စပါး နည္းျပ ေမာ္ရင္ဟုိဟာ မေန႔ညက လီဗာပူးလ္အသင္းကုိ (၁-၀) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပဲြစဥ္မွာ စပါးအသင္းအတြက္ ပဲြဦးထြက္ ပဲြစဥ္ ကစားသြားတဲ့ စပါးေနာက္ခံလူ တန္ဂမ္ဂါအေပၚ ၾကမ္းတမ္းစြာ ျဖတ္ထုတ္ခဲ့တဲ့ ေရာ္ဘတ္ဆန္ကုိ အဝါကဒ္ နဲ႔ အနီကဒ္၊ တစ္ခုမွ မျပတာေၾကာင့္ ေဒါသထြက္ၿပီး VAR ဒုိင္ေတြကုိ အနီကဒ္ ျပဖုိ႔ မၾကည့္ဘဲ လက္ဖက္ရည္ ေသာက္ေနၾကတယ္လုိ႔ ေျပာပါတယ္။

Photo Credit: Dailymail

လီဗာပူးလ္ ညာေနာက္ခံ ကစားသမား ေရာ္ဘတ္ဆန္ဟာ ပဲြခ်ိန္ (၆၆) မိနစ္က စပါး ေနာက္ခံလူ တန္ဂမ္ဂါကုိ ျဖတ္ထုတ္လုိက္တဲ့ အခ်ိန္မွာ တန္ဂမ္ဂါရဲ႕ ေျခခ်င္းဝက္ကုိ တက္နင္းမိသြားခဲ့ေပမဲ့ ကြင္းလယ္ဒုိင္က အနီကဒ္ေရာ အဝါကဒ္ေရာ တစ္ကဒ္မွ မျပခဲ့တာေၾကာင့္ ပဲြၾကည့္ ပရိသတ္ေတြ အံ့ၾသသြားခဲ့ၿပီး နည္းျပ ေမာ္ရင္ဟုိက ပဲြအၿပီးမွာ VAR ဒုိင္ေတြကုိ ျပင္းထန္စြာ ေဝဖန္သြားတာပါ။

Photo Credit: Dailymail

Sky Sports သတင္းမွာ စပါး နည္းျပ ေမာ္ရင္ဟုိက “လီဗာပူးလ္အသင္းက ကံေကာင္းခဲ့ပါတယ္။ သူတုိ႔ ပဲြစဥ္ကုိ ကစားသမား (၁၀) ေယာက္နဲ႔ ၿပီးဆုံးသြားႏုိင္ပါတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္မွာ VAR ဒုိင္ေတြက လက္ဖက္ရည္ ေသာက္ေနၾကတယ္ ဆုိေတာ့ ေရာ္ဘတ္ဆန္ကုိ အနီကဒ္ျပဖုိ႔အတြက္ မၾကည့္ခဲ့ၾကပါဘူး”လုိ႔ ပဲြၿပီး သတင္းစာ ရွင္းလင္းပဲြမွာ မေက်နပ္မႈ မ်ားစြာနဲ႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Dailymail

စပါးအသင္းဟာ အိမ္ကြင္းမွာ လီဗာပူးလ္အသင္းကုိ ဧည့္ခံ ကစားခဲ့ေပမဲ့ ပဲြကစားခ်ိန္ (၃၇) မိနစ္မွာေတာ့ လီဗာပူးလ္ တုိက္စစ္မွဴး ဖာမင္ႏုိရဲ႕ အဖြင့္ဂုိး ခြင့္ျပဳခဲ့ရတာေၾကာင့္ (၁-၀) နဲ႔႔ ဦးေဆာင္ခံေနခဲ့ရၿပီး လက္က်န္ပဲြကစားခ်ိန္ နဲ႔ ဒုတိယပုိင္းမွာ ေခ်ပဂုိး ျပန္မသြင္းႏုိင္ခဲ့တာေၾကာင့္ ပဲြအျပီးမွာ (၁-၀) နဲ႔ ရႈံးနိမ့္သြားခဲ့သလုိ၊ အမွတ္ေပး ဇယားမွာ အဆင့္ (၈) ေနရာ ရရွိသြားတာ ျဖစ္ပါတယ္။

{Unicode}

စပါး နည်းပြ မော်ရင်ဟိုဟာ မနေ့ညက လီဗာပူးလ်အသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ စပါးအသင်းအတွက် ပွဲဦးထွက် ပွဲစဉ် ကစားသွားတဲ့ စပါးနောက်ခံလူ တန်ဂမ်ဂါအပေါ် ကြမ်းတမ်းစွာ ဖြတ်ထုတ်ခဲ့တဲ့ ရော်ဘတ်ဆန်ကို အဝါကဒ် နဲ့ အနီကဒ်၊ တစ်ခုမှ မပြတာကြောင့် ဒေါသထွက်ပြီး VAR ဒိုင်တွေကို အနီကဒ် ပြဖို့ မကြည့်ဘဲ လက်ဖက်ရည် သောက်နေကြတယ်လို့ ပြောပါတယ်။

Photo Credit: Dailymail

လီဗာပူးလ် ညာနောက်ခံ ကစားသမား ရော်ဘတ်ဆန်ဟာ ပွဲချိန် (၆၆) မိနစ်က စပါး နောက်ခံလူ တန်ဂမ်ဂါကို ဖြတ်ထုတ်လိုက်တဲ့ အချိန်မှာ တန်ဂမ်ဂါရဲ့ ခြေချင်းဝက်ကို တက်နင်းမိသွားခဲ့ပေမဲ့ ကွင်းလယ်ဒိုင်က အနီကဒ်ရော အဝါကဒ်ရော တစ်ကဒ်မှ မပြခဲ့တာကြောင့် ပွဲကြည့် ပရိသတ်တွေ အံ့သြသွားခဲ့ပြီး နည်းပြ မော်ရင်ဟိုက ပွဲအပြီးမှာ VAR ဒိုင်တွေကို ပြင်းထန်စွာ ဝေဖန်သွားတာပါ။

Photo Credit: Dailymail

Sky Sports သတင်းမှာ စပါး နည်းပြ မော်ရင်ဟိုက “လီဗာပူးလ်အသင်းက ကံကောင်းခဲ့ပါတယ်။ သူတို့ ပွဲစဉ်ကို ကစားသမား (၁၀) ယောက်နဲ့ ပြီးဆုံးသွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ VAR ဒိုင်တွေက လက်ဖက်ရည် သောက်နေကြတယ် ဆိုတော့ ရော်ဘတ်ဆန်ကို အနီကဒ်ပြဖို့အတွက် မကြည့်ခဲ့ကြပါဘူး”လို့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ မကျေနပ်မှု များစွာနဲ့ ပြောသွားခဲ့ပါတယ်။

Photo Credit: Dailymail

စပါးအသင်းဟာ အိမ်ကွင်းမှာ လီဗာပူးလ်အသင်းကို ဧည့်ခံ ကစားခဲ့ပေမဲ့ ပွဲကစားချိန် (၃၇) မိနစ်မှာတော့ လီဗာပူးလ် တိုက်စစ်မှူး ဖာမင်နိုရဲ့ အဖွင့်ဂိုး ခွင့်ပြုခဲ့ရတာကြောင့် (၁-ဝ) နဲ့ ဦးဆောင်ခံနေခဲ့ရပြီး လက်ကျန်ပွဲကစားချိန် နဲ့ ဒုတိယပိုင်းမှာ ချေပဂိုး ပြန်မသွင်းနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ (၁-ဝ) နဲ့ ရှုံးနိမ့်သွားခဲ့သလို၊ အမှတ်ပေး ဇယားမှာ အဆင့် (၈) နေရာ ရရှိသွားတာ ဖြစ်ပါတယ်။