MySport Myanmar

သူက ဆုဖလားတွေကို တရားမျှတစွာနဲ့ သန့်သန့်ရှင်းရှင်း ရယူခဲ့တာလို့ ဆိုလိုက်တဲ့ မော်ရင်ဟို

လီဗာပူးလ်နဲ့ မန်စီးတီးတို့ ပွဲစဉ်အတွင်းမှာ လီဗာပူးလ်ကို (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားချိန် လီဗာပူးလ် ပရိသတ်တွေက မန်စီးတီးနည်းပြ ဂွာဒီယိုလာကို မနက်ကျရင် အထုတ်ခံရတော့မယ်လို့ အော်ဟစ်ခဲ့ရာ ဂွာဒီယိုလာကလည်း လက်ခြောက်ချောင်း ထောင်ပြပြီး မန်စီးတီးအတွက် သူ ယူပေးခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား အရေအတွက်ကို ပြန်လည် ဖော်ပြသွားခဲ့ပါတယ်။

ဒါက ဂွာဒီယိုလာရဲ့ ပြိုင်ဘက်ဟောင်းကြီးဖြစ်တဲ့ နည်းပြမော်ရင်ဟို မန်ချက်စတာ ယူနိုက်တက် နည်းပြအဖြစ် ဆောင်ရွှက်ခဲ့စဉ်က သတင်းစာ ရှင်းလင်းပွဲထဲ သူဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၃)ကြိမ် ရယူထားသူဖြစ်လို့ သူ့အပေါ် လေးစားသမှု ရှိပါလို့ လက်ဟန်ခြေဟန်နဲ့ ပြသခဲ့ပုံနဲ့ပါ ဆင်တူနေပါတယ်။

Photo Credit : Sky Sports

ဒီလို ပုံစံတူ အပြုအမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက ဂွာဒီယိုလာကို မေးမြန်းလာရာမှာ ဂွာဒီယိုလာက “ဒါ ငါ့ကိစ္စ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ သူက (၃)ခါရတယ်။ ငါက (၆)ခါရတယ်။ ဒါပေမယ့် ငါတို့တွေက ဒီလိုပါပဲ။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့က အတူရှိနေတယ်။ ငါတို့တွေက ငါတို့ကို လှောင်ပြောင် အော်ဟစ်နေတဲ့ သူတွေထက် ပိုကောင်းတယ်ဆိုတာ ပရိသတ်တွေ သိစေဖို့အတွက်ပါပဲ။”

“ဒါကို ပြန်တုံ့ပြန်ခဲ့တဲ့ အပြုအမှုကလည်း ငါတို့တွေ လုပ်ခဲ့တာတွေက ထူးခြားမှု ရှိတယ်ဆိုတာကို ပရိသတ်တွေ ခံစားရစေဖို့အတွက်။ ကျွန်တော်တို့အသင်းက မယုံနိုင်စရာကောင်းလောက်တဲ့ အသင်းဖြစ်တယ်ဆိုတာကို သက်သေပြချင်ပါတယ်။ ဒီလို အခြေအနေဆိုးတွေကလည်း အနှေးနဲ့အမြန် ပြီးဆုံးတော့မှာ ဖြစ်ပြီးတော့ အသင်း အကောင်းဆုံး ဖြစ်လာဖို့အတွက် အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစားသွားမှာပါ။” လို့ ပြောဆိုခဲ့ပါတယ်။

Photo Credit : SPORTbible

ဒီလို ပြောဆိုမှုအပေါ် နည်းပြမော်ရင်ဟိုက “မနေ့တုန်းက ဂွာဒီယိုလာက ကျွန်တော်နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောခဲ့တယ်။ သူက ဖလား (၆)လုံးရပြီးတော့ ကျွန်တော်က ဖလား (၃)လုံးရတယ်ဆိုလား။ ဒါပေမယ့် ကျွန်တော်က ဒီဖလားတွေကို တရားမျှတစွာနဲ့ သန့်သန့်ရှင်းရှင်းပဲ ရယူခဲ့တာနော်။”

“ကျွန်တော်က ရှုံးပွဲတွေ့မယ်ဆိုရင် ကျွန်တော်ရဲ့ ပြိုင်ဘက်အသင်းကို လေးစားမှုအပြည့် ပေးလိုက်မှာ။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းခဲ့လို့လေ။ တရားစွဲဆိုမှုပေါင်း (၁၅၀)နဲ့ ပတ်သက် ဆက်နွယ်ပြီးမှ ဖလားတွေ ရယူရတာမျိုးတော့ မဖြစ်ချင်ဘူး။” ဆိုပြီး ဂွာဒီယိုလာကို ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

Exit mobile version