ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းက ကစားသမားသစ်တွေကို ပြောင်းရွှေ့ကြေးပေါင်းများစွာ ခေါ်ယူအားဖြည့်ခဲ့လို့ အသင်းရဲ့ မူလကစားသမားတချိ့ နေရာပျောက်ဆုံးရဖွယ် ရှိလာနိုင်တယ်လို့ ယူဆခဲ့ကြပြီး ဒီကစားသမားတွေထဲမှာလည်း လူငယ်ကွင်းလယ်ကစားသမား မေဆန်မောင့်ပါ ပါဝင်နိုင်တယ်လို့ အားလုံးနီးပါးက ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ မောင့်ဟာ လမ်းပတ်ရဲ့ လူစာရင်းအတွင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ချယ်လ်ဆီးပရိသတ်တွေကိုယ်တိုင် မောင့်ကို လမ်းပတ်ရဲ့ အငယ်အနှောင်းရဲ့ ရထားတဲ့သားလို့ပါ ခေါင်းစဉ်တတ်လာခဲ့ရတဲ့အထိ နည်းပြရဲ့မျက်နှာသာပေးမှုကို ခံခဲ့ရတဲ့အထိ အသင်းမှာ အတော်လေးကို နေရာရခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ချယ်လ်ဆီးစီနီယာကစားသမားဘဝကို မစတင်ခင် ဒါဘီကောင်တီအသင်းမှာ အငှားကစားသမားအဖြစ် သွားရောက်ကစားခဲ့ပြီး အဲ့ဒီတုန်းကတည်းက မောင့်ဟာ သူရဲ့ဆရာသမားဖြစ်တဲ့ လမ်းပတ်နဲ့ စတင်လက်တွဲခဲ့တာဖြစ်ပါတယ်။ လမ်းပတ်ကို ချယ်လ်ဆီးအသင်းဘက်ကနေ နည်းပြအဖြစ်နဲ့ တာဝန်ပေးလိုက်ချိန်မှာလည်း လမ်းပတ်က သူရဲ့အသင်းအတွက် တပည့်ကျော်မောင့်ကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ကာ နေရာပေးခဲ့သလို ဟားဗက်ဇ် ဇီယက်ရှ်တို့လို ကွင်းလယ်ကစားသမားသစ်တွေကို ခေါ်ယူထားခဲ့တဲ့ ဒီရာသီမှာပါ Form အနည်းငယ်အောက်နေတဲ့ မောင့်ကို နေရာဆက်ပေးနေသေးတာကြောင့်မို့ ချယ်လ်ဆီးပရိသတ်ကိုယ်တိုင်ပါ စိတ်ပျက်ခဲ့ရပါတယ်။

Photo Credit : Futaa

လမ်းပတ်က မောင့်ကို ပြီးခဲ့တဲ့ရာသီတုန်းက အသုံးပြုခဲ့တဲ့ နေရာကနေ တိုက်စစ်ဘယ်ခြမ်းမှာ ပြောင်းလဲအသုံးပြုခဲ့တာကြောင့် ဘယ်တောင်ပံကစားသမား ပူလီဆစ်က ညာခြမ်းမှာ ပြောင်းလဲကစားခဲ့ရပြီး ခြေစွမ်းပြဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။ အဲ့ဒီအချိန်ကနေစတင်ပြီး မေဆန်မောင့်ကို လမ်းပတ်အငယ်အနှောင်းရဲ့သားဆိုကာ ခိုင်းနှိုင်းသုံးစွဲလာခြင်းတွေကို မောင့်က “ကျွန်တော်ဘယ်လိုမှ မခံစားရဘူး။ ကျွန်တော်က ကျွန်တော်ရဲ့အသင်းအတွက် အကောင်းဆုံးတွေကိုပဲ လုပ်ဆောင်ပေးချင်တဲ့ ကစားသမားတစ်ယောက်။ အသင်းအတွက်အမြဲကြိုးစားအားထုတ်ပေးနေသူတဲ့ သူပါ။ ပရိသတ်တွေက ဒါကို တစ်မျိုးတစ်ဖုံ ထင်နေတာဖြစ်ပါလိမ့်မယ်။ ကျွန်တော်သေချာတော့ မသိပါဘူး။ သင်အနေနဲ့ သူတို့တွေရဲ့ မှတ်ချက်စကားတွေ မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ဆိုရှယ်မီဒီယာတွေကို အရမ်းသုံးစွဲလွန်းသူမဟုတ်ဘူး။ လက်ရှိမှာ ဘောလုံးနယ်ပယ်က ပိုမိုပြီး ကျယ်ပြန့်နေပြီဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော် ဒီလိုမှတ်ချက်စကားတွေအပေါ် သိပ်ဂရုစိုက်နေလေ့ မရှိပါဘူး။ ဒါတွေက ကျွန်တော့်အတွက်လည်း စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ဘူး။ ကျွန်တော်ကတော့ ဘောလုံးအားကစားအပေါ်မှာ အဓိကအာရုံစိုက်ထားပါတယ်” လို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။