မန်ချက်စတာယူနိုက်တက်အသင်းကနေ စီးရီးအေကလပ် ရိုးမားအသင်းထံကို အငှားနဲ့ သွားရောက်ကစားကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ စမောလင်းကို ခေါ်ယူဖို့အတွက် နည်းပြဟောင်း မော်ရင်ဟို နည်းပြနေတဲ့ စပါးအသင်းက စိတ်ဝင်စားလာခဲ့တယ်လို့ အီတလီသတင်းစာတွေရော အင်္ဂလန် သတင်းစာတွေကပါ ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit: Metro.com

အသက် ၃၀နှစ် ရှိနေပြီဖြစ်တဲ့ စမောလင်းဟာ လက်ရှိဘောလုံးရာသီမှာ ရိုးမားအသင်းရဲ့အဓိက နောက်ခံလူအဖြစ် ကစားပြနေသူဖြစ်ပြီး လက်ရှိရာသီမှာ စီးရီးအေပွဲစဉ် ၁၉ပွဲအထိ ပါဝင် ကစားပေးထားကာ ၂ဂိုးသွင်းယူထားပြီး ၁ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လဲ ဘောလုံးကျွမ်းကျင်သူတွေက စမောလင်းဟာ လက်ရှိ စီးရီးအေရဲ့ အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်ကြောင်း ထောက်ခံ ပြောဆိုနေကြတာပါ။

Photo Credit: Metro.com

ဒါပေမယ့် ယူနိုက်တက်အသင်းဘက်ကတော့ စမောလင်းကို အသင်းမှာ ဆက်လက်ထားရှိဖို့ မသေချာတော့ကြောင်းနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးသာ ရရှိပါက ရောင်းထုတ်ဖို့ အသင့်ရှိနေကြောင်း မန်ချက်စတာမြို့အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားခဲ့ကြပါတယ်။

Photo Credit: Metro.com

တစ်ဖက်မှာတော့ မော်ရင်ဟိုနည်းပြနေတဲ့ စပါးအသင်းဟာ အသင်းရဲ့ခံစစ်အင်အားကို တိုးမြှင့်နိုင်ဖို့အတွက် စမောလင်းကို ခေါ်ယူဖို့ စဉ်းစားနေကြောင်းနဲ့ စမောလင်းအတွက် ပြောင်းရွှေ့ကြေး ပေါင်၃၀သန်းဝန်းကျင် သုံးစွဲဖို့ လျာထားကြောင်း လန်ဒန်အခြေစိုက်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ ယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ကြားထဲမှာ ခိုင်မာတဲ့ ဆက်ဆံရေးတွေရှိတာကြောင့် စမောလင်းအနေနဲ့ စပါးအသင်းထံ ရောက်ရှိနိုင်ကြောင်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။