ပြီးခဲ့တဲဲ့ နွေရာသီမှာရော ဆောင်းရာသီစျေးကွက်အတွင်းမှာပါ အနာဂတ်တွေ အရမ်းကိုလှုပ်ခတ်ခဲ့သူ ခရစ်စတီယန်အဲရစ်ဆင်ဟာ အခုတော့ စပါးကနေ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီဖြစ်ပြီး သူရဲ့အနာဂတ်အတွက် ပြတ်ပြတ်သားသားဖြစ်အောင် လုပ်ဆောင်သွားခဲ့ပါတယ်။ စပါးအသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်စားခဲ့ပြီး စပါးရဲ့ အရေးအကြီးဆုံး ကစားသမားတစ်ယောက်အဖြစ် ရပ်တည်ခဲ့ပေမယ့်လည်း သူနဲ့ စပါးအသင်းတို့ကြားက စာချုပ်သက်တမ်းက လပိုင်းလေးသာ ကျန်ရှိတော့တာဖြစ်လို့ အင်တာက အဲရစ်ဆင်ကို သူရဲ့တကယ့်တန်ကြေးထက် အများကြီးသက်သာတဲ့စျေးနဲ့သာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီလို အဲရစ်ဆင်အနေနဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာ စပါးကနေ ထွက်ခွာသွားမယ်ဆိုတာကို စပါးရဲဲ့လက်ရှိနည်းပြဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုက ကြိုသိနှင့်ထားတာဖြစ်ပြီး  သူအနေနဲ့ စပါးနည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက် ကစားသမားတွေနဲ့ တွေ့ဆုံရာမှာ အဲရစ်ဆင်က သူရဲ့အနာဂတ်က စပါးမှာ လုံးဝရှိမနေတော့ပဲ အသင်းကနေလည်း သေချာပေါက်ထွက်ခွာမှာဖြစ်တယ်လို့ မော်ရင်ဟိုကို  အသိပေးခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ဟိုက “ကျွန်တော်အသင်းကို စရောက်တုန်းက အဲဲရစ်ဆင်က သူစပါးနဲဲ့ သက်တမ်းတိုးတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ကိုပြောပါတယ်။ သူအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ကို ဆုံးဖြတ်ချက်ချပြီးသားလို့လည်း ကျွန်တော်ကို သေချာရှင်းပြတယ်”

Photo Credit : Daily Mail

“အဲ့ဒီအချိန်ကနေစပြီး ကျွန်တော်အနေနဲ့ အသင်းကို သူမပါပဲ ကျွန်တော်တည်ဆောက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်ကိုင်တွယ်ခဲ့တဲ့ ပွဲတော်တော်များများမှာ သူမပါဝင်နိုင်ခဲ့ရတာပါ။ ဒါက အသင်းအတွက်တော့ ခက်ခဲဲတယ်။ ဒါကို မစ္စတာလီဗိုင်းက အကောင်းဆုံးနည်းနဲဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်အတွက်တော့ စိတ်ဓါတ်ပိုင်းအားနည်းနေတဲဲ့ ကစားသမားကို ထည့်သုံးရတာကလည်း မလွယ်ပါဘူး။ ဒါပေမယ့် သူက ကျွန်တော်တို့ တစ်သင်းလုံးအတွက် ပရော်ဖက်ရှင်နယ်ပီပီသသတော့ လုပ်ဆောင်ပေးခဲ့ပါတယ်။ အဝတ်လဲခန်းအတွင်းမှာဆိုရင်လည်း အမြဲတမ်း ကောင်းမွန်တာတွေပဲ ပြုမှုတတ်ပါတယ်။ ဒါပေမယ့် ပွဲတချို့မှာတော့ ဝင်သာကစားနေပေမယ့် သူ့ကို ခရစ်စတီယန်မှ ဟုတ်ရဲဲ့လားလို့တောင် ထင်ခဲဲ့မိရတဲ့ပွဲဲတွေ အများကြီးပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အခုတော့ ဒိန်းမတ်လက်ရွေးစင် ကစားသမားဟာ အင်တာမီလန်အသင်းနဲ့အတူ ကြားရက်မှာ ကစားသွားခဲ့တဲ့ ဖီအိုရင်တီးနားအသင်းနဲဲ့ ကိုပါအီတလီယာ ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ဒုတိယပိုင်းမှာ ပါဝင်ကစားဖြစ်ခဲ့ပါတယ်။