ရိုးမားနည်းပြကြီး ဂျိုဆေးမော်ရင်ဟိုက ဒီနွေဈေးကွက်အတွင်းမှာ သူ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ဖရက် နဲ့ လူငယ် တိုက်စစ်ကစားသမားလေး မေဆန်ဂရင်းဝုဒ်တို့ကို ခေါ်ယူသွားချင်နေပါတယ်။

Man Utd fans slam FIFA 22's 'criminal' player ratings after Fred is ranked  higher than Mason Greenwood | The Sun

Photo Credit : The Sun

နည်းပြကြီး မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့စဉ်ကတည်းက ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဖရက်ကို ရှက်တာဒိုးနက်အသင်းကနေ ခေါ်ယူခဲ့သလို ဂရင်းဝုဒ်ကိုလည်း ယူနိုက်တက်ရဲ့ pre season tour မှာပါ ထည့်သွင်း ရွေးချယ်ခဲ့ဖူးပါသေးတယ်။ လက်ရှိ သူရဲ့ ရိုးမားအသင်းမှာလည်း ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ ခရစ်စမောလင်း နဲ့ နီမန်ဂျာမာတစ်တို့ ပါဝင် ကစားနေလျက်ရှိပြီး အခုလည်း ဖရက် နဲ့ ဂရင်းဝုဒ်တို့ကိုပါ ဆက်လက် အလိုရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Greenwood latest, Man Utd's McFred headache, Newcastle eye Spurs star -  FootballTransfers' update | FootballTransfers.com

Photo Credit : Football Transfer

လက်ရှိမှာ ဖရက်က ယူနိုက်တက်အသင်း ရောင်းထုတ်ဖို့ ရှိနေတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေသူဖြစ်ပြီး စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့တဲ့ အသက် (၃၀)အရွယ် ကစားသမားအတွက် ယူနိုက်တက်က ပေါင် (၂၅)သန်းလောက်အထိ အလိုရှိနေပါတယ်။ လက်ရှိမှာတော့ ဘရာဇီးလ် ကွင်းလယ်လူ ဖရက်ဒ်ကို မာကိုဆေးလ်ဗားရဲ့ ဖူလ်ဟမ်အသင်းနဲ့ မော်ရင်ဟိုရဲ့ ရိုးမားအသင်းတို့က အပြိုင် စိတ်ဝင်စားနေကြပါတယ်။

Man Utd key talking points: Mason Greenwood stakes his claim, Fred a  positive, but United still lack depth | London Evening Standard | Evening  Standard

Photo Credit : Evening Standard

အတူနေချစ်သူကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရရင်း ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယူနိုက်တက် လူငယ် ကစားသမားလေး ဂရင်းဝုဒ်က လက်ရှိအချိန်ထိ အသင်းနဲ့ ပူးပေါင်းရခြင်း မရှိသေးပဲ အနာဂတ် ဝေဝါးနေရပါတယ်။ ဒါပေမယ့် နည်းပြ တန်ဟက်ဂ်ကတော့ ဂရင်းဝုဒ်ကို အသင်းကနေ အပြီးသတ် ရောင်းထုတ်ဖို့ ဆန္ဒမရှိသေးပဲ အသင်း တစ်သင်းသင်းကိုသာ အငှားချလိုတာကြောင့် သူ့ကို ရိုးမားက တစ်ရာသီ အငှားနဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။