MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ လာမယ့်အောက်တိုဘာ (၂၄)ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားရမယ့် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အိမ်ကွင်းအန်ဖီးလ်ကွင်းအတွင်းကို ပရိသတ်ပေါင်း (၁၂၅၀၀)လောက်အထိကို ဝင်ခွင့်ပြုသွားဖို့ အစီအစဉ်ရှိနေတယ်လို့ သိရှိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဟောင်းဖြစ်တဲ့ ကယ်ဒါရွန်က ပြီးခဲ့တဲ့နှစ် နွေစျေးကွက်အတွင်းက အသင်းရဲ့တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းကနေ ယူရိုသန်းတစ်သန်းရာနဲ့ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ပေမယ့်လည်း ဒီအပြောင်းအရွှေ့ကို ရီးရဲလ်ဘက်ကနေ တားဆီးပိတ်ပင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား သောမတ်စ်လီမာကို ပေါ်တူဂီထိပ်သီးကလပ် ပေါ်တိုအသင်းကနေ ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ပယ်ချသွားခဲ့ပြီး ဒီနွေစျေးကွက်အတွင်းမှာ အသက်လက်တီကိုကနေ ထွက်ခွာဖွယ်ရှိနေတဲ့ လီမာကိုတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အဲဗာတန်နဲ့ ဝုလ်ဗ်တို့ကလည်း စိတ်ဝင်စားလို့နေပါတယ်။

စပါးအသင်းရဲ့နည်းပြဟောင်းဖြစ်သူ မာရီစီယိုပိုချက်တီနိုက သူ့အနေနဲ့ သူကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ကျင်လည်ခဲ့ဖူးတဲ့ အက်စပန်ညိုအသင်းရဲ့ ကတ်တလန်ဒါဘီအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းမှာ ဘယ်သောအခါမှ နည်းပြအဖြစ်နဲ့ ဆောင်ရွှက်မှာမဟုတ်ဘူးလို့ ပြောဆိုမိခဲ့တဲ့အပေါ်မှာ နောင်တတရမိခဲ့တယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့ရတဲ့ UEFA Nations League ပွဲစဉ်အတွင်းမှာ ဖင်လန်အသင်းကို အဝေးကွင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့တဲ့ ဝေးလ်စ်လက်ရွေးစင်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ (၇)ပွဲဆက်တိုက် ရှံးပွဲမရှိထားခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက်တိုက်ကိုလည်း Clean Sheets တွေနဲ့ အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။