စပါး နည်းပြ မော်ရင်ဟိုကတော့ သူ့ရဲ့ ကစားသမားတွေအနေနဲ့ အဝတ်လဲခန်းထဲမှာပဲ ဖြစ်ဖြစ်၊ လေ့ကျင့်ရေး ဆင်းတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် တစ်ဦးနဲ့ တစ်ဦး စကားမပြောဘဲ နှုတ်ပိတ်နေတာ နဲ့ ကစားသမားတွေရဲ့ ရှေ့မှာ တစ်ယောက်တည်း စကားပြောရတာကို မုန်းတယ်လို့ ဆိုပါတယ်။ စပါး နည်းပြ မော်ရင်ဟိုကတော့ ရှက်ဖီးလ် ယူနိုက်တက်အသင်းကို (၃-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကစားသမားတွေ အချင်းချင်း အပြန်အလှန် စကားမပြောခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း သူ့ရဲ့ အမြင်ကို ကောက်ချက်ချ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဘောလုံး ကစားသမားတွေဟာ အခုနောက်ပိုင်း ဖုန်းတွေ ရှိလာတာကြောင့် အဝတ်လဲခန်းမှာ ဖြစ်ဖြစ်၊ လေ့ကျင့်ရေး ဆင်းတဲ့ အချိန်မှာ ဖြစ်ဖြစ်၊ အသင်းဖော်တွေနဲ့ စကားမပြောကြတော့ဘဲ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း အဆင်ပြေသလို နေလာကြတာတွေ ပိုမို ဖြစ်လာနေပါတယ်။ စပါး နည်းပြ မော်ရင်ဟိုကတော့ စပါးအသင်းရဲ့ ကစားသမားတွေကြားမှာ တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် ဆွေးနွေးတာကို လိုချင်တယ်လို့ ပြောသွားခဲ့ပြီး နှုတ်ပိတ်နေတာ နဲ့ တစ်ယောက်တည်း စကားပြောရတာကို မုန်းပါတယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ မော်ရင်ဟိုက “အသင်းတစ်သင်းဆိုတာ တစ်ဦးချင်းစီကို ပေါင်းစပ်တာထက် ပိုရမယ်။ အပြန်အလှန်မေးရမယ်။ ပြောရမယ်။ စိတ်ကူးတွေ မျှဝေရမယ်။ ကွင်းထဲမှာ ဘာဖြစ်ခဲ့သလဲ ဆိုတာကို ဆွေးနွေးရမယ်။ ကျွန်တော် နှုတ်ပိတ်နေတာကို မုန်းပါတယ်။ အဝတ်လဲခန်းထဲမှာ၊ အစည်းအဝေးမှာ တိတ်ဆိတ်နေရင် ကျွန်တော် မုန်းပါတယ်။ ကျွန်တော် တစ်ယောက်တည်း စကားပြောရတာကိုလည်း မုန်းတယ်။ ကစားသမားတွေရဲ့ ရှေ့မှာ မတ်တပ်ရပ်ပြီး အပြန်လှန် မေးမြန်းခြင်း မရှိဘဲ မိနစ် (၂၀) ခန့်ကြာ စကားပြောရတာကို မုန်းပါတယ်။ တစ်ခါတစ်လေတော့ ကျွန်တော်က ကိုယ့်နည်းကိုယ်ဟန်နဲ့ လှုံ့ဆော်ပေးပါတယ်။ ကျွန်တော်ရဲ့ အသင်းအနေနဲ့ ပြီးခဲ့တဲ့ နေ့မှာ ပြသခဲ့တာက နောက်နေ့တွေမှာ တိုးတတ်ဖို့ လိုအပ်တာ ဆိုတာပါပဲ”လို့ ပြောသွားပါတယ်။