ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ့ နည္းၿပ ျဖစ္သူ ဟိုေဆးေမာ္ရင္ဟိုကေတာ့ ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာ တံေကာက္ေၾကာ ဒဏ္ရာရခဲ့တာေၾကာင့္ ခြဲစိတ္ကုသမွုခံယူရမယ့္ အသင္းရဲ့အဓိက တိုက္စစ္မွူး ဟယ္ရီကိန္းဟာ ဘယ္အခ်ိန္က်မ​ွ အသင္းနဲ႔လာေရာက္ ပူးေပါင္း ျဖစ္မလဲဆိုတာကို မသိရွိေသးေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။

Photo Credit: Standard.com

ဒီရာသီမွာ ရလဒ္အတက္အက်ေတြနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ ႐ုန္းကန္ေနရတဲ့ အေနအထားေၾကာင့္ ဟယ္ရီကိန္း ဒဏ္ရာရရွိတာဟာ ေမာ္ရင္ဟိုအတြက္ ႀကီးမားတဲ့ အခက္အခဲ တစ္ခုျဖစ္ေနၿပီ လက္ရွိ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာေတာ့ စပါးအသင္းဟာ ဟယ္ရီကိန္းရဲ့ေနရာကို အစားဝင္နိုင္မယ့္ တိုက္စစ္မွူး တစ္ဦးကို ရွာေဖြေနတယ္လို႔ သိထားရပါတယ္။

Photo Credit: Standard.com

ကနဦးမွာ စပါးအသင္းဟာ ဘယ္ဘက္ တံေကာက္ေၾကာဒဏ္ရာရခဲ့တဲ့ ဟယ္ရီကိန္းဟာ အသင္းရဲ့ပြဲစဥ္ေတြကို သုံးလခန႔္သာ လြဲေခ်ာ္လိမ့္မယ္လို႔ ေမၽွာ္မွန္းထားခဲ့ၿပီး ဧၿပီလမွာေတာ့ အသင္းအတြက္ ျပန္ကစားေပးနိုင္မယ္ လို႔ ေျပာဆိုထားခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေမာ္ရင္ဟိုက ဟယ္ရီကိန္းဟာ ဒဏ္ရာကေန ဘယ္အခ်ိန္မွ သက္သာလာမလဲဆိုတာ အတိအက်မေျပာနိုင္ေတာ့ဘူးလို႔ ထုတ္ေဖာ္ေျပာဆို လာခဲ့ပါတယ္။

Photo Credit: Standard.com

ဟယ္ရီကိန္းရဲ့ ဒဏ္ရာနဲ႔ပတ္သတ္ၿပီး ” ကၽြန္ေတာ္တို႔ တတ္နိုင္သေလာက္ အေကာင္းဆုံး လုပ္ေဆာင္ေနပါတယ္။ ဟယ္ရီကိန္းရဲ့ ဒဏ္ရာနဲ႔ ပတ္သတ္ၿပီး ကၽြန္ေတာ့္မွာ သတင္းအသစ္ မရွိေသးပါဘူး။ ခင္ဗ်ားတို႔က ကၽြန္ေတာ့္ကို သူ႔ရဲ့ အေၾကာင္းလာေမးရင္ အျမဲတမ္း တူညီတဲ့ သတင္းကိုပဲ ရေနမွာပါ။ ကၽြန္ေတာ္တို႔က သူဟာ ဧၿပီလလယ္ ဒါမွမဟုတ္ ဧၿပီလကုန္ ဒါမွမဟုတ္ မတ္လ ဒါမွမဟုတ္ ေနာက္ရာသီမွ ျပန္ကစားနိုင္လိမ့္မယ္လို႔ ေမၽွာ္မွန္းထားၾကပါတယ္ ” လို႔ ဖြင့္ဟလာခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြ ဖြစ်သူ ဟိုဆေးမော်ရင်ဟိုကတော့ ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူရမယ့် အသင်းရဲ့အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘယ်အချိန်ကျမ​ှ အသင်းနဲ့လာရောက် ပူးပေါင်း ဖြစ်မလဲဆိုတာကို မသိရှိသေးကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Standard.com

ဒီရာသီမှာ ရလဒ်အတက်အကျတွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့ အနေအထားကြောင့် ဟယ်ရီကိန်း ဒဏ်ရာရရှိတာဟာ မော်ရင်ဟိုအတွက် ကြီးမားတဲ့ အခက်အခဲ တစ်ခုဖြစ်နေပြီ လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတော့ စပါးအသင်းဟာ ဟယ်ရီကိန်းရဲ့နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တစ်ဦးကို ရှာဖွေနေတယ်လို့ သိထားရပါတယ်။

Photo Credit: Standard.com

ကနဦးမှာ စပါးအသင်းဟာ ဘယ်ဘက် တံကောက်ကြောဒဏ်ရာရခဲ့တဲ့ ဟယ်ရီကိန်းဟာ အသင်းရဲ့ပွဲစဉ်တွေကို သုံးလခန့်သာ လွဲချော်လိမ့်မယ်လို့ မျှော်မှန်းထားခဲ့ပြီး ဧပြီလမှာတော့ အသင်းအတွက် ပြန်ကစားပေးနိုင်မယ် လို့ ပြောဆိုထားခဲ့ပေမယ့် လက်ရှိမှာတော့ မော်ရင်ဟိုက ဟယ်ရီကိန်းဟာ ဒဏ်ရာကနေ ဘယ်အချိန်မှ သက်သာလာမလဲဆိုတာ အတိအကျမပြောနိုင်တော့ဘူးလို့ ထုတ်ဖော်ပြောဆို လာခဲ့ပါတယ်။

Photo Credit: Standard.com

ဟယ်ရီကိန်းရဲ့ ဒဏ်ရာနဲ့ပတ်သတ်ပြီး ” ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ ဟယ်ရီကိန်းရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ သတင်းအသစ် မရှိသေးပါဘူး။ ခင်ဗျားတို့က ကျွန်တော့်ကို သူ့ရဲ့ အကြောင်းလာမေးရင် အမြဲတမ်း တူညီတဲ့ သတင်းကိုပဲ ရနေမှာပါ။ ကျွန်တော်တို့က သူဟာ ဧပြီလလယ် ဒါမှမဟုတ် ဧပြီလကုန် ဒါမှမဟုတ် မတ်လ ဒါမှမဟုတ် နောက်ရာသီမှ ပြန်ကစားနိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ် ” လို့ ဖွင့်ဟလာခဲ့တာပါ။