ဘောလုံးသမားတွေရဲ့စွမ်းဆောင်ရည်အချက်အလက်တွေ အပြောင်းအရွှေ့အချက်အလက်တွေ စုဆောင်းဖော်ပြလျက်ရှိနေတဲ့ ကမ္ဘာကျော်ဘောလုံးအချက်အလက်ဆိုင်ရာ ဝက်ဆိုဒ်ကြီးတစ်ခုဖြစ်သော Transfermarket.com ကနေ စီစဉ်ဖော်ပြလာချက်အရ လက်ရှိ ဘောလုံးဇာတ်ခုံပေါ်မှာ ကျင်လည်လို့နေတဲ့ တောင်ပံကစားသမားများအနက် တန်ကြေးအမြင့်မားဆုံး ညာတောင်ပံကစားသမားစာရင်းကို ဖော်ပြလာခဲ့ရာ လီဗာပူးလ်အသင်းရဲ့ အီဂျစ်လက်ရွေးစင် ညာတောင်ပံတိုက်စစ်ကစားသမား မိုဟာမက်ဆာလာက ထိပ်ဆုံးနေရာမှာ ရပ်တည်နေနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၇နှစ်အရွှယ်ရှိ အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ လက်ရှိဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး၁၈ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ အသင်းကို အနှစ်၃၀ကျေုာ်ကြာ ကွာဝေးလို့နေတဲ့ အမှတ်ပေးလိဂ်ချန်ပီယံဆုကို ပြန်လည်ပိုင်ဆိုင်နိုင်ရဖို့အတွက် စွမ်းဆောင်ပေးနေသူဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်က ရိုးမားကနေ လီဗာပူးလ်ကို ရောက်ရှိလာပြီးကတည်းက လီဗာပူးလ်အတွက် အကောင်းဆုံးတွေ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဆာလာဟာ လက်ရှိ ကမ္ဘာပေါ်ရှိ ညာတောင်ပံကစားသမားတွေအနက် လက်ရှိတန်ကြေး ယူရိုသန်း၁၅၀နဲ့ တန်ကြေးအမြင့်မားဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit : Getty Images

ဒုတိယနေရာမှာရှိနေသူကတော့ ဘာစီလိုနာအသင်းရဲ့အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ်မက်ဆီဖြစ်ပြီး လက်ရှိတန်ကြေး ယူရိုသန်း၁၄၀နဲ့ ရပ်တည်နေတာဖြစ်ကာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမားလေး ဂျေဒန်ဆန်ချိုကတော့ တန်ကြေးယူရိုသန်း၁၂၀နဲ့ တတိယနေရာမှာ ရှိလို့နေပါတယ်။ နံပါတ်၄နဲ့ ၅နေရာမှာတော့ မန်စီးတီးအသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် ကစားသမား ဘာနာဒိုဆေးဗားနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီတောင်ပံကစား နာဘရီတို့က အသီးသီးရှိလို့နေပါတယ်။ ဆက်လက်ပြီး ကမ္ဘာပေါ်က ညာတောင်ပံကစားသမားတွေထဲဲကမှ တန်ဖိုးအမြင့်ဆုံးသော ကစားသမား(၁၀)ယောက်ကို ဖော်ပြလိုက်ပါတယ်။
(၁) ဆာလာ (လီဗာပူးလ်) တန်ကြေး=ယူရိုသန်း၁၅၀
(၂) မက်ဆီ (ဘာစီလိုနာ) တန်ကြေး=ယူရိုသန်း၁၄၀
(၃)ဆန်ချို (ဒေါ့မွန်) တန်ကြေး=ယူရိုသန်း၁၂၀
(၄) ဘာနာဒိုဆေးဗား (မန်စီးတီး) တန်ကြေး=ယူရိုသန်း၁၀၀
(၅) နာဘရီ (ဘိုင်ယန်) တန်ကြေး=ယူရိုသန်း၈၀
(၆) ပေပေ (အာဆင်နယ်) တန်ကြေး=ယူရို၆၅သန်း
(၇) ပူလီဆစ် (ချယ်လ်ဆီး) တန်ကြေး=ယူရိုသန်း၆၀
(၈) ချီယေဇာ (ဖီအိုရင်တီးနား) တန်ကြေး=ယူရိုသန်း၆၀
(၉) မာရက်ဇ် (မန်စီးတီး) တန်ကြေး=ယူရိုသန်း၆၀
(၁၀) ဇာဟာ (ခရစ္စတယ်ပဲလေ့စ်) တန်ကြေး=ယူရို၅၅သန်း