လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်နောက်ပိုင်းကနေ စတင်ပြီး ကောက်ယူရရှိလို့ထားတဲ့ စစ်တမ်းတွေအရ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ဘောလုံးကလပ်အသင်းတွေထဲကမှ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီဟာ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့အပြင် ဒီကစားသမားလေးတွေကို တခြားအသင်းတွေဆီ ပြန်လည်ရောင်းချရာမှာလည်း ပြောင်းရွှေ့ကြေး ပေါင်(၁၇၅)သန်းထိ ရရှိခဲ့တာကြောင့် ကျန်ပရီးမီးယားလိဂ် အသင်းတွေထက် အကယ်ဒမီထွက် ကစားသမားတွေကနေ အကျိုးအမြတ် ရယူမှု အများဆုံး အသင်းအဖြစ်ပါ သတ်မှတ်ခံလိုက်ရပါတယ်။

The pair both made moves to Italy last summer

Photo Credit : The Sun

ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ မေဆန်မောင့် ရီးစ်ဂျိမ်းစ် ခရစ္စတန်ဆန်နဲ့ အိုဒွိုင်းတို့က လက်ရှိချယ်လ်ဆီးအသင်းမှာ ပါဝင်ကစားလျက်ရှိနေပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေ ဖြစ်နေကြသလို သူတို့လိုပဲ ချယ်လ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အေဘရာဟမ် တိုမော်ရီ နေသန်အကီ ဂေဟီ ဘရိုဟာတို့လို လူငယ်ကစားသမားတွေကို အသင်းကနေ ရောင်းထုတ်ခဲ့ရမှာလည်း စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင်(၁၇၅)သန်းလောက်ထိကို ရရှိခဲ့ပါသေးတယ်။ ဒီကစားသမားတွေ အားလုံးထဲကမှ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်း ရိုးမားကို ပြောင်းရွှေ့သွားတဲ့ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်က ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားတွေထဲမှာ အသင်းအတွက် ပြောင်းရွှေ့ကြေး အများဆုံး ရှာဖွေပေးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ရပါတယ်။

How Benfica established themselves as major production line for European  stars - BBC Sport

Photo Credit : BBC

ကမ္ဘာ့ဘောလုံးနယ်ပယ်ထဲမှာဆိုရင်တော့ ၂၀၁၅ခုနှစ်နောက်ပိုင်း အကျိုးအမြတ် အများဆုံးရရှိတဲ့ နံပါတ်တစ် ဘောလူံးအကယ်ဒမီအဖြစ် ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာအသင်းရဲ့ လူငယ်အကယ်ဒမီက ရွေးချယ်သတ်မှတ်ခံလိုက်ရပါတယ်။ ဘင်ဖီကာအသင်းဟာ ပေါ်တူဂီ တိုက်စစ်မှူးလေး ဂျာအိုဖီးလစ် အပါအဝင် အကယ်ဒမီထွက် လူငယ်ကစားသမားတွေကို ရောင်းချမှုကနေ ပေါင်(၃၁၆)သန်းအထိ ပြန်လည်ရရှိခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ စပိန်လာလီဂါရဲ့ ထိပ်တန်းအသင်းကြီး ရီးယဲလ်မက်ဒရစ်က ပေါင်(၂၇၅)သန်းနဲ့ ရပ်တည်နေသလို ကီလီယန်အမ်ဘာပေလို ကမ္ဘာကျော် ကစားသမားမျိုးကို မွေးထုတ်ထားနိုင်ခဲ့တဲ့ မိုနာကိုအသင်းဟာလည်း ပေါင်(၂၃၇)သန်းနဲ့ တတိယနေရာမှာ ရှိလို့နေပါတယ်။ အေဂျက်စ် လိုင်ယွန် လေဗာကူဆင် အတ္တလန်တာအသင်းတွေဟာ စတုတ္ထနေရာကနေ သတ္တမနေရာအထိ အစဉ်လိုက် ရပ်တည်နေသလို ချယ်လ်ဆီးအသင်းကတော့ အဆင့်(၈)နေရာမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ဘက်မှာတော့ ချယ်လ်ဆီးပြီးရင် လီဗာပူးလ်အသင်းရဲ့ လူငယ်အကယ်ဒမီက အကျိုးအမြတ် ဒုတိယ အများဆုံးရရှိတဲ့ ဘောလုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး အကယ်ဒမီက ကစားသမား ရောင်းချမှုကနေ ပေါင်(၁၄၂)သန်းထိကို ရရှိခဲ့ပါတယ်။