ယခုတစ္ပတ္ အက္ဖ္ေအဖလားပြဲစဥ္ေတြမွာ အသင္းႀကီးေတာ္ေတာ္မ်ားမ်ား ရလဒ္ေကာင္းေတြနဲ႔အတူ ေနာက္တစ္ဆင့္ကို တက္ခဲ့ေပမယ့္ ယူနိုက္တက္အသင္းနဲ႔ စပါးအသင္းတို႔ကေတာ့ အေဝးကြင္းမွာ သေရရလဒ္ေတြသာ ရရွိခဲ့တာေၾကာင့္ ျပန္ကန္ပြဲစဥ္ေတြကို ကစားရေတာ့မွာပဲ ျဖစ္ပါတယ္။ ဒီအထဲမွာမွ စပါးအသင္းဟာ ခ်န္ပီယံရွစ္ကလပ္အသင္းျဖစ္တဲ့ မစ္ဒယ္ဘေရာ့အသင္းကို အေဝးကြင္းမွာ သေရရလဒ္ရရွိေအာင္ ခက္ခက္ခဲခဲ ႐ုန္းကန္ကစားခဲ့ရပါတယ္။

Photo Credit: Football London.com

စပါးအသင္းဟာ အဓိကတိုက္စစ္မွူးျဖစ္တဲ့ ဟယ္ရီကိန္းကို တံေကာက္ေၾကာဒဏ္ရာ ျပႆနာေၾကာင့္ ဆုံးရွုံးထားရတာတဲ့အသင္းျဖစ္ၿပီး လက္ရွိအခ်ိန္မွာ အသင္းဟာ အေတာ္ေလးကို အင္အားနည္းပါးေနခဲ့ပါတယ္။ ဒီအခ်က္ကို မစ္ဒယ္ဘေရာ့အသင္းနဲ႔ပြဲစဥ္မွာ ျမင္ေတြ႕ခဲ့ရၿပီး စပါးအသင္းဟာ ဆြန္ေဟာင္မင္ ၊ အလီ ၊ ေမာ္ရာစတဲ့ တိုက္စစ္အားသန္ ကြင္းလယ္ ကစားသမားေတြ ၊ ေတာင္ပံကစားသမားေတြကို ပိုင္ဆိုင္ထားေပမယ့္ သြင္းဂိုးသြင္းနိုင္မယ့္ တိုက္စစ္မွူးမရွိတာေၾကာင့္ အနိုင္ရရွိဖို႔အတြက္ ႐ုန္းကန္ခဲ့ရပါတယ္။

Photo Credit: Football London.com

အသင္းနည္းၿပ ေမာ္ရင္ဟိုကိုယ္တိုင္က ပြဲၿပီးဆုံးခ်ိန္မွာ သူတို႔အသင္းရဲ့ တိုက္စစ္ပိုင္းမွာ တိုက္စစ္မွူးစစ္စစ္မရွိတာက ဆိုးရြားတဲ့ ျပႆနာတစ္ခုပဲလို႔ ၿငီးတြားသြားခဲ့ပါတယ္။ ဒါေပမယ့္ ေမာ္ရင္ဟိုက​ေတာ့ မစ္ဒယ္ဘေရာ့ကို သေရက်ခဲ့တာဟာ ကြင္းအတြင္းမွာ ကစားခဲ့ရတဲ့ ေဘာလုံးေၾကာင့္ျဖစ္ေၾကာင္းနဲ႔ ေဘာလုံးဟာ ကမ္းေျခေဘာလုံးလိုမ်ိဳး ေပါ့ေနခဲ့တယ္လို႔ ေဝဖန္သုံးသပ္သြားခဲ့ပါတယ္။

Photo Credit: Football London.com

ပြဲအတြင္းမွာ အသုံးျပဳခဲ့တဲ့ ေဘာလုံးနဲ႔ ပတ္သတ္ၿပီး ေမာ္ရင္ဟိုက ” ေဘာလုံးက ကမ္းေျခေဘာလုံးလိုပါပဲ။ အရမ္းကိုေပါ့ေနခဲ့ပါတယ္။ ဒါက ကစားသမားေတြကို ကစားရ ခက္ခဲေစပါတယ္။ ကၽြန္ေတာ္က ဒါကို ဆင္ေျခတစ္ခုအေနနဲ႔ ေျပာခ်င္တာမဟုတ္ေပမယ့္ ဒီအရာက ပြဲကို ထိခိုက္ေစပါတယ္ ” လို႔ ေျပာသြားခဲ့ပါတယ္။

ယခုတစ်ပတ် အက်ဖ်အေဖလားပွဲစဉ်တွေမှာ အသင်းကြီးတော်တော်များများ ရလဒ်ကောင်းတွေနဲ့အတူ နောက်တစ်ဆင့်ကို တက်ခဲ့ပေမယ့် ယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ကတော့ အဝေးကွင်းမှာ သရေရလဒ်တွေသာ ရရှိခဲ့တာကြောင့် ပြန်ကန်ပွဲစဉ်တွေကို ကစားရတော့မှာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာမှ စပါးအသင်းဟာ ချန်ပီယံရှစ်ကလပ်အသင်းဖြစ်တဲ့ မစ်ဒယ်ဘရော့အသင်းကို အဝေးကွင်းမှာ သရေရလဒ်ရရှိအောင် ခက်ခက်ခဲခဲ ရုန်းကန်ကစားခဲ့ရပါတယ်။

Photo Credit: Football London.com

စပါးအသင်းဟာ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟယ်ရီကိန်းကို တံကောက်ကြောဒဏ်ရာ ပြဿနာကြောင့် ဆုံးရှုံးထားရတာတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းဟာ အတော်လေးကို အင်အားနည်းပါးနေခဲ့ပါတယ်။ ဒီအချက်ကို မစ်ဒယ်ဘရော့အသင်းနဲ့ပွဲစဉ်မှာ မြင်တွေ့ခဲ့ရပြီး စပါးအသင်းဟာ ဆွန်ဟောင်မင် ၊ အလီ ၊ မော်ရာစတဲ့ တိုက်စစ်အားသန် ကွင်းလယ် ကစားသမားတွေ ၊ တောင်ပံကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် သွင်းဂိုးသွင်းနိုင်မယ့် တိုက်စစ်မှူးမရှိတာကြောင့် အနိုင်ရရှိဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Football London.com

အသင်းနည်းပြ မော်ရင်ဟိုကိုယ်တိုင်က ပွဲပြီးဆုံးချိန်မှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ တိုက်စစ်မှူးစစ်စစ်မရှိတာက ဆိုးရွားတဲ့ ပြဿနာတစ်ခုပဲလို့ ငြီးတွားသွားခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက​တော့ မစ်ဒယ်ဘရော့ကို သရေကျခဲ့တာဟာ ကွင်းအတွင်းမှာ ကစားခဲ့ရတဲ့ ဘောလုံးကြောင့်ဖြစ်ကြောင်းနဲ့ ဘောလုံးဟာ ကမ်းခြေဘောလုံးလိုမျိုး ပေါ့နေခဲ့တယ်လို့ ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Football London.com

ပွဲအတွင်းမှာ အသုံးပြုခဲ့တဲ့ ဘောလုံးနဲ့ ပတ်သတ်ပြီး မော်ရင်ဟိုက ” ဘောလုံးက ကမ်းခြေဘောလုံးလိုပါပဲ။ အရမ်းကိုပေါ့နေခဲ့ပါတယ်။ ဒါက ကစားသမားတွေကို ကစားရ ခက်ခဲစေပါတယ်။ ကျွန်တော်က ဒါကို ဆင်ခြေတစ်ခုအနေနဲ့ ပြောချင်တာမဟုတ်ပေမယ့် ဒီအရာက ပွဲကို ထိခိုက်စေပါတယ် ” လို့ ပြောသွားခဲ့ပါတယ်။