




ယခုနှစ် ဘောလုံးရာသီမှာ နည်းပြသစ် လမ်းပတ်ရဲ့ ယုံကြည်မှုတွေကို မရရှိထားတဲ့ ချယ်လ်ဆီးအသင်းရဲ့ ညာတောင်ပံ ကစားသမား မော့ဆက်စ်ကတော့ သူ့ကို ယုံကြည်မှုတွေပေးခဲ့တဲ့ ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီရှိရာ စီးရီးအေကလပ် အင်တာမီလန်ထံကို ပြောင်းရွှေ့တော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Victor Moses.com

မော့ဆက်စ်ဟာ ကွန်တီရဲ့ လက်အောက်မှာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလားတို့ကို ရရှိခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အင်တာမီလန်အသင်းထံကို ကနဦးအငှားနဲ့အတူ ရာသီကုန်မှာ ပေါင်၈.၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် စာချုပ်နဲ့အတူ ရောက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Victor Moses.com

မော့ဆက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ် ကာ အင်တာမီလန်ရဲ့ အားကစားဒါရိုက်တာ အူဆီလီယိုက ” ကျွန်တော်တို့က မော့ဆက်စ်ကို ခေါ်ယူဖို့ အင်တာမီလန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ကသာ တိုက်စစ်မှူးတစ်ဦးကို ရောင်းချဖြစ်ခဲ့ရင် ဂျရူးကိုပါ အသင်းထံ ခေါ်ယူဖို့ပေါ့ ” လို့ ပြောဆိုထားခဲ့ပါတယ်။