စပါး နည်းပြ မော်ရင်ဟိုက မနေ့ညက ကစားသွားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန် ပွဲစဉ်မှာ ပြိုင်ဘက် ဆောက်သမ်တန်အသင်းက ပိုကောင်းပေမဲ့ အနိုင်ရလဒ်က စပါးအသင်းနဲ့သာ ထိုက်တန်ပါတယ်လို့ ပြောခဲ့ပါတယ်။ စပါးအသင်းဟာ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းနဲ့ (၁-၁) သရေကျခဲ့တာကြောင့် ပြန်ကန်ပွဲစဉ် ကစားရပြီး ပြန်ကန်ပွဲစဉ်မှာတော့ စပါးအသင်းက (၃-၂) နဲ့ အနိုင်ရပြီး နောက်တစ်ဆင့် ပဉ္စမ အဆင့်ကို တက်သွားခဲ့ပါတယ်။
Photo Credit: Goal
စပါးအသင်းဟာ ပထမပိုင်းမှာ စတီဖင်စ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းဂိုးနဲ့ စတင်ဦးဆောင်ခဲ့ပြီး ချေပဂိုး (၂) ဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရပေမဲ့ မော်ရာ နဲ့ ဆွန်ရဲ့ နောက်ထပ် သွင်းဂိုး (၂) ဂိုးကြောင့် (၃-၂) ရလဒ်နဲ့ အနိုင်ပိုင်းခဲ့ပါတယ်။ စပါးအသင်းဟာ ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တာကြောင့် အက်ဖ်အေ ဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ နော်ဝှစ်ချ်စီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး စပါးနည်းပြ မော်ရင်ဟိုကတော့ ဆောက်သမ်တန်အသင်း ပိုကောင်းခဲ့တယ်လို့ ချီးကျူးသွားတာ ဖြစ်ပါတယ်။
Photo Credit: Goal
နည်းပြ မော်ရင်ဟိုက “ကျွန်တော်တို့ ဒုက္ခ ရောက်ခဲ့တယ်။ ကျွန်တော်တို့ အလွန် ကောင်းမွန်တဲ့ အသင်းနဲ့ ကစားခဲ့တယ်။ ကျွန်တော်တို့က ကွင်းထဲမှာ ပိုကောင်းမွန်တဲ့ အသင်းနဲ့ ကစားခဲ့တယ်။ ဒါပေမဲ့ အနိုင်ရလဒ်က ကျွန်တော်တို့နဲ့ ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့အသင်းက အကန့်အသတ် ရှိလို့ပါပဲ။ သူတို့မှာ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေ ရှိပါတယ်။ သူတို့ တစ်ရက် ပိုနားရတယ်။ ကျွန်တော် ကောင်းစွာ လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။