စပါးနည္းျပ ေမာ္ရင္ဟုိကေတာ့ လက္ရွိရာသီမွာ စပါးအသင္းနဲ႔ အက္ဖ္ေအဖလား ရခ်င္တယ္လုိ႔ ေျပာခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကုိ နည္းျပခဲ့စဥ္က (၂၀၀၇) ခုႏွစ္မွာ အက္ဖ္ေအဖလား ရရွိခဲ့ပါတယ္။ စပါးအသင္းဟာ လာမယ့္ တနဂၤေႏြေန႔ည (၈း၃၀) အခ်ိန္မွာ ခ်န္ပီယံရွစ္ၿပိုင္ပဲြက မစ္ဒယ္ဘေရာ့ အသင္းနဲ႔ အက္ဖ္ေအဖလား တတိယ အဆင့္ အေဝးကြင္း ပဲြစဥ္ကုိ ကစားသြားမွာ ျဖစ္ပါတယ္။

Photo Credit: Onefootball

စပါးအသင္းဟာ (၁၉၉၁) ခုႏွစ္က အက္ဖ္ေအဖလားကုိ ေနာက္ဆုံး အႀကိမ္ ရရွိႏုိင္ခဲ့တာ ျဖစ္ၿပီး အဲဒီေနာက္ပုိင္း ႏွစ္ေပါင္း (၃၀) အတြင္း အက္ဖ္ေအဖလားကုိ မရႏုိင္ခဲ့ေတာ့တာပဲ ျဖစ္ပါတယ္။ စပါးအသင္းဟာ (၁၉၉၁) ခုႏွစ္မွာ အက္ဖ္ေအဖလား (၃) ႀကိမ္ေျမာက္ ရခဲ့ေပမဲ့ အဲဒီေနာက္ပုိင္း ႏွစ္ေပါင္း (၃၀) အတြင္း အက္ဖ္ေအဖလား ဗုိလ္လုပဲြကုိေတာင္ မေရာက္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Onefootball

စပါးနည္းျပ ေမာ္ရင္ဟုိဟာ အက္ဖ္ေအ ဖလား တတိယ အဆင့္ ကစားမယ့္ ပဲြစဥ္မွာ တုိက္စစ္မွဴး ဟယ္ရီကိန္း မပါဝင္ႏုိင္မွာ ျဖစ္ေပမဲ့ အႏုိင္ယူၿပီး ဗုိလ္လုပဲြအထိ ေရာက္ခ်င္တယ္လုိ႔ ဆုိပါတယ္။ နည္းျပ ေမာ္ရင္ဟုိဟာ စပါးအသင္းကို ေနာက္ဆုံး နည္းျပခဲ့တဲ့ ပဲြစဥ္မွာေတာ့ ေဆာက္သမ္တန္ အသင္းကုိ (၁-၀) နဲ႔ ရႈံးနိမ့္ခဲ့ၿပီး သူက အက္ဖ္ေအဖလားက အေရးႀကီးတယ္လုိ႔ ေျပာခဲ့ပါတယ္။

Photo Credit: Onefootball

ေမာ္ရင္ဟုိက “အက္ဖ္ေအ ဖလားက အရမ္း အရမ္း အေရးႀကီးတယ္လုိ႔ ကြ်န္ေတာ္ ထင္ပါတယ္။ အက္ဖ္္ေအဖလား ၿပိဳင္ပဲြက အျခားအသင္းေတြလုိ ဗုိလ္စဲြႏုိင္တဲ့ တန္းတူ အခြင့္အေရး ရွိတယ္လုိ႔ စေတြးေစတဲဲ့ ၿပိဳင္ပဲြပါပဲ။ ေသခ်ာတာေတာ့ ဆီးမီးဖုိင္နယ္ ဒါမွမဟုတ္ ဗုိလ္လုပဲြကုိ ေရာက္သြားဖုိ႔ အေဝးႀကီး လုိေသးတယ္။ ဒါေပမဲ့ အဲဒီကုိ ေရာက္ဖုိ႔ ရွိသမွ်နဲ႔ ဆက္သြားမွာပါ”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

စပါးနည်းပြ မော်ရင်ဟိုကတော့ လက်ရှိရာသီမှာ စပါးအသင်းနဲ့ အက်ဖ်အေဖလား ရချင်တယ်လို့ ပြောခဲ့ပြီး ချဲလ်ဆီးအသင်းကို နည်းပြခဲ့စဉ်က (၂၀၀၇) ခုနှစ်မှာ အက်ဖ်အေဖလား ရရှိခဲ့ပါတယ်။ စပါးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့ည (၈း၃၀) အချိန်မှာ ချန်ပီယံရှစ်ပြိုင်ပွဲက မစ်ဒယ်ဘရော့ အသင်းနဲ့ အက်ဖ်အေဖလား တတိယ အဆင့် အဝေးကွင်း ပွဲစဉ်ကို ကစားသွားမှာ ဖြစ်ပါတယ်။

Photo Credit: Onefootball

စပါးအသင်းဟာ (၁၉၉၁) ခုနှစ်က အက်ဖ်အေဖလားကို နောက်ဆုံး အကြိမ် ရရှိနိုင်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်း နှစ်ပေါင်း (၃၀) အတွင်း အက်ဖ်အေဖလားကို မရနိုင်ခဲ့တော့တာပဲ ဖြစ်ပါတယ်။ စပါးအသင်းဟာ (၁၉၉၁) ခုနှစ်မှာ အက်ဖ်အေဖလား (၃) ကြိမ်မြောက် ရခဲ့ပေမဲ့ အဲဒီနောက်ပိုင်း နှစ်ပေါင်း (၃၀) အတွင်း အက်ဖ်အေဖလား ဗိုလ်လုပွဲကိုတောင် မရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Onefootball

စပါးနည်းပြ မော်ရင်ဟိုဟာ အက်ဖ်အေ ဖလား တတိယ အဆင့် ကစားမယ့် ပွဲစဉ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်း မပါဝင်နိုင်မှာ ဖြစ်ပေမဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲအထိ ရောက်ချင်တယ်လို့ ဆိုပါတယ်။ နည်းပြ မော်ရင်ဟိုဟာ စပါးအသင်းကို နောက်ဆုံး နည်းပြခဲ့တဲ့ ပွဲစဉ်မှာတော့ ဆောက်သမ်တန် အသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပြီး သူက အက်ဖ်အေဖလားက အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Onefootball

မော်ရင်ဟိုက “အက်ဖ်အေ ဖလားက အရမ်း အရမ်း အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ အက်ဖ်အေဖလား ပြိုင်ပွဲက အခြားအသင်းတွေလို ဗိုလ်စွဲနိုင်တဲ့ တန်းတူ အခွင့်အရေး ရှိတယ်လို့ စတွေးစေတဲ့ ပြိုင်ပွဲပါပဲ။ သေချာတာတော့ ဆီးမီးဖိုင်နယ် ဒါမှမဟုတ် ဗိုလ်လုပွဲကို ရောက်သွားဖို့ အဝေးကြီး လိုသေးတယ်။ ဒါပေမဲ့ အဲဒီကို ရောက်ဖို့ ရှိသမျှနဲ့ ဆက်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။