စပါးအသင်းရဲ့ နည်းပြ မော်ရင်ဟိုက မန်စီးတီးအသင်း ချန်ပီယံလိဂ် ပြိင်ပွဲမှာ အယူခံဝင်မှု အောင်မြင်တဲ့ ဆုံးဖြတ်ချက်ဟာ ရှက်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး မန်စီးတီးအသင်းအနေနဲ့ လိဂ်ပြာမလုံဘူး ဆိုရင် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားခွင့် ပိတ်ပင်ခံရသင့်တယ်လို့ ပြောခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဘဏ္ဍရေး မျှခြေ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ (၂) နှစ်ကြာ ကစားခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်လို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA) က ဆုံးဖြတ်ချက်ချမှတ်ပြီးတဲ့နောက် အယူခံဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ်ရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ (၂) နှစ်ကြာ ကစားခွင့် ပိတ်ပင်ခံရမှုကို အယူခံဝင်ခဲ့ပြီး ယခုအပတ် တနင်္လာနေ့မှာ အားကစား ခုံရုံးက မန်စီးတီးအသင်းရဲ့ အယူခံဝင်မှုကို မပယ်ချဘဲ လက်ခံပေးခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် အယူခံဝင်မှု မကျရှုံးဘဲ အောင်မြင်သွားခဲ့တာကြောင့် နောက်နှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဝင်ရောက် ကစားနိုင်မှာ ဖြစ်ပြီး စပါး နည်းပြ မော်ရင်ဟိုက မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ကစားခွင့် ပိတ်ပင်ခံရသင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ မော်ရင်ဟိုက “ဒီလိုမျိုး ကိစ္စမှာ ဒီဆုံးဖြတ်ချက်က ရှက်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တကယ်လို့ မန်စီးတီးအသင်းကသာ လိဂ်ပြာမလုံဘူး ဆိုရင် ပြစ်ဒဏ်ချမှတ်ခံရသင့်ပါတယ်။ တကယ်လို့ သူတို့ကသာ လိဂ်ပြာမလုံဘူး ဆိုရင် သူတို့အနေနဲ့ ဒဏ်ငွေ ချမှတ်ခံရသင့်ပါတယ်။ တကယ်လို့ သူတို့ကသာ ဆုံးဖြတ်ချက်ကို ရှက်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက်လို့ လိဂ်ပြာမလုံဘူး ဆိုရင် သူတို့အနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားဖို့ ပိတ်ပင်ခံရသင့်တယ်။ မန်စီးတီးအသင်းက လိဂ်ပြာလုံလာ၊ လိပ်ပြာမလုံဘူးလား ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အယူခံဝင်မှု အောင်မြင်တဲ့ ဆုံးဖြတ်ချက်က ရှက်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်”လို့ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။