စပါး ဂုိးသမား လုိရစ္ကေတာ့ တံေဆာင္ဆစ္ ဒဏ္ရာေၾကာင့္ စပါး နည္းျပသစ္ ေမာ္ရင္ဟုိရဲ႕ လက္ေအာက္မွာ (၁) ပဲြမွ မကစားရေသးေပမဲ့ သူက နည္းျပ ေမာ္ရင္ဟုိရဲ႕ အဓိက ပစ္မွတ္ဟာ ဆုဖလား ျဖစ္တယ္လုိ႔ ေျပာပါတယ္။ စပါး ဂုိးသမား လုိရစ္ဟာ ဘရုိက္တန္အသင္းနဲ႔ ကစားခဲ့တဲ့ ပဲြစဥ္မွာ တံေဆာင္ဆစ္ အဆစ္ လဲြသြားခဲ့တာေၾကာင့္ အနားယူခဲ့ရၿပီး ယေန႔ည (၁၂း၀၀) အခ်ိန္မွာ ကစားမယ့္ လီဗာပူးလ္အသင္းနဲ႔ ပဲြစဥ္ကုိလည္း လဲြေခ်ာ္ႏုိင္ေသးတာပဲ ျဖစ္ပါတယ္။

Photo Credit: Goal

စပါးအသင္းဟာ ၿပီးခဲ့တဲ့ ႏွစ္က နည္းျပ ပုိခ်က္တီႏုိရဲ႕ လက္ေအာက္မွာ ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြ ေရာက္ရွိခဲ့ၿပီး ဆုဖလား ရရွိဖုိ႔ နီးစပ္ခဲ့ေပမဲ့ လီဗာပူးလ္အသင္းကို ရႈံးခဲ့တာေၾကာင့္ ဆုဖလားနဲ႔ လဲြေခ်ာ္သြားခဲ့ပါတယ္။ စပါးအသင္းဟာ အက္ဖ္ေအ ဖလားကုိလည္း (၁၉၉၁) ခုႏွစ္ ေနာက္ပိုင္း လုံးဝ မရခဲ့ေတာ့တာ ျဖစ္ၿပီး ဒဏ္ရာက သက္သာစ ျပဳလာတဲ့ ဂုိးသမား လုိရစ္ကေတာ့ စပါး နည္းျပသစ္ ေမာ္ရင္ဟုိအေနနဲ႔ ဆုဖလား ရယူေပးႏုိင္တယ္လုိ႔ အခုိင္အမာ ယုံၾကည္ေနပါတယ္။

Photo Credit: Goal

ဂုိးသမား လုိရစ္က “ေမာ္ရင္ရင္ဟုိမွာ အထူး ပစ္မွတ္ရွိပါတယ္။ အဲဒါကေတာ့ ကြ်န္ေတာ္တုိ႔မွာ ကင္းမဲ့ေနတဲ့ ဆုဖလားကုိ ရယူႏုိင္ဖုိ႔ပါပဲ။ ကြ်န္ေတာ္တုိ႔ ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ ကစားခဲ့တဲ့ အတုိင္းပဲ ဆက္ကစားသြားမွာပါ။ အေကာင္းဆုံး အသင္းေတြကုိ မွီလုနီးပါး ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ႀကိဳးစားမႈ အတြက္ ဆုလာဒ္ မရရွိခဲ့ၾကပါဘူး။ ကြ်န္ေတာ္ (၁၇) ႏွစ္အရြယ္ ကတည္းက ကစားသမားေတြရဲ႕ လြမ္းမုိးမႈက အေရးႀကီးဆုံး အရာ ျဖစ္မယ္လုိ႔ အျမဲတမ္း ေတြးေနခဲ့ပါတယ္”လုိ႔ ေျပာသြားပါတယ္။

{Unicode}

စပါး ဂိုးသမား လိုရစ်ကတော့ တံဆောင်ဆစ် ဒဏ်ရာကြောင့် စပါး နည်းပြသစ် မော်ရင်ဟိုရဲ့ လက်အောက်မှာ (၁) ပွဲမှ မကစားရသေးပေမဲ့ သူက နည်းပြ မော်ရင်ဟိုရဲ့ အဓိက ပစ်မှတ်ဟာ ဆုဖလား ဖြစ်တယ်လို့ ပြောပါတယ်။ စပါး ဂိုးသမား လိုရစ်ဟာ ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ တံဆောင်ဆစ် အဆစ် လွဲသွားခဲ့တာကြောင့် အနားယူခဲ့ရပြီး ယနေ့ည (၁၂း၀၀) အချိန်မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကိုလည်း လွဲချော်နိုင်သေးတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

စပါးအသင်းဟာ ပြီးခဲ့တဲ့ နှစ်က နည်းပြ ပိုချက်တီနိုရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိခဲ့ပြီး ဆုဖလား ရရှိဖို့ နီးစပ်ခဲ့ပေမဲ့ လီဗာပူးလ်အသင်းကို ရှုံးခဲ့တာကြောင့် ဆုဖလားနဲ့ လွဲချော်သွားခဲ့ပါတယ်။ စပါးအသင်းဟာ အက်ဖ်အေ ဖလားကိုလည်း (၁၉၉၁) ခုနှစ် နောက်ပိုင်း လုံးဝ မရခဲ့တော့တာ ဖြစ်ပြီး ဒဏ်ရာက သက်သာစ ပြုလာတဲ့ ဂိုးသမား လိုရစ်ကတော့ စပါး နည်းပြသစ် မော်ရင်ဟိုအနေနဲ့ ဆုဖလား ရယူပေးနိုင်တယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။

Photo Credit: Goal

ဂိုးသမား လိုရစ်က “မော်ရင်ရင်ဟိုမှာ အထူး ပစ်မှတ်ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့မှာ ကင်းမဲ့နေတဲ့ ဆုဖလားကို ရယူနိုင်ဖို့ပါပဲ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်တွေမှာ ကစားခဲ့တဲ့ အတိုင်းပဲ ဆက်ကစားသွားမှာပါ။ အကောင်းဆုံး အသင်းတွေကို မှီလုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးစားမှု အတွက် ဆုလာဒ် မရရှိခဲ့ကြပါဘူး။ ကျွန်တော် (၁၇) နှစ်အရွယ် ကတည်းက ကစားသမားတွေရဲ့ လွမ်းမိုးမှုက အရေးကြီးဆုံး အရာ ဖြစ်မယ်လို့ အမြဲတမ်း တွေးနေခဲ့ပါတယ်”လို့ ပြောသွားပါတယ်။