စပယ်ရှယ်ဝမ်း ဘောလုံးနည်းပြကြီးဖြစ်တဲ့ ဂျိုဆေးမော်ရင်ဟိုက သူရဲ့လက်ရှိကလပ် ရိုးမားအသင်း အပါအဝင် ကလပ်အသင်းဟောင်းတွေဖြစ်တဲ့ အင်တာမီလန် ပေါ်တို မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ ပတ်သက်ပြီး ဂုဏ်ပြုထားတဲ့ တတ်တူးတစ်ခုကို ရေးထိုးထားတဲ့အကြောင်း ဒီလို တတ်တူးထိုးခဲ့ရတဲ့အကြောင်းကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။

Jose Mourinho: Roma boss unveils tattoo design including nod to Chelsea and  Man Utd wins

Photo Credit : GiveMeSport

ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက် တော့တင်ဟမ်ဟော့စပါးအသင်းတွေရဲ့ နည်းပြဟောင်းဖြစ်ပြီး လက်ရှိ ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုဟာ နည်းပြသက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုတွေများစွာ ရယူထားနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲကကမှ ပေါ်တို အင်တာ ယူနိုက်တက် ရိုးမားအသင်းတွေနဲ့အတူ ဥရောပဖလားအားလုံးကို သိမ်းပိုက်ရယူထားနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေဟာ မော်ရင်ဟို တစ်ဦးတည်းသာ ရယူထားနိုင်ခဲ့တာ ဖြစ်သလို သူရဲ့ ထိပ်သီး အောင်မြင်မှုအတွက် တတ်တူးရေးထိုးပြီး instagram ကနေ ဖော်ပြသွားခဲ့ပါတယ်။

Roma coach Jose Mourinho gets tattoo celebrating historic trophy haul

Photo Credit : ESPN

နည်းပြမော်ရင်ဟို ပေါ်တိုအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ယူအီးအက်အေဖလား(ယူရိုပါလိဂ်ဖလား) အင်တာမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား လက်ရှိ ရိုးမားအသင်းနဲ့အတူ ယူရိုပါကွန်းဖရန့်စ်လိဂ်ဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပြီး ဒီလို UEFA လက်အောက်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီး(၃)ရပ်မှာ ဆုဖလားတွေကို သိမ်းပိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဆုဖလား(၃)ခုရဲ့ ပုံစံကို လက်မောင်းမှာ တတ်တူးရေးထိုးထားတဲ့ မော်ရင်ဟို သူရဲ့ တတ်တူးအကြောင်းနဲ့ ပတ်သက်ပြီး “ဒါ ကျွန်တော်ရဲ့ တတ်တူးပါ။ ရောမလူမျိုးတွေဲ့ ပျော်ရွှင်မှုက ကျွန်တော့်ကို ဒီလိုလုပ်ဖို့ တွန်အားပေးခဲ့တယ်။ နောက်တော့ ကျွန်တော် ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှု ရယူနိုင်ခဲ့တဲ့ ကလပ်အသင်းအားလုံးကို ဂုဏ်ပြုမယ့် ထူးထူးခြားခြား အစီအစဉ်တစ်ခုကို တွေးမိခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ယနေ့အချိန်ထိ ကျွန်တော် တစ်ဦးတည်းသာ ရယူထားနိုင်တဲ့ အရာတွေကို ဖော်ပြထားတဲ့ တတ်တူးတစ်ခုကို ရေးထိုးချင်လာခဲ့တယ်။ အယ်ဘာတိုကတော့ တတ်တူးပုံစံတွေ များစွာ ပြသခဲ့သေးတယ်။ ကျွန်တော်က အသေးစိတ် အချက်တချို့ကို ပြောင်းလိုက်ရုံပါပဲ။ ဒါက ကျွန်တော့်တတ်တူးပါ” ဆိုပြီး သူရဲ့ တတ်တူးဓါတ်ပုံနဲ့အတူ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာလည်း မော်ရင်ဟိုက ရိုးမားအသင်းနဲ့အတူ လာမယ့် ဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းသွားမှာဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကိုလည်း ဆင်နွဲရမှာဖြစ်လို့ ဥရောပအောင်မြင်မှုတွေ ထပ်မံရယူနိုင်ဦးမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။