မနေ့ညက ကျင်းပသွားခဲ့တဲ့ စပါးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း လာမယ်လာနေရာမှာ လူစားဝင်ကစားခဲ့ရတဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ သူဝင်ရောက်ကစားချိန်အတွင်းမှာပဲ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ဘယ်နောက်ခံကစားသမား ရယ်ဂီလွန်ရဲ့ဖြတ်တင်ပေးပို့မှုကနေတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ကာ အသင်းအတွက် (၃)မှတ်အပြည့် ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၃၁)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမားဘေးလ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ရီးရဲလ်ကနေ အသင်းဟောင်းစပါးဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မနေ့ညက ဘရိုက်တန်နဲ့ပွဲမှာပဲ စပါးအသင်းအတွက် ပထမဆုံးသွင်းဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးသွင်းဂိုးကို စတင်ရယူနိုင်ခဲ့တဲ့ ဘေးလ်နဲ့ပတ်သက်ပြီး နည်းပြမော်ရင်ဟိုက “တစ်ပတ်တာအတွင်း ဒါမှမဟုတ် လက်ရှိအချိန်မှာ သူရဲ့ခြေစွမ်းပိုင်းတွေ တိုးတတ်လာခဲ့ပါတယ်။ ဒါက သူကစားနေတာကိုပဲ ကြည့်ရှုရင်းနဲ့ သိခဲ့တာမျိုး မဟုတ်ပါဘူး”

Photo Credit : Metro

“ဒေတာတွေကနေလည်း ကောင်းကောင်းသိခဲ့ရပါသေးတယ်။ နောက်ပြီး အခုပွဲမှာ ရရှိခဲ့တဲ့ သွင်းဂိုးကလည်း သူ့အတွက် ထိုက်တန်ပါတယ်။ ကျွန်တော်အနေနဲ့ ပွဲအတွင်း နောက်ထပ်(၅)မိနစ်လောက်သာ အချိန်ရခဲ့မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ Website ထဲကိုဝင်ပြီး ဘေးလ်နဲ့ပတ်သက်လို့ သူတို့ဘာတွေပြောထားမလဲဆိုတာကို ဝင်ကြည့်မိမှာပါ။ ဒီပွဲမှာ ဘေးလ်က အသင်းဖော်တွေနဲ့ ချိတ်ဆက်မှုကောင်းတွေ ပြသနိုင်ခဲ့သလို ဒါကလည်း အသင်းအတွက် အကျိုးသက်ရောက်မှုကောင်း ဖြစ်စေခဲ့တယ်။ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့တယ်။ ဘေးလ်ဟာ သူပါဝင်လာခဲ့ပြီးနောက်မှာ ဟယ်ရီကိန်းနဲ့ တွဲဖက်ပြီး လက်ကျန်(၁၅)မိနစ်အတွင်း အတွေ့အကြုံရှိရှိနဲ့ အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။ ဒီကစားသမားတွေက အရမ်းကို ထူးချွန်ထက်မြက်လွန်းကြပါတယ်။ ဘေးလ်အနေနဲ့ သူ့ကို ကျွန်တော်တို့အသင်းဘက်ကနေ ဂရုစိုက်တယ်ဆိုတာကို သူသိမှာဖြစ်သလို သူကိုယ်တိုင် အသင်းကို ဂရုစိုက်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ သူက အသင်းအတွက် အလွန်အ့ံဝင်လွန်းတဲ့သူလို့ ထင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဘေးလ်ဟာ လက်ရှိအချိန်ထိ သူရဲ့ကြံခိုင်ရေးအပိုင်း သိပ်မပြည့်ဝသေးတဲ့အတွက် အသင်းနဲ့ ပွဲချိန်ပြည့်ပါဝင်ကစားရခြင်း မရှိသေးပဲ လူစားဝင်ကစားသမားအဖြစ်နဲ့ ကစားနေရသလို ယူရိုပါလိဂ်မှာလည်း ပွဲထွက်ကစားခဲ့ရပေမယ့် မိနစ်(၉၀)အပြည့် ပါဝင်ရခြင်း မရှိသေးပါဘူး။