စပါးနည္းျပ ေမာ္ရင္ဟုိဟာ ပဲြႀကိဳ သတင္းစာ ရွင္းလင္းပဲြမွာ လီဗာပူးလ္အသင္းကုိ အႏုိင္ရမယ္လုိ႔ ယုံၾကည္တယ္လုိ႔ ေျပာခဲ့ၿပီး အျခားသူေတြကုိ မယုံၾကည္ဘူး ဆုိရင္ သတင္းစာ ရွင္းလင္းပဲြ အခန္း ထဲကေန ထြက္သြားႏုိင္တယ္လုိ႔ ေျပာခဲ့ပါတယ္။ နည္းျပ ေမာ္ရင္ဟုိရဲ႕ စပါးအသင္းဟာ မနက္ျဖန္ စေနေန႔ည (၁၂း၀၀) အခ်ိန္မွာ အဓိက တုိက္စစ္မွဴး ဟယ္ရီ ကိန္း မပါဘဲ လီဗာပူးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ ပဲြစဥ္ ကစားရမွာ ျဖစ္ၿပီး ေမာ္ရင္ဟုိက အႏုိင္ရႏုိင္မယ္လုိ႔ ေျပာဆုိသြားခဲ့ပါတယ္။
Photo Credit: Skysports
စပါးအသင္းဟာ လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၁) ပဲြ ကစားသြားၿပီးတဲ့ အခ်ိန္မွာ (၈) ပဲြ အႏုိင္ ရခဲ့တာေၾကာင့္ ရမွတ္ (၃၀) မွတ္ ရရွိထားၿပီး ပရီးမီးယားလိဂ္ အဆင့္ (၄) ေနရာ ခ်ဲလ္ဆီး အသင္းနဲ႔ (၆) မွတ္အကြာ အဆင့္ (၆) ေနရာမွာ ရပ္တည္ေနပါတယ္။ စပါးနည္းျပ ေမာ္ရင္ဟုိဟာ ယေန႔ (ေသာၾကာေန႔) သတင္းစာ ရွင္းလင္းပဲြမွာ အသင္းရဲ႕ ဆက္သြယ္ေရး ေခါင္းေဆာင္ ဆီမြန္ ဖယ္စတိန္းကုိ ပခုံးဖက္လ်က္ လီဗာပူးလ္အသင္းကုိ အႏုိင္ရတယ္လုိ႔ ယုံၾကည္တယ္လုိ႔ ေျပာခဲ့ၿပီး မယုံၾကည္ၾကဘူးဆုိရင္ အခန္းထဲကေန ထြက္သြားၾကပါလုိ႔ ႀကိမ္းေမာင္း ေျပာခဲ့တာ ျဖစ္ပါတယ္။
Photo Credit: Skysports
နည္းျပ ေမာ္ရင္ဟုိက “ဒီပဲြက ႀကီးမားတဲ့ စိန္ေခၚမႈပါ။ ကြ်န္ေတာ္တုိ႔ ကစားသမားစုံစုံလင္လင္နဲ႔ လီဗာပူးလ္အသင္းကုိ ကစားရတာ ပုိႀကိဳက္ပါတယ္။ ဒါေပမဲ့ အခု အဲလုိ မျဖစ္ႏုိင္ပါဘူး။ သူတုိ႔ ဘယ္ေလာက္ ေကာင္းသလဲ ဆုိတာ ကြ်န္ေတာ္တုိ႔ သိပါတယ္။ ဒီအခန္းထဲမွာ စိတ္ကူးၾကည္ရင္ သူတုိ႔ကုိ အႏုိင္ရႏုိင္မယ္လုိ႔ ေတြးတာက ႏွစ္ဦးပဲ ရွိပါတယ္။ ကြ်န္ေတာ္တုိ႔ ႏွစ္ဦး ယုံၾကည္တယ္။ တကယ္လုိ႔ ခင္ဗ်ားတုိ႔ မယုံၾကည္ဘူး ဆုိရင္ အခန္းထဲက ထြက္သြားၾကပါ။ ကြ်န္ေတာ္ ဟယ္ရီ ကိန္း အေၾကာင္း အမ်ားႀကီး ေျပာရင္ အနည္းငယ္ စိတ္ဓါတ္က်သြားပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။
{Unicode}
စပါးနည်းပြ မော်ရင်ဟိုဟာ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လီဗာပူးလ်အသင်းကို အနိုင်ရမယ်လို့ ယုံကြည်တယ်လို့ ပြောခဲ့ပြီး အခြားသူတွေကို မယုံကြည်ဘူး ဆိုရင် သတင်းစာ ရှင်းလင်းပွဲ အခန်း ထဲကနေ ထွက်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ မနက်ဖြန် စနေနေ့ည (၁၂း၀၀) အချိန်မှာ အဓိက တိုက်စစ်မှူး ဟယ်ရီ ကိန်း မပါဘဲ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး မော်ရင်ဟိုက အနိုင်ရနိုင်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
Photo Credit: Skysports
စပါးအသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပွဲ ကစားသွားပြီးတဲ့ အချိန်မှာ (၈) ပွဲ အနိုင် ရခဲ့တာကြောင့် ရမှတ် (၃၀) မှတ် ရရှိထားပြီး ပရီးမီးယားလိဂ် အဆင့် (၄) နေရာ ချဲလ်ဆီး အသင်းနဲ့ (၆) မှတ်အကွာ အဆင့် (၆) နေရာမှာ ရပ်တည်နေပါတယ်။ စပါးနည်းပြ မော်ရင်ဟိုဟာ ယနေ့ (သောကြာနေ့) သတင်းစာ ရှင်းလင်းပွဲမှာ အသင်းရဲ့ ဆက်သွယ်ရေး ခေါင်းဆောင် ဆီမွန် ဖယ်စတိန်းကို ပခုံးဖက်လျက် လီဗာပူးလ်အသင်းကို အနိုင်ရတယ်လို့ ယုံကြည်တယ်လို့ ပြောခဲ့ပြီး မယုံကြည်ကြဘူးဆိုရင် အခန်းထဲကနေ ထွက်သွားကြပါလို့ ကြိမ်းမောင်း ပြောခဲ့တာ ဖြစ်ပါတယ်။
Photo Credit: Skysports
နည်းပြ မော်ရင်ဟိုက “ဒီပွဲက ကြီးမားတဲ့ စိန်ခေါ်မှုပါ။ ကျွန်တော်တို့ ကစားသမားစုံစုံလင်လင်နဲ့ လီဗာပူးလ်အသင်းကို ကစားရတာ ပိုကြိုက်ပါတယ်။ ဒါပေမဲ့ အခု အဲလို မဖြစ်နိုင်ပါဘူး။ သူတို့ ဘယ်လောက် ကောင်းသလဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီအခန်းထဲမှာ စိတ်ကူးကြည်ရင် သူတို့ကို အနိုင်ရနိုင်မယ်လို့ တွေးတာက နှစ်ဦးပဲ ရှိပါတယ်။ ကျွန်တော်တို့ နှစ်ဦး ယုံကြည်တယ်။ တကယ်လို့ ခင်ဗျားတို့ မယုံကြည်ဘူး ဆိုရင် အခန်းထဲက ထွက်သွားကြပါ။ ကျွန်တော် ဟယ်ရီ ကိန်း အကြောင်း အများကြီး ပြောရင် အနည်းငယ် စိတ်ဓါတ်ကျသွားပါတယ်”လို့ ပြောခဲ့ပါတယ်။