ဘောလုံးသမားတွေရဲ့စွမ်းဆောင်ရည်အချက်အလက်တွေ အပြောင်းအရွှေ့အချက်အလက်တွေ စုဆောင်းဖော်ပြလျက်ရှိနေတဲ့ ကမ္ဘာကျော်ဘောလုံးအချက်အလက်ဆိုင်ရာ ဝက်ဆိုဒ်ကြီးတစ်ခုဖြစ်တဲဲ့ Transfermarket.com ကနေ စီစဉ်ဖော်ပြလာချက်အရ အသက်၃၅ အပါအဝင် အသက်၃၅နှစ်အထက် ဝါရင့်ဘောလုံးသမားကြီးတွေထဲကမှ တန်ဖိုးအမြင့်မာဆုံး ဘောလုံးသမား(၁၀)ယောက်ကို ရွေးချယ်သတ်မှတ်ခဲ့ရာ ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက ထိပ်ဆုံးနေရာမှာ တန်ကြေးအပြတ်အသတ်နဲ့ကို ဦးဆောင်နေလျက်ရှိပါတယ်။

Photo Credit : Getty Images

မနေ့က ဖေဖော်ဝါရီလ ၅ရက်နေ့မှာပဲ အသက်၃၅နှစ်ပြည့်မြောက်သွားခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရှိသူရဲ့ခြေစွမ်းကောင်းတွေကြောင့် သူရဲ့တန်ကြေးက ယူရို၇၅သန်းအထိ ရောက်ရှိနေတာကြောင့် အသက်၃၅နှစ်နောက်ပိုင်း ကစားသမားတွေထဲမှာ တန်ဖိုးအမြင့်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရှိလို့နေတဲ့ ပီအက်စ်ဂျီအသင်းခေါင်းဆောင် ဘရာဇီးနောက်ခံကစားသမား သီယာဂိုဆေးဗားက ရပ်တည်နေပြီး သူရဲ့လက်ရှိတန်ကြေးကတော့ ယူရို၆သန်းဝန်းကျင်ရှိနေတာဖြစ်လို့ ထိပ်ဆုံးနေရာက ရော်နယ်ဒိုနဲ့ ကွာဟချက်က ကြီးမားလျက်ရှိနေပါတယ်။

Photo Credit : Getty Images

ပြီးခဲ့တဲ့လပိုင်းကမှ အသင်းဟောင်း အေစီမီလန်အသင်းနဲ့ ပြန်လည်ပူးပေါင်းဖြစ်ခဲ့တဲ့ ဝါရင့် ဆွီဒင်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမိုဗစ်ဟာ ရော်နယ်ဒိုလိုပဲ အသက်အရွှယ် ကြီးရင့်နေပေမယ့် သူရဲ့တိုက်စစ်စွမ်းဆောင်ရည် ကျဆင်းနေခြင်း မရှိသေးဘူးဆိုပေမယ့်လို့ ဒီစာရင်းမှာတော့ မိုဗစ်က နံပါတ်၈နေရာမှာသာ ရပ်တည်နေခဲ့ရပြီး သူရဲ့တန်ကြေးက ယူရို၃.၅သန်းသာ ရှိနေခဲ့ရပါတယ်။ ဒီစာရင်းထဲမှာ ရော်နယ်ဒိုရဲ့ ဂျုဗင်တပ်စ်အသင်းဖော် ဝါရင့်အီတလီနောက်ခံလူကြီး ချီလီနီလည်း ပါဝင်လျက်ရှိနေပြီး တန်ကြေး ယူရို၅သန်းနဲ့ စတုတ္ထနေရာမှာပဲ ရှိလို့နေပါတယ်။ ဆက်လက်ပြီး အသက်၃၅နှစ်နဲ့အထက် ကစားသမားတွေထဲကမှ တန်ဖိုးအမြင့်မားဆုံး ကစားသမားစာရင်းကို ဖော်ပြလိုက်ပါတယ်။
၁။ ရော်နယ်ဒို (၃၅နှစ်) တန်ကြေး=ယူရို၇၅သန်း
၂။ သီယာဂိုဆေးဗား (၃၅နှစ်) တန်ကြေး=ယူရို၆သန်း
၃။ ဟန်ဒါနိုဗစ် (၃၅နှစ်) တန်ကြေး=ယူရို၆သန်း
၄။ ချီလီနီ (၃၅နှစ်) တန်ကြေး=ယူရို၅သန်း
၅။ ကာဇိုလာ (၃၅နှစ်) တန်ကြေး=ယူရို၄သန်း
၆။ အင်နီယေစတာ (၃၅နှစ်) တန်ကြေး=ယူရို၄သန်း
၇။ ရစ်ဘာရီ (၃၆နှစ်) တန်ကြေး=ယူရို၄သန်း
၈။ အီဗရာဟီမိုဗစ် (၃၈နှစ်) တန်ကြေး=ယူရို၃.၅သန်း
၉။ ဟွမ်ဖရန် (၃၅နှစ်) တန်ကြေး=ယူရို၂.၅သန်း
၁၀။ မာဆယ်လင်ညို (၃၅နှစ်) တန်ကြေး=ယူရို၂.၅သန်း