စပါယ္ရွယ္ဝမ္းအျဖစ္ သူ႔ကိုယ္သူ တင္စားေလ့ရွိတဲ့ ေပၚတူဂီသားႀကီး ေမာ္ရင္ဟိုဟာ ခံစစ္ ဗ်ဴဟာေတြကို အပိုင္နိုင္ဆုံးခ်ေလ့ရွိသူျဖစ္ၿပီး သူ ကိုင္တြယ္တဲ့ အသင္းတိုင္းမွာ ဆုဖလား ေအာင္ျမင္မွုေတြ ရယူေပးေလ့ရွိသူတစ္ဦးပါပဲ။ ေဝဖန္မွုေတြ ဘယ္ေလာက္ၾကဳံၾကဳံ ယုံၾကည္တဲ့ အရာကိုသာ လုပ္တတ္တဲ့ ေမာ္ရင္ဟိုဟာ လက္ရွိမွာေတာ့ စပါးအသင္းရဲ့နည္းၿပ ျဖစ္ေနၿပီ ျဖစ္ၿပီး မေန႔ကပဲ သူ႔ရဲ့စပါးနည္းျပဘဝ ပထမဦးဆုံး ေခၚယူမွုကို လုပ္ခဲ့ပါတယ္။

Photo Credit: Metro.com

သူေခၚယူခဲ့တဲ့ ကစားသမားကေတာ့ ဘင္ဖီကာအသင္းရဲ့ လူငယ္ကြင္းလယ္လူ ဂ်က္ဆန္ ဖာနန္ဒက္စ္ျဖစ္ၿပီး စပါးဟာ ဖာနန္ဒက္စ္ကို ၁၈လအငွားစာခ်ဳပ္နဲ႔ ေခၚယူနိုင္ခဲ့တာလည္း ျဖစ္ပါတယ္​။ ေမာ္ရင္ဟိုဟာ ဖာနန္ဒက္စ္ကို ေခၚယူခဲ့အၿပီး ကိုင္တြယ္တဲ့အသင္းတိုင္းမွယ ေပၚတူဂီလိဂ္ရဲ့ ကစားသမားေတြကို ေခၚယူခဲ့တဲ့ နည္းျပတစ္ဦးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

Photo Credit: Metro.com

ေပၚတိုအသင္းနဲ႔အတူ စတင္ေအာင္ျမင္လာခဲ့တဲ့ ေမာ္ရင္ဟိုဟာ သူ႔ရဲ့ပထမဦးဆုံး စြန႔္စားခန္းကို အဂၤလန္ေျမမွ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ေက်ာ္ျဖတ္ခဲ့တာျဖစ္ၿပီး ခ်ယ္လ္ဆီးထံ ေရာက္ရွိခ်ိန္မွာ ဖာရဲယား ၊ ေမာ္ရစ္ ၊ ကာဗယ္ဟို ၊ သီယာဂိုစတဲ့ ေပၚတူဂီလိဂ္က ကစားသမားေတြကိုပါ တစ္ပါတည္း ေခၚေဆာင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ အင္တာအသင္းထံ ေျပာင္းခ်ိန္မွာလည္း ေပၚတို ကြင္းလယ္လူ ကြာရက္စ္မာကို ေခၚယူခဲ့ၿပီး စပိန္ မွာ ရီးရဲလ္မက္ဒရစ္အတ​ြက္ တာဝန္ယူခ်ိန္မွာ ဒီမာရီယာ ၊ ကြန္ထရာအို စတဲ့ ကစားသမားေတြကို ေခၚယူခဲ့ပါတယ္။

Photo Credit: Metro.com

ရီးရဲလ္ကေန တစ္ေက်ာ့ျပန္ ခ်ယ္လ္ဆီးထံ ျပန္လည္ေရာက္ရွိခ်ိန္မွာလည္း ေမာ္ရင္ဟိုရဲ့ ေပၚတူဂီကစားသမား စြဲလမ္းမွုဟာ မရပ္တန႔္ေသးပဲ မာတစ္ ၊ အက္ဆု စတဲ့ ကစားသမားေတြကို ေခၚယူခဲ့ပါတယ္။ ယူနိုက္တက္အသင္းဆီ ေရာက္ရွိခ်ိန္မွာေတာ့ ေမာ္ရင္ဟိုဟာ ဒါးေလာ့ ၊ လင္ဒီေလာ့ဖ္စတဲ့ ကစားသမားႏွစ္ဦးကို ေခၚယူခဲ့ျပန္ပါတယ္။ လက္ရွိမွာလည္း စပါးမွာ ေမာ္ရင္ဟိုဟာ ဖာနန္ဒက္စ္ကို ေခၚယူနိုင္ခဲ့တာေၾကာင့္ ေမာ္ရင္ဟိုအတြက္ ေပၚတူဂီလိဂ္က ကစားသမားေတြကသာ မ်က္စိက်စရာေကာင္းေနသလားဆိုတာ စဥ္းစားစရာပါပဲ။

