါ။ မိုဗစ္ဟာ အဆိုပါပြဲစဥ္မွာေတာ့ ကြင္းလယ္လူ ကလာဘီယာရဲ့ ျဖတ္တင္ေဘာကေန ေအစီမီလန္အသင္းအတြက္ တတိယေျမာက္ သြင္းဂိုးကို သြင္းယူေပးနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

အယ်လ်အေဂလက်စီအသင်းကနေ ထွက်ခွာလာပြီးနောက်ပိုင်းမှာ ဥရောပထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် အသင်းဟောင်း အေစီမီလန်အသင်းထံကို ပြန်လည် ပြောင်းရွှေ့ကစားခဲ့တဲ့ အသက်၃၈နှစ်အရွယ် ဆွီဒင်သားကြီး အီဘရာဟီမိုဗစ်ကတော့ အသင်းသစ်နဲ့အတူ ပထမဦးဆုံး ကစားခွင့်ရရှိခဲ့တဲ့ ပွဲမှာပဲ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: Daily Mail.com

အီဘရာမိုဗစ်ဟာ အေစီမီလန်အသင်းနဲ့အတူ လေ့ကျင့်ခန်း တစ်ကြိမ်သာ ဆင်းထားရပပေမယ့် အေစီမီလန်အသင်းနဲ့ ရိုဒန်စီအသင်းတို့ ကစားတဲ့ ခြေစွမ်းပွဲမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ အေစီမီလန်အသင်းဟာ ရိုဒန်စီအသင်းကို ကိုးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit: Daily Mail.com

အဆိုပါပွဲစဉ်မှာ အေစီမီလန်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကယ်ဟာနိုဂလူး ၊ ပီယာတက်ခ်စတဲ့ ကစားသမားတွေကိုလည်း အသုံးပြုခဲ့ပြီး မိုဗစ်ကိုတော့ ပွဲအစကတည်းက ထည့်သွင်း ကစားစေခဲ့တာပါ။ မိုဗစ်ဟာ အဆိုပါပွဲစဉ်မှာတော့ ကွင်းလယ်လူ ကလာဘီယာရဲ့ ဖြတ်တင်ဘောကနေ အေစီမီလန်အသင်းအတွက် တတိယမြောက် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။