စပါးနည်းပြ မော်ရင်ဟိုကတော့ စပါးအသင်းအနေနဲ့ အက်ဖ်အေ ဖလား ပဉ္စမ အဆင့်မှာ အသင်း ပရိသတ်တွေကို ရန်သွားတွေခဲ့တဲ့ အဲရစ် ဒိုင်ယာကို အပြစ်ပေးမယ် ဆိုရင်တော့ သူ လိုချင်လို့ အပြစ်ပေးတာ မဟုတ်ဘဲ သူက ကစားသမားဘက်က ရှိနေမှာပါလို့ ပြောကြားသွားခဲ့ပါတယ်။ စပါး ကွင်းလယ်လူ အဲရစ် ဒိုင်ယာဟာ နော်ဝှေ့ချ်အသင်းကို ပင်နယ်တီ အဆုံး အဖြတ်ကြောင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အက်ဖ်အေ ဖလား ပွဲစဉ် ပြီးနောက် ပွဲကြည့်စင်မှာ သူ့ရဲ့ အစ်ကို ဖြစ်သူကို ရှန်ရှာခဲ့တဲ့ ပရိသတ် တစ်ဦးကို သွားရောက်ပြီး ရန်တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ အဲရစ် ဒိုင်ယာဟာ သူ့ရဲ့ အစ်ကိုဖြစ်သူကို ကာကွယ်ဖို့ သူ့ရဲ့ အစ်ကိုကို ရန်ရှာတဲ့ ပရိသတ်ကို ရန်သွားတွေ့ခဲ့တာကြောင့် ဘောလုံး အဖွဲ့ချုပ်က သူ့ကို ပြစ်ဒဏ်ချမှတ်နိုင်ချေရှိပြီး နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းကလည်း သူ့ကို ပြစ်ဒဏ် ချမှတ်နိုင်ချေ ရှိနေပြီ ဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟိုကတော့ စပါးအသင်းအနေနဲ့ အဲရစ် ဒိုင်ယာကို ပြစ်ဒဏ် ချမှတ်မယ် ဆိုရင် ကစားသမားဘက်မှာ ရှိနေမှာ ဖြစ်တယ်လို့ ပြောခဲ့ပြီး အသင်းအနေနဲ့လည်း ကစားသမားရဲ့ ဘက်မှာ ရပ်တည်ပေးလိမ့််မယ်လို့ ယုံကြည်ပါတယ်လို့ အခိုင်အမာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ မော်ရင်ဟိုက “အဲရစ် ဒိုင်ယာအနေနဲ့ အပြစ်ပေးခံရမလား ဆိုတာနဲ့ ပက်သက်ပြီးတော့ ကျွန်တော် အဖြေ မသိပါဘူး။ ကျွန်တော်အနေနဲ့ တစ်ခု ပြောနိုင်တာကတော့ တကယ်လို့များ အသင်းအနေနဲ့ သူ့ကို အပြစ်ပေးမယ်ဆိုရင် ကျွန်တော် လိုချင်လို့ အပြစ်ပေးတာ မဟုတ်ပါဘူး။ ကျွန်တော်တော့ ကစားသမားဘက်မှာပဲ ရှိမှာပါ။ အသင်းအနေနဲ့လည်း ကစားသမားဘက်မှာ ရှိနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ သူ့ကို အပြစ်ပေးမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ နည်းလမ်းတစ်ခုက စကားပြောမယ်၊ စိတ်ကူးတွေ မျှဝေမယ်။ အခြားနည်းလမ်းကတော့ အဲဒီနည်းလမ်းအတိုင်း ဆက်သွားဖို့ပါပဲ။ အသင်းအနေနဲ့ အဲဒီလို သွားချင်တယ်လို့တော့ ကျွန်တော် မထင်ပါဘူး”လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။