စပါး နည်းပြ မော်ရင်ဟိုကတော့ တနင်္ဂနွေနေ့ည (၁၁း၀၀) အချိန်၊ မန်စီးတီးအသင်းနဲ့ ကစားသွားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) မှာ ရမှတ်တွေ လိုအပ်နေတဲ့ အတွက်ကြောင့် အနိုင်ရရှိချင်ပါတယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟိုဟာ ရီးရဲလ်အသင်း၊ အင်တာမီလန်အသင်း၊ မန်ယူအသင်းတို့ကို ကိုင်တွယ်ခဲ့စဉ်က နည်းပြ ဂွါဒီယိုလာရဲ့ ဘာစီလိုနာအသင်း၊ မန်စီးတီးအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး မနက်ဖြန်ညမှာတော့ စပါးနည်းပြအဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Photo Credit: FourFourTwo

နည်းပြ မော်ရင်ဟိုဟာ မန်ယူအသင်းကို နည်းပြခဲ့စဉ်က နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပြီး မန်ယူအသင်းကနေ ထွက်သွားပြီး (၁) နှစ်ခန့်ကြာ အနားယူပြီးနောက် စပါးနည်းပြ ဖြစ်လာခဲ့ပါတယ်။ နည်းပြ မော်ရင်ဟိုဟာ မနက်ဖြန် တနင်္ဂနွေည (၁၁း၀၀) အချိန်မှာ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ကစားသွားရမှာ ဖြစ်ပြီး ရမှတ်တွေ လိုအပ်နေတာကြောင့် နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို အနိုင်ရချင်တယ်လို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။

Photo Credit: FourFourTwo

နည်းပြ မော်ရင်ဟိုက “သူနဲ့ ပက်သက်လာရင် တစ်သင်းနဲ့ တစ်သင်း (၃) နှစ်ကြာ ယှဉ်ပြိုင်ခဲ့ရတာ သွားသတိရမိပါတယ်။ ဘာစီလိုနာ နဲ့ ရီးရဲလ် ပြိုင်ပွဲ၊ ချန်ပီယံလိဂ်မှာ အင်တာမီလန် နဲ့ ဘာစီလိုနာ ပြိုင်ပွဲ၊ မန်စီးတီး နဲ့ မန်ယူ ပြိုင်ပွဲ၊ အခု စပါး နဲ့ စီးတီး ပြိုင်ပွဲပါ။ မော်ရင်ဟို နဲ့ ဂွါဒီယိုလာ ပြိုင်ပွဲတွေ မဟုတ်ပါဘူး။ ဒီပွဲစဉ်မှာ အနိုင်ရချင်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်ရဲ့အသင်း အနိုင်ရတာကို လိုချင်လို့ပါ။ ရမှတ်လိုအပ်လို့ပါ။ ဒါတွေထက်တော့ မပိုပါဘူး”လို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။

{Unicode}