မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား တစ်ဦးဖြစ်တဲ့ မားကပ် ရက်ရှ်ဖို့ဒ် က မန်ယူ အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ ဟိုဆေး မော်ရင်ဟို က သူ့ကို ပင်နယ်တီ ဧရီယာထဲမှာ ပိုပြီးတော့ ပါးနပ် လာအောင် ကူညီပေးခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ရက်ရှိဖို့ဒ် အနေနဲ့ ကြသပတေးနေ့က Football Writer’s Association 2021 ဆုရခဲ့ပြီးတဲ့ နောက်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ မီဒီယာတွေက ရက်ရှ်ဖို့ဒ်ကို မန်ယူ အသင်းအနေနဲ့ ဘာလို့ ပင်နယ်တီ ပိုပြီးတော့ အရများနေတာလဲ ဆိုပြီးတော့ မေးခွန်း ထုတ်ခံခဲ့ရပါတယ်။ အဆိုပါ မေးခွန်းထွက်ပေါ်လာရတာ ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်လောက်က လီဗာပူး အသင်းရဲ့ နည်းပြ ဂျာဂျန် ကလော့ပ် က သူ ငါးနှစ်ခွဲ အတွင်း ရခဲ့တဲ့ ပင်နယ်တီ အရေအတွက် ထက် မန်ယူ အသင်း နှစ် နှစ်အတွင်းရခဲ့တဲ့ ပင်နယ်တီ အရေ အတွက်က ပိုများနေကြောင်း မှတ်ချက်ပြုခဲ့တာကြောင့် ဖြစ်ပါတယ်။

Photo Credit: Yahoo News

အဆိုပါ စကားလုံးဟာ အိုးထရက်ဖို့ဒ် ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ပတ်သက်ပြီး စော်ကားတဲ့ စကားလုံးလို ဖြစ်နေပါတယ်။ ရက်ရှ်ဖို့ဒ် ကတော့ အဆိုပါ မေးခွန်းနဲ့ ပတ်သက်ပြီး အင်တာဗျုးမှာ အခုလိုပဲ ပြန်လည် ဖြေကြားခဲ့ပါတယ်။ “ ရှေ့တန်းတွေ အနေနဲ့ကတော့၊ ကျွန်တော်တို့က ဘောလုံးကို ဆွဲသွားပြီး ဂိုးသွင်းချင်ကြတာချည်းပါပဲ။ ခင်ဗျား အနေနဲ့ နောက်ကနေ ပြေးနေတဲ့ အချိန် ဒါမှမဟုတ် ခင်ဗျား အနေနဲ့ ဘောလုံးကို ခြေထောက်ကြားမှာ ထားပြီး ပြေးနေတဲ့ အချိန်မှာ၊ အကယ်၍ ခင်ဗျား အနေနဲ့ တစ်ဖက်ကစားသမားက လာပြီး ဟန့်တားဖို့ ပြင်နေတာကို မြင်ရင် ခင်ဗျား အနေနဲ့ ဘောလုံးကို အလုခံချင်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုရင် ခင်ဗျားက ဂိုးသွင်းဖို့ အတွက် အခွင့်အရေး ရှာဖွေနေတာကြောင့်ပါ။တစ်ယောက်ယောက်က ဘောလုံးကို မဖြတ်ထုတ်ပဲ ခင်ဗျားကို ဘောလုံး ဆက်သယ် သွားခွင့် ပြုဖို့ ဆိုတာ ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်ပါဘူး ”

Photo Credit: Yahoo News

“ ဒါကြောင့်မို့ ဒါကတော့ ကျွန်တော်တို့ အတွက် ဂိုးသွင်းချင်တဲ့ အသင်းတွေ နဲ့ ဂိုး ကာကွယ်ချင်တဲ့ အသင်းတွေရဲ့ ကိစ္စတွေလိုပါပဲ။ ပြီးတော့ ခင်ဗျား သိပါတယ်၊ ပင်နယ်တီ ရနိုင်တယ်လေ။ ဒါပေမယ့် ကျွန်တော်တို့မှာ ပင်နယ်တီ ရနိုင်လောက်မဲ့ အခြေအနေမှာ ရှိခဲ့ပေမယ့် မရခဲ့တဲ့ အကြိမ်အရေတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော် မှတ်မိသ‌‌လောက်ဆို မော်ရင်ဟို နည်းပြ ဖြစ်ခဲ့တဲ့ အချိန်တုန်းက ကျွန်တော် ငါးကြိမ် ခြောက်ကြိမ်လောက် ပင်နယ်တီ ရခဲ့သင့်တဲ့ အခြေအနေတွေ ရှိခဲ့တယ်။ မော်ရင်ဟိုက ကျွန်တော့်ကို ‘ မင်းလုပ်နေတဲ့ နည်းလမ်းအတိုင်း မပါးနပ်ဘူးဆိုရင်၊ မင်းအနေနဲ့ ပင်နယ်တီ ရမှာ မဟုတ်ဘူး ’ လို့ ပြောခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ အနေနဲ့ ပင်နယ်တီ အနည်းငယ် စပြီး‌တော့ ရလာခဲ့တယ်။ အဲ့ဒါက ခင်ဗျား အနေနဲ့ တိုးတက်ဖို့ အတွက် လေ့လာပြီးတော့ နားလည်ထားရမယ့် အရာတစ်ခုလိုပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။