တော့တင်ဟန် ဟော့စပါး အသင်းဟာ မနေ့ညက ဖူဟန်လ် အသင်းနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ယခု လက်ရှိ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ အနိုင်ရရှိမယ့် အနေအထားတွေကနေ ရမှတ်တွေ ဆုံးရှုံးရတာဟာ ၁၀ မှတ်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ ဟိုဆေး မော်ရင်ဟို ကတော့ စပါး အသင်းအနေနဲ့ အခုလို ရမှတ်တွေ ဆုံးရှုံးနေရတာဟာ တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ အမှားတွေကြောင့် ဖြစ်ကြောင်း ပြစ်တင် ဝေဖန်ပြောဆိုခဲ့ပါတယ်။ စပါး အသင်းအနေနဲ့ ဖူဟမ်လ် နဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ၃၉ မိနစ်က သွင်းယူခဲ့တဲ့ ဟယ်ရီကိန်း ရဲ့ သွင်းဂိုးကြောင့် အမှတ်ပေးဇယားရဲ့ တတိယနေရာကို တက်လှမ်းနိုင်တော့မယ်လို့ ထင်ခဲ့ရပေမယ့်လည်း ဖူဟမ်လ်တိုက်စစ် ကစားသမား အီဗန် ကာဗယ်လီရို ရဲ့ ၇၄ မိနစ်မှာ သွင်းယူခဲ့တဲ့ ချေပဂိုးကြောင့် စပါးအသင်းရဲ့ အိမ်မက် ပျက်ပြယ်ခဲ့ရပါတယ်။

Photo Credit: FotMob

တော့တင်ဟန် ဟော့စပါး အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အနိုင်ရနိုင်မယ့် အနေအထားကနေ ရမှတ် ၁၀ မှတ်ဆုံးရှုံးထားရပြီ ဖြစ်ပြီး နည်းပြ မော်ရင်ဟို က တစ်ဦးချင်း အမှားတွေကို အပြစ်တင်ခဲ့ပါတယ်။ ဟယ်ရီကိန်း ရဲ့ အဖွင့်ဂိုး မတိုင်ခင်မှာ ဆွန်ဟောင်မင် အနေနဲ့ ပြိုင်ဘက် ဂိုးသမား အယ်လ်ဖွန်းစ် အေရီအိုးလား နဲ့ နီးနီးကပ်ကပ် အနေအထားမှာ ရှိခဲ့ပေမယ့်လည်း အခွင့်အရေးတွေကို အကောင်းဆုံး အသုံးမချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှာလည်း တောင်ကိုးရီးယားသား ဆွန်ဟောင်မင် အနေနဲ့ အပိုင် ဂိုးသွင်းခွင့်တစ်ကြိမ် ထပ်ရခဲ့ပေမယ့် သူ့ရဲ့ ကန်ချက်ကတော့ ဂိုးတိုင်ကိုပဲ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ “ ပထမပိုင်းမှာတင် မတူတဲ့ ရလဒ်တစ်မျိုးထွက်ဖို့ အတွက် အခွင့်အရေး ကြီးကြီးမားမား သုံးလေးကြိမ် ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရခဲ့တဲ့ အကြီးမားဆုံး အခွင့်အရေးကတော့ ကစားပွဲကိုတောင် အဆုံးသတ်စေနိုင်ပါတယ်၊ အဲ့ဒီနောက်တော့ ကျွန်တော်တို့ လုံးဝ ရှောင်လွှဲလို့မရတဲ့ သွင်းဂိုး တစ်ဂိုး ခွင့်ပြုပေးလိုက်ရတယ် ”

Photo Credit: FotMob

“ ကျွန်တော်တို့ ကစားပွဲကို အဆုံးသတ် အနိုင်ယူနိုင်မယ့် အနေအထားမှာ ရှိခဲ့ပါတယ်။ ဒါက များသောအားဖြင့် ပွဲစဉ်တော်တော်များများမှာပါ ဖြစ်နေတယ်။ ဒါပေါ့ ဒီဟာက အမှတ်တွေ ဆုံးရှုံးစေပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့က အနိုင်ရနေပြီးတော့ ပွဲကို အဆုံးသတ်နိုင်မယ့် ရည်မှန်းချက်မျိုး မပြသနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ကစားပွဲရဲ့ နောက်ဆုံးမိနစ်တွေမှာ သွင်းဂိုးပြန်လည်ခွင့်ပြုပေးခဲ့ရတဲ့ ပွဲစဉ်တော်တော်များများမှာ အဲ့ဒါက အမြဲတမ်းလိုလို ဖြစ်နေတာပါ။ တစ်ဦးချင်းစီရဲ့ အရည်အချင်းတွေက ကျဆင်းနေပြီးတော့ တစ်ဦးချင်းစီရဲ့ အမှားတွေ ရှိနေပါတယ်။ အခြေခံအားဖြင့်တော့ ကျွန်တော် ဒီ့ထက်ပိုပြီးတော့ ပြောပြလို့ မရတော့ပါဘူး။ မကြာခင်မှာ ပြန်ကစားရမာ ဖြစ်တဲ့ အတွက် ကောင်းပါတယ်။ တနင်္ဂနွေနေ့ ပွဲစဉ်ပြီးရင် ကျွန်တော်တို့ ၁၀ ရက်နားရမာ အတွက်တော့ မကောင်းပါဘူး။ ဒီလို အချိန်မျိုးမှာဆိုတော့လည်း ကျွန်တော်တို့ အနေနဲ့ အဲ့ဒါကို လက်ခံလိုက်ရုံပဲ ရှိပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။