စပါး နည်းပြ မော်ရင်ဟိုကတော့ နိုင်ငံချင်းတူတဲ့ ပေါ်တူဂီသား မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို သိပ် တော်တဲ့ ပင်နယ်တီ ကန်သွင်းသူ ဖြစ်တယ်လို့ ခနဲ့ သွားလိုက်တာ ဖြစ်ပြီး ဖာနန်ဒက်စ်ကလည်း မန်ယူအသင်း ရောက်လာပြီးနောက် ပင်နယ်တီ အဓိက ကန်ခဲ့ရပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက လက်စတာစီးတီးအသင်းကို (၂-ဝ) နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာ ပင်နယ်တီ ရရှိခဲ့ပြီးတဲ့နောက် ပင်နယ်တီ (၁၄) ကြိမ်နဲ့ (၁) ရာသီအတွင်း ပင်နယ်တီ အများဆုံး ရရှိတဲ့ အသင်း အဖြစ် သမိုင်းဝင် သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်က အသင်းဖော် မာရှယ်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းခဲ့ပြီးနောက် လက်ရှိရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၀) ပွဲ ကစားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၀) ဂိုး နဲ့ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ လက်ရှိရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၀) ဂိုး သွင်းယူထားခဲ့ရာမှာ သွင်းဂိုး (၆) ဂိုးက ပင်နယ်တီ သွင်းဂိုး ဖြစ်တာကြောင့် စပါး နည်းပြ မော်ရင်ဟိုက ကွင်းလယ်လူ ဖာနန်ဒက်စ်ကို သိပ် တော်တဲ့ ပင်နယ်တီ ကန်သွင်းသူလို့ ခနဲ့ ပြောသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

ပေါ်တူဂီ သတင်းစာ Record မှာ စပါး နည်းပြ မော်ရင်ဟိုက “ဖာနန်ဒက်စ်က မန်ယူအသင်းကို ရောက်လာခဲ့ပြီး ကောင်းမွန်စွာ ကစားနေပါတယ်။ မန်ယူအသင်းကို တိုးတတ်စေနိုင်ခဲ့ပါတယ်။ သိပ် တော်တဲ့ ပင်နယ်တီ ကန်သွင်းသူ ဖြစ်တယ် ဆိုတာကိုလည်း သက်သေပြသွားခဲ့ပါတယ်။ ကမ္ဘာ့ အကောင်းဆုံး ပင်နယ်တီ ကန်သွင်းတဲ့ သူတွေထဲက တစ်ယောက်လည်းပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် သူက ပင်နယ်တီ အကြိမ် (၂၀) နီးပါး ကန်ခွင့်ရခဲ့တာကြောင့်ပါ”လို့ ပြောသွားပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အဆင့် (၃) နဲ့ ကုန်ဆုံးသွားခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပြီး နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းကတော့ အဆင့် (၆) နေရာနဲ့ ယူရိုပါလိဂ် ဝင်ခွင့်ကို ရရှိသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။