အင်္ဂလန် ဘောလုံးလောက သမိုင်းတစ်လျှောက်မှာတော့ အကောင်းဆုံး ဘောလုံး အသင်းက မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး စတဲ့ နှစ်သင်းထဲက တစ်သင်းဖြစ်တယ်ဆိုတာ ငြင်းစရာမလိုအောင်ကို အသေအချာပါပဲ။ လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် ပြီးရင် ဘယ်အသင်းတွေ ကများ နောက်က လိုက်နေတယ်လို့ ထင်ပါသလဲ? လီဗာပူး နည်းပြ ဂျာဂျန် ကလော့ပ် စီမံ ခန့်ခွဲနေတဲ့ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အဆိုပါ ပရီးမီးယားလိဂ် ဖလားဟာ လီဗာပူး အတွက်တော့ နှစ် ၃၀ ကြာပြီးနောက်မှ ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ဖလား ဖြစ်ပါတယ်။ အဲ့ဒီအခြေအနေ တွေက ကြိုးကြာနီ ‌‌တွေအတွက် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်း ကို ကျော်တက်ပြီးတော့ အင်္ဂလန် အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်း ဖြစ်လာစေခဲ့ပါတယ်။

Photo Credit: Metro

လီဗာပူး အသင်းအနေနဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကတော့ လက်ရှိအချိန်ထိ ဖလား အများဆုံး ဖြစ်နေပါသေးတယ်။ လီဗာပူး အသင်းက ဖလား အရေအတွက် ၁၉ လုံးရယူထားနိုင်ပြီး မန်ချက်စတာယူနိုက်တက် ကတော့ ၁ လုံးပိုယူထားနိုင်ကာ ဖလား အလုံး ၂၀ နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်း နှစ်သင်းရဲ့ လက်ရှိခြေစွမ်းတွေ အရ လီဗာပူးက ပိုသာနေတာကြောင့် ဖလား အရေအတွက်မှာလည်း မကြာခင် ကျော်တက်သွားနိုင်ချေ ရှိပါတယ်။ လီဗာပူး အနေနဲ့ မန်ယူထက် ပိုပြီး ရှေ့ရောက်နေရတဲ့ အကြောင်းအရင်း နောက်တစ်ချက်ကတော့ အသင်းရဲ့ သက်တမ်းပဲ ဖြစ်ပါတယ်။ FootballIn T80s ကနေ ပြီးတော့ အင်္ဂလန်သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းကို အခုလိုပဲ သတ်မှတ် ထားပါတယ်။ လိဂ်စတင်တဲ့ အချိန်က စတင်ပြီး တစ်ရာသီမှာ ထိပ်သီး ၄ သင်းထဲ ဝင်ရင် ၂ မှတ် နဲ့ ဖလား တစ်လုံး ရယူနိုင်ရင် ၅ မှတ် ဆိုပြီး သတ်မှတ်ထားတဲ့ အချက်အလက်အရ ထိပ်သီး ၅ သင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Photo Credit: Metro

နံပါတ် ( ၅ ) အက်စတွန်ဗီလာ၊ အက်စတွန်ဗီလာ အသင်းဟာ ရာသီပေါင်း ၁၀၇ ရာသီမှာ ထိပ်သီး ၄ သင်းထဲကို ပါဝင် ကစားနိုင်ခဲ့ပြီးတော့ ဖလား ၇ ကြိမ် ရရှိထားတာကြောင့် ၂၄၉ မှတ် ရရှိကာ အဆင့် ၅ နေရာမှာ ရပ်တည် ထားနိုင်ပါတယ်။
နံပါတ် ( ၄ ) အာဆင်နယ်၊ အာဆင်နယ် အသင်းကတော့ ထိပ်သီး ၄ သင်းထဲမှာ ၁၀၄ ရာသီ အထိ ပါဝင်နိုင်ခဲ့ကာ ဖလား ၁၃ ကြိမ် ရယူနိုင်ခဲ့တာ ကြောင့် ၂၇၃ မှတ် ရရှိပြီး အဆင့် ၄ နေရာမှာ ရောက်‌ရှိ နေခဲ့ပါတယ်။
နံပါတ် ( ၃ ) အဲဗာတန်၊ အဲဗာတန် အသင်းဟာဆိုရင်ဖြင့် ၁၁၈ ရာသီ အထိ ထိပ်သီး ၄ သင်းထဲမှာ ပါဝင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးတော့ ဖလား ၉ ကြိမ် ရရှိထားကာ ရမှတ်အားဖြင့်တော့ ၂၈၁ မှတ် ရရှိ ထားပါတယ်။

Photo Credit: Metro

နံပါတ် ( ၂ ) မန်ချက်စတာ ယူနိုက်တက်၊ အထက်မှာ ပြောခဲ့သလိုပဲ မန်ယူနိုက်တက် ကတော့ ပြိုင်ဘက် လီဗာပူး ရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရပါတယ်။ မန်ယူ အသင်းဟာ ၉၆ ရာသီမှာ ထိပ်သီး ၄ သင်းထဲကို ပါဝင်ထားနိုင်ကာ ဖလား အကြိမ် ၂၀ ရရှိထားတာကြောင့် ရမှတ် ၂၉၂ မှတ် ရရှိခဲ့ပါတယ်။
နံပါတ် ( ၁ ) လီဗာပူး၊ နံပါတ် ၁ နေရာကိုတော့ ကြိုးကြာနီတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၁၀၆ ရာသီမှာ ထိပ်သီး ၄ သင်းထဲကို ပါဝင်အောင် ကစားနိုင်ခဲ့ကာ ဖလား အရေအတွက် အားဖြင့်တော့ ၁၉ ကြိမ် ရရှိထားတာကြောင့် ၃၀၇ မှတ် နဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။