စပါယ်ရှယ်ဝမ်းအဖြစ် သူ့ကိုယ်သူ တင်စားလေ့ရှိတဲ့ ပေါ်တူဂီသားကြီး မော်ရင်ဟိုဟာ ခံစစ် ဗျူဟာတွေကို အပိုင်နိုင်ဆုံးချလေ့ရှိသူဖြစ်ပြီး သူ ကိုင်တွယ်တဲ့ အသင်းတိုင်းမှာ ဆုဖလား အောင်မြင်မှုတွေ ရယူပေးလေ့ရှိသူတစ်ဦးပါပဲ။ ဝေဖန်မှုတွေ ဘယ်လောက်ကြုံကြုံ ယုံကြည်တဲ့ အရာကိုသာ လုပ်တတ်တဲ့ မော်ရင်ဟိုဟာ လက်ရှိမှာတော့ စပါးအသင်းရဲ့နည်းပြ ဖြစ်နေပြီ ဖြစ်ပြီး မနေ့ကပဲ သူ့ရဲ့စပါးနည်းပြဘဝ ပထမဦးဆုံး ခေါ်ယူမှုကို လုပ်ခဲ့ပါတယ်။

Photo Credit: Metro.com

သူခေါ်ယူခဲ့တဲ့ ကစားသမားကတော့ ဘင်ဖီကာအသင်းရဲ့ လူငယ်ကွင်းလယ်လူ ဂျက်ဆန် ဖာနန်ဒက်စ်ဖြစ်ပြီး စပါးဟာ ဖာနန်ဒက်စ်ကို ၁၈လအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်​။ မော်ရင်ဟိုဟာ ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့အပြီး ကိုင်တွယ်တဲ့အသင်းတိုင်းမှယ ပေါ်တူဂီလိဂ်ရဲ့ ကစားသမားတွေကို ခေါ်ယူခဲ့တဲ့ နည်းပြတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Metro.com

ပေါ်တိုအသင်းနဲ့အတူ စတင်အောင်မြင်လာခဲ့တဲ့ မော်ရင်ဟိုဟာ သူ့ရဲ့ပထမဦးဆုံး စွန့်စားခန်းကို အင်္ဂလန်မြေမှ ချယ်လ်ဆီးအသင်းနဲ့အတူ ကျော်ဖြတ်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးထံ ရောက်ရှိချိန်မှာ ဖာရဲယား ၊ မော်ရစ် ၊ ကာဗယ်ဟို ၊ သီယာဂိုစတဲ့ ပေါ်တူဂီလိဂ်က ကစားသမားတွေကိုပါ တစ်ပါတည်း ခေါ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက် အင်တာအသင်းထံ ပြောင်းချိန်မှာလည်း ပေါ်တို ကွင်းလယ်လူ ကွာရက်စ်မာကို ခေါ်ယူခဲ့ပြီး စပိန် မှာ ရီးရဲလ်မက်ဒရစ်အတ​ွက် တာဝန်ယူချိန်မှာ ဒီမာရီယာ ၊ ကွန်ထရာအို စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။

Photo Credit: Metro.com

ရီးရဲလ်ကနေ တစ်ကျော့ပြန် ချယ်လ်ဆီးထံ ပြန်လည်ရောက်ရှိချိန်မှာလည်း မော်ရင်ဟိုရဲ့ ပေါ်တူဂီကစားသမား စွဲလမ်းမှုဟာ မရပ်တန့်သေးပဲ မာတစ် ၊ အက်ဆု စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။ ယူနိုက်တက်အသင်းဆီ ရောက်ရှိချိန်မှာတော့ မော်ရင်ဟိုဟာ ဒါးလော့ ၊ လင်ဒီလော့ဖ်စတဲ့ ကစားသမားနှစ်ဦးကို ခေါ်ယူခဲ့ပြန်ပါတယ်။ လက်ရှိမှာလည်း စပါးမှာ မော်ရင်ဟိုဟာ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခဲ့တာကြောင့် မော်ရင်ဟိုအတွက် ပေါ်တူဂီလိဂ်က ကစားသမားတွေကသာ မျက်စိကျစရာကောင်းနေသလားဆိုတာ စဉ်းစားစရာပါပဲ။