MySport Myanmar

ပိုချက်တီနိုနေရာမှာ မော်ရင်ဟိုနဲ့ အစားထိုးသွားဖို့ စဉ်းစားလာခဲ့တဲ့ ပီအက်စ်ဂျီအသင်း

ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ လက်ရှိအသင်းရဲ့နည်းပြ မာရီစီယိုပိုချက်တီနိုနဲ့သာ လက်တွဲဖြုတ်ဖြစ်ခဲ့မယ်ဆိုရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ရိုးမားအသင်းနည်းပြ ဂျိုဆေးမော်ရင်ဟိုကိုပါ ထည့်သွင်းစဉ်းစားနေတယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက် တော့တင်ဟမ်ဟော့စပါးတို့ကို ကိုင်တွယ်ခဲ့ပြီး လက်ရှိမှာ ရိုးမားအသင်းကို ကိုင်တွယ်နေသလို ရိုးမားကိုပါ ပထမဆုံး ဥရောပအောင်မြင်မှုအဖြစ် ကွန်းဖရန့်လိဂ်ဖလားကို ရယူပေးထားနိုင်ခဲ့ပါတယ်။ နည်းပြသက်တမ်းတလျှောက် ချန်ပီယံလိဂ်ဖလား ယူရိုပါလိဂ်ဖလား ကွန်းဖရန့်လိဂ်ဖလားတို့လို ဥရောပရဲ့ မေဂျာဆုဖလား(၃)ခုလုံးကို ပထမဆုံးအကြိမ်အဖြစ် သိမ်းပိုက်ရယူနိုင်တဲ့ နည်းပြအဖြစ် စံချိန်တင်နိုင်ခဲ့သလို သူရဲ့လက်ရှိကလပ် ရိုးမားနဲ့လည်း အနာဂတ် ဆက်ရှိနေမှာ ဖြစ်တယ်လို့ပါ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

Photo Credit : The Independent

ဒီလို ရိုးမားအသင်းနဲ့မှာပဲ ဆက်လက်ရှိသွားဦးမယ်လို့ ပြောဆိုထားခဲ့တဲ့ မော်ရင်ဟိုကို ဆော်ဒီမင်းသား ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းက အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ကြိုးပမ်းခဲ့တဲ့အပြင် လက်ရှိမှာလည်း နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖွယ်ရှိနေတဲ့ ပီအက်စ်ဂျီအသင်းကပါ အသင်းနည်းပြနေရာအတွက် မော်ရင်ဟိုကို ချိန်ရွှယ်လာခဲ့တယ်လို့ ဗြိတိန်သတင်းမီဒီယာ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြပိုချက်တီနိုဟာ ဒီရာသီမှာ အသင်းကို လီဂူးဖလား တစ်လုံးတည်းသာ ရယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဘက်မှာလည်း (၁၆)သင်းအဆင့်လောက်နဲ့ ပြိုင်ပွဲကနေ လှည့်ပြန်ထားခဲ့ရတာကြောင့် အသင်းတာဝန်ရှိသူတွေဘက်က ပိုချက်တီနိုအပေါ် မနှစ်မြို့လာခဲ့ကာ အသင်းနဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင် တစ်နှစ်အလိုမှာပဲ လျော်ကြေးပေးပြီး အသင်းကနေ ထုတ်ပယ်သွားချင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ်အဖြစ် ရေပန်းအစားဆုံး ဖြစ်နေရသူက အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇီဒန်းဖြစ်ပြီး တစ်ဖက်မှာလည်း ဘောလုံးနည်းပြတွေထဲကမှ အကျော်အမော်တစ်ဦးဖြစ်တဲ့ မော်ရင်ဟိုကိုပါ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ။် ဒီလို အခြေအနေတွေ ရှိနေပမယ့်လည်း ပိုချက်တီနိုကတော့ သူရဲ့အနာဂတ်က တည်ငြိမ်နေပြီး လာမယ့်ရာသီအတွင်း အသင်းမှာသာ ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

Exit mobile version