မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးယဲလ်ဘက်တစ်အသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အတွင်းမှာ ဘက်တစ်အသင်းက (၅)ဂိုး(၂)ဂိုးနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေနဲ့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို လက်မခံနိုင်တဲ့ ရိုးမားအသင်းနည်းပြ ဂျိုဆေးမော်ရင်ဟို အပါအဝင် ရိုးမားအသင်းသားတွေရဲ့ ပေါက်ကွဲမှုတွေကြောင့် အနီကတ်တွေ အဝါကတ်တွေ ပလူပျံသွားခဲ့ရပါတယ်။

Photo Credit : Flipboard

ရိုးမားအသင်းဟာ လာမယ့်(၂၃)ရက်နေ့မှာ ဖီအိုရင်တီးနားအသင်းနဲ့ အီတလီစီးရီးအေပွဲစဉ်ကို် ယှဉ်ပြိုင်မကစားခင် နောက်ဆုံးကစားခဲ့ရတဲ့ ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ ဘက်တစ်အသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခုကို ဖော်ဆောင်နိုင်ဖို့ ပြင်ဆင်လာခဲ့ပေမယ့် မထင်မှတ်ပဲ ရလဒ်ဆိုးခဲ့ရသလို မော်ရင်ဟိုအပါအဝင် ကစားသမား(၃)ယောက်အထိပါ ထုတ်ပယ်ခံလိုက်ရပါတယ်။ ဒီခြေစမ်းပွဲမှာ ရိုးမားအသင်းဟာ ဘက်တစ်အသင်းရဲ့ ဦးဆောင်မှုတွေကို အကြိမ်ကြိမ် ခံခဲ့ရပေမယ့် ချေပဂိုးတွေ ပြန်လိုက်သွင်းရင်း တစ်ဖက်ကို (၂)ဂိုးစီ သရေကျနေချိန်မှာ ဘက်တစ်နောက်ခံလူ အဲလက်စ်မော်ရီနိုရဲဲ့ တတိယမြောက် ဦးဆောင်ဂိုးက Handball ဖြစ်ပြီး သွင်းယူတာကို ရိုးမားအသင်းဘက်က လက်မခံနိုင်လို့ ဒိုင်ကို စောကဒတတ်ရာ ကွင်းလယ်ဒိုင်က ရိုးမားအသင်းခေါင်းဆောင် ပယ်လီဂရီနီနဲ့ နည်းပြမော်ရင်ဟိုတို့ကိုသာ အနှီကတ်ပြပြပီး ထုတ်ပယ်ခဲ့ပါတယ်။

Photo Credit : The New York Press News Agency

ဒီလို အငြင်းပွား ဆုံးဖြတ်ချက်တွေကို ချမှတ်ခံခဲ့ရတဲ့အပေါ် စိတ်ပျက်သွားခဲ့တဲ့ ရိုးမားအသင်းသားတွေဟာ ပွဲကို ပိုမိုကြမ်းတမ်းစွာ ကစားလာခဲ့တာကြောင့် နောက်ထပ်ကစားသမား(၂)ဦးပါ ထပ်မံထုတ်ပယ်ခံခဲ့ရပြီး ကစားသမား (၈)ယောက်တည်းနဲ့ ပွဲကို ခက်ခက်ခဲခဲ ဆက်ကစားခဲ့ရကာ (၅)ဂိုး(၂)ဂိုးနဲ့ပါ အရေးနိမ့်သွားခဲ့ရပါတယ်။ ရိုးမားအသင်းအနေနဲ့ ဒီလိုအခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နွေစျေးကွက်အတွင်း ဂျီနိုအာအသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဥဇဘတ်ကစ္စတန် တိုက်စစ်ကစားသမား ရွိုမီရိုဒေါ့ဗ်က အသင်းအအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲသလို ပွဲဦးထွက်ဂိုးတစ်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပြီး ကျေနပ်စရာကောင်းလှတဲ့ ခြေစွမ်းမျိုးကိုလည်း ပြသသွားနိုင်ခဲ့ပါတယ်။ နာမည်ကျော်နည်းပြ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီသစ် မတိုင်ခင် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ (၇)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးခြေစမ်းပွဲမှာသာ ဘက်တစ်အသင်းကို အခုလို အခြေအနေမျိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။