စပါးနည္းျပ ေမာ္ရင္ဟုိဟာ ယေန႔ နံနက္ (၂း၀၀) အခ်ိန္က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပဲြစဥ္မွာ မန္ယူအသင္းကုိ (၂-၁) နဲ႔ ရႈံးနိမ့္ခဲ့ၿပီး မန္ယူအသင္း အႏုိင္ရလဒ္နဲ႔ ထုိက္တယ္လုိ႔ ေျပာပါတယ္။ မန္ယူအသင္းက ပြဲအစ (၆) မိနစ္မွာ ရွက္ခ်္ဖုိ႔ဒ္ရဲ႕ သြင္းဂုိးနဲ႔ စတင္ ဦးေဆာင္ခဲ့ၿပီး (၃၉) မိနစ္မွာ အယ္လီရဲ႕ ေခ်ပဂုိးကုိ ခြင့္ျပဳခဲ့ရေပမဲ့ ရက္ခ်္ဖုိ႔ဒ္ရဲ႕ ပင္နယ္တီသြင္းဂိုးနဲ႔ အႏုိင္ရသြားခဲ့ပါတယ္။

Photo Credit: Allfootball

နည္းျပ ေမာ္ရင္ဟုိဟာ စပါးအသင္းကုိ စတင္ နည္းျပစဥ္ကတည္းက (၃) ပဲြဆက္ အႏုိင္ရခဲ့ေပမဲ့ မန္ယူအသင္းနဲ႔ အေတြ႔မွာေတာ့ စပါးနည္းျပဘဝမွာ ပထမဆုံး အႀကိမ္ ရႈံးပဲြ ရရွိသြားခဲ့ရပါတယ္။ နည္းျပ ေမာ္ရင္ဟုိက မေန႔ညက ကစားခဲ့တဲ့ ပဲြစဥ္မွာ မန္ယူအသင္း အစ ေကာင္းမြန္ေၾကာင္း နဲ႔ ပထမပုိင္း မိနစ္ (၃၀) အတြင္း မန္ယူအသင္း ပုိေကာင္းခဲ့ေၾကာင္း ဝန္ခံသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Allfootball

Beln Sports မွာ ေမာ္ရင္ဟုိက “ကြ်န္ေတာ္တုိ႔ အစ ဆုိးရြားခဲ့ၿပီး၊ သူတုိ႔ အစ ေကာင္းမြန္ခဲ့တယ္။ သူတုိ႔ ပထမဂုိး စသြင္းခဲ့ပါတယ္။ ပထမပုိင္း မိနစ္ (၃၀) အတြင္းမွာ သူတုိ႔က ကြ်န္ေတာ္တုိ႔ထက္ ပုိေကာင္းရုံ မဟုတ္ဘဲ အမ်ားႀကီး ပုိေကာင္းခဲ့ပါတယ္။ သူတုိ႔ အႏုိင္ရလဒ္နဲ႔ ထုိက္တန္ပါတယ္။ ဘာလုိ႔လဲဆုိရင္ ပထမပုိင္း မိနစ္ (၃၀) အတြင္းမွာ သူတုိ႔ ပုိေကာင္းလုိ႔ပါ”လုိ႔ ေျပာသြားပါတယ္။

 

Photo Credit: Allfootball

နည္းျပ ေမာ္ရင္ဟုိရဲ႕ စပါးအသင္းဟာ အေဝးကြင္း ပဲြစဥ္မွာ မန္ယူအသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္ လက္ရွိမွာေတာ့ ရမွတ္ (၂၀) မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ (၈)ေနရာမွာ ရပ္တည္ေနပါတယ္။ စပါးအသင္းဟာ လာမယ့္ စေနေန႔မွာ ဘန္ေလအသင္းနဲ႔ ပရီးမီးယားလိဂ္ပဲြစဥ္ ကစားရမွာ ျဖစ္ၿပီး မန္ယူအသင္းကေတာ့ တနဂၤေႏြေန႔မွာ မန္စီးတီးအသင္းနဲ႔ ဒါဘီ ပဲြစဥ္ ကစားရမွာ ျဖစ္ပါတယ္။

{Unicode}

စပါးနည်းပြ မော်ရင်ဟိုဟာ ယနေ့ နံနက် (၂း၀၀) အချိန်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူအသင်းကို (၂-၁) နဲ့ ရှုံးနိမ့်ခဲ့ပြီး မန်ယူအသင်း အနိုင်ရလဒ်နဲ့ ထိုက်တယ်လို့ ပြောပါတယ်။ မန်ယူအသင်းက ပွဲအစ (၆) မိနစ်မှာ ရှက်ချ်ဖို့ဒ်ရဲ့ သွင်းဂိုးနဲ့ စတင် ဦးဆောင်ခဲ့ပြီး (၃၉) မိနစ်မှာ အယ်လီရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပေမဲ့ ရက်ချ်ဖို့ဒ်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit: Allfootball

နည်းပြ မော်ရင်ဟိုဟာ စပါးအသင်းကို စတင် နည်းပြစဉ်ကတည်းက (၃) ပွဲဆက် အနိုင်ရခဲ့ပေမဲ့ မန်ယူအသင်းနဲ့ အတွေ့မှာတော့ စပါးနည်းပြဘဝမှာ ပထမဆုံး အကြိမ် ရှုံးပွဲ ရရှိသွားခဲ့ရပါတယ်။ နည်းပြ မော်ရင်ဟိုက မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ယူအသင်း အစ ကောင်းမွန်ကြောင်း နဲ့ ပထမပိုင်း မိနစ် (၃၀) အတွင်း မန်ယူအသင်း ပိုကောင်းခဲ့ကြောင်း ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Allfootball

Beln Sports မှာ မော်ရင်ဟိုက “ကျွန်တော်တို့ အစ ဆိုးရွားခဲ့ပြီး၊ သူတို့ အစ ကောင်းမွန်ခဲ့တယ်။ သူတို့ ပထမဂိုး စသွင်းခဲ့ပါတယ်။ ပထမပိုင်း မိနစ် (၃၀) အတွင်းမှာ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းရုံ မဟုတ်ဘဲ အများကြီး ပိုကောင်းခဲ့ပါတယ်။ သူတို့ အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုရင် ပထမပိုင်း မိနစ် (၃၀) အတွင်းမှာ သူတို့ ပိုကောင်းလို့ပါ”လို့ ပြောသွားပါတယ်။

 

Photo Credit: Allfootball

နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ အဝေးကွင်း ပွဲစဉ်မှာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိမှာတော့ ရမှတ် (၂၀) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် (၈)နေရာမှာ ရပ်တည်နေပါတယ်။ စပါးအသင်းဟာ လာမယ့် စနေနေ့မှာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားရမှာ ဖြစ်ပြီး မန်ယူအသင်းကတော့ တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းနဲ့ ဒါဘီ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။