MySport Myanmar

စပါးနဲ့ပွဲက ဒဏ်ရာကြောင့် နော်တင်ဟမ်နဲ့ပွဲကို လွဲချော်ရတော့မယ့် မောင့်

LONDON, ENGLAND - AUGUST 19: Mason Mount of Manchester United interacts with teammate Jadon Sancho following the team's defeat during the Premier League match between Tottenham Hotspur and Manchester United at Tottenham Hotspur Stadium on August 19, 2023 in London, England. (Photo by Julian Finney/Getty Images)

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ် ကစားသမား မေဆန်မောင့်ဟာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာ ပြသာနာကြောင့် နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ပွဲစဉ်ကိုပါ လွဲချော်သွားရတော့မယ်လို့ မန်ယူနိုက်တက်အသင်းဘက်ကနေ တရားဝင် ထုတ်ပြန်ထားခဲ့ပါတယ်။

အဆိုပါ ဒဏ်ရာ အခြေအနေကြောင့် ကွင်းလယ်လူ မေဆန်မောင့်ရဲ့ လာမယ့် စက်တင်ဘာလ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင်အထိလောက် အနားယူသွားရနိုင်ချေလည်း ရှိနေကြောင်း သိရပါတယ်။

အသက် (၂၄)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်ဟာ ဒီနွေဈေးကွက်ကမှ ချယ်လ်ဆီးကနေ မန်ယူနိုက်တက်အသင်းဆီကို ပေါင် သန်း (၆၀)နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ ဂန္တဝင် ကျောနံပါတ် (၇)ကိုပါ ဝတ်ဆင်ခွင့် ရရှိထားသူလည်း ဖြစ်ပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် ကစားသမားဖြစ်တဲ့ မေဆန်မောင့်ဟာ ယူနိုက်တက်အသင်း ကွင်းလယ်မှာလည်း ပုံမှန် ပွဲထွက်ကစားခွင့် ရရှိနေသူ ဖြစ်ပေမယ့် လာမယ့် စနေနေ့ နော်တင်ဟမ်နဲ့ ပွဲစဉ်ကိုတော့ ဒဏ်ရာ ပြသာနာကြောင့် သေချာပေါက် လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Sun

 

ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ကွင်းလယ်ပိုင်း အားနည်းချက်တွေ ရှိနေရပြီး မောင့်လည်း မပါဝင်နိုင်တော့တာကြောင့် အဲရစ်ဆင်ကိုပဲ ပြန်လည် အသုံးပြုရနိုင်သလို တွမ်မီနေးကိုလည်း ပွဲကစားခွင့်တွေ ပြန်ပေးသွားဖို့ ရှိနိုင်ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်အသင်းက မေဆန်မောင့်လိုပဲ ဒီနွေမှ အသင်းကို ရောက်ရှိလာတဲ့ တိုက်စစ်မှူးလေး ဟွိုင်လန်းကိုလည်း သူရဲ့ ကျောဒဏ်ရာကြောင့် ခုချိန်အထိ အသုံးပြုရခြင်း မရှိသေးပဲ လာမယ့် စက်တင်ဘာလလောက်မှသာ စတင် အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